တောင်ခမ်းအောင်ပွဲအပြီးတွင် နောင်ချိုက ရွှေဧရာတိမ်ပင်လယ်အထိ တပ်မတော်စစ်ကြောင်းများ ပြန်လည်ရရှိ

 4384

သုတကျော် (NP News) - မတ် ၂၅

တောင်ခမ်းတွင် တိုက်ပွဲဖော်လာသူ TNLA ပူးပေါင်းအဖွဲ့ကို အောင်မြင်ပြီးနောက် နောင်ချိုမြို့နယ်က ရွှေဧရာတိမ်ပင်လယ်အထိ တပ်မတော် စစ်ကြောင်းများက ပြန်လည်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

တောင်ခမ်းတွင် တပ်မတော်က အသာစီးရယူနိုင်ခဲ့ပြီးနောက် နောင်ချိုမြို့နယ်သို့ တန်ပြန် ထိုးစစ်ဆင်နေရာ ယင်းစစ်မျက်နှာတွင် TNLA ပူးပေါင်းအဖွဲ့က ခံစစ်ဖြင့် ပြန်လည် ခုခံနေရသော အခြေအရောက်နေခြင်း ဖြစ်သည်။

TNLA တို့၏ ခံစစ် စခန်းကုန်းများကိုလည်း တပ်မတော် က အလျင်အမြန် သိမ်းပိုက်နိုင်နေသကဲ့သို့ ယခု အခါ တိမ်ပင်လယ်အထိ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အနေအထားကို ရောက်သွားပြီဖြစ်သောကြောင့် တပ်မတော်စစ်ကြောင်းများ အနေဖြင့် နောင်ချိုမြို့နယ်ကို ပြန်လည် သိမ်းပိုက်ရန် နီးကပ်သွားပြီဖြစ်ကြောင်းလည်း သိရသည်။

zawgyi version

သုတကျော် (NP News) - မတ် ၂၅





လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ်ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)

Related news

© 2021. All rights reserved.