ယူကရိန်းက ငြိမ်းချမ်းရေးကိုမလိုလားဘူးလို့ ရုရှားအစိုးရပြော

 444

Pika (NP News) - မတ် ၂၅

ယူကရိန်းရဲ့ ရုရှားအရပ်ဘက်အခြေခံအဆောက်အအုံအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမှုက ယူကရိန်းက ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတာမျိုးမရှိဘူးဆိုတာကို သက်သေပြနေတာမျိုးဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာကပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားသမ္မတပူတင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ဟာ ဖုန်းခေါ်ဆိုမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။အဲ့ဒီဖုန်းခေါ်ဆိုမှုအပြီး ရုရှားနဲ့ယူကရိန်းတို့ဟာ တစ်စိတ်တစ်ပိုင်း အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပြီး စွမ်းအင်အခြေခံအဆောက်အအုံဆိုင်ရာ တိုက်ခိုက်မှုတွေကို ရက်ပေါင်း(၃၀)ကြာ ရပ်တန့်ဖို့ ကတိပြုခဲ့ကြတယ်လို့သိရပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းလိုမျိုး ရုရှားစွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် ယူကရိန်းဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး စွမ်းအင်အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ရုရှားဘက်ကလည်း အလားတူတိုက်ခိုက်မှုတွေကို ပြန်လည်လုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့ပါတယ်။

zawgyi version
ယူကရိန္းက ၿငိမ္းခ်မ္းေရးကိုမလိုလားဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - မတ္ ၂၅

ယူကရိန္းရဲ႕ ႐ုရွားအရပ္ဘက္အေျခခံအေဆာက္အအုံအေပၚ တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနမႈက ယူကရိန္းက ၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုလားတာမ်ိဳးမရွိဘူးဆိုတာကို သက္ေသျပေနတာမ်ိဳးျဖစ္တယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာကေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ႐ုရွားသမၼတပူတင္နဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္တို႔ဟာ ဖုန္းေခၚဆိုမႈတစ္ခုကို လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။အဲ့ဒီဖုန္းေခၚဆိုမႈအၿပီး ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ တစ္စိတ္တစ္ပိုင္း အပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့ၾကၿပီး စြမ္းအင္အေျခခံအေဆာက္အအုံဆိုင္ရာ တိုက္ခိုက္မႈေတြကို ရက္ေပါင္း(၃၀)ၾကာ ရပ္တန႔္ဖို႔ ကတိျပဳခဲ့ၾကတယ္လို႔သိရပါတယ္။ ဒါေပမဲ့လည္း ယူကရိန္းဟာ ေရနံနဲ႔သဘာဝဓာတ္ေငြ႕ပိုက္လိုင္းလိုမ်ိဳး ႐ုရွားစြမ္းအင္အေျခခံအေဆာက္အအုံေတြကို တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒါ့ျပင္ ယူကရိန္းဟာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ၿပီး စြမ္းအင္အေျခခံအေဆာက္အအုံေတြအေပၚ တိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ ႐ုရွားဘက္ကလည္း အလားတူတိုက္ခိုက္မႈေတြကို ျပန္လည္လုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.