Pika (NP News) - မတ် ၂၅
ယီမင်နိုင်ငံကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို အစ္စရေးတပ်ဖွဲ့တွေက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံ Tel Aviv မြို့အနီးမှာရှိတဲ့ Ben Gurion လေဆိပ်ဆီကို ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ ဟားမနါလက်နက်ကိုင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတဲ့ အီရန်နိုင်ငံကို အပြစ်ပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့က ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်လိုက်မှုနဲ့အတူ အစ္စရေးနိုင်ငံ နေရာအများအပြားမှာ လေကြောင်းသတိပေးချက်ဥဩသံတွေထွက်ပေါ်လာခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်က ယီမင်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို ပစ်မှတ်ထားတာတွေအပါအဝင် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့လည်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အမေရိကန်လေယာဉ်တင်သင်္ဘော Trumanကို ပဲ့ထိန်းဒုံးကျည်တွေ၊ခရုဇ်ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Saree ကပြောကြားခဲ့ပါတယ်။
zawgyi version
ယီမင္ကေန ပစ္လႊတ္လိုက္တဲ့ ပဲ့ထိန္းဒုံးက်ည္ကို အစၥေရးတပ္ဖြဲ႕ ၾကားျဖတ္ဟန႔္တား
Pika (NP News) - မတ္ ၂၅
ယီမင္ႏိုင္ငံကေန ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္တစ္စင္းကို အစၥေရးတပ္ဖြဲ႕ေတြက ၾကားျဖတ္ဟန႔္တားခဲ့တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးႏိုင္ငံ Tel Aviv ၿမိဳ႕အနီးမွာရွိတဲ့ Ben Gurion ေလဆိပ္ဆီကို ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္း ပစ္လႊတ္ခဲ့တယ္လို႔ ဟားမနါလက္နက္ကိုင္အဖြဲ႕ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ကို ေထာက္ပံ့မႈေတြ လုပ္ေဆာင္ေပးေနတဲ့ အီရန္ႏိုင္ငံကို အျပစ္ေပးမႈေတြ လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ ဟူသီလက္နက္ကိုင္အဖြဲ႕က ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္း ပစ္လႊတ္လိုက္မႈနဲ႔အတူ အစၥေရးႏိုင္ငံ ေနရာအမ်ားအျပားမွာ ေလေၾကာင္းသတိေပးခ်က္ဥဩသံေတြထြက္ေပၚလာခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္က ယီမင္ႏိုင္ငံအေပၚ တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အစၥေရးကို ပစ္မွတ္ထားတာေတြအပါအဝင္ တိုက္ခိုက္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္သြားမယ္လို႔လည္း ဟူသီလက္နက္ကိုင္အဖြဲ႕က ကတိျပဳေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အေမရိကန္ေလယာဥ္တင္သေဘၤာ Trumanကို ပဲ့ထိန္းဒုံးက်ည္ေတြ၊ခ႐ုဇ္ဒုံးက်ည္ေတြ၊ဒ႐ုန္းေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္ခဲ့တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ Yahya Saree ကေျပာၾကားခဲ့ပါတယ္။
Related news
© 2021. All rights reserved.