တောင်ကိုရီးယားမှာ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက် (၁၈)ဦးထိ မြင့်တက်လာ

231

Pika (NP News) - မတ် ၂၆
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းဒေသတစ်ဝှမ်း တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက် ဟာ (၁၈)ဦးအထိ ရှိလာပြီဖြစ်တယ်လို့ အစိုးရရဲ့ဒေတာအချက်အလက်တွေကို ကိုးကားပြီး Yonhap သတင်း အေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
မတ်လ(၂၅)ရက်က တောင်ကိုရီးယားအရှေ့တောင်ပိုင်းဒေသမှာ တောမီးပျံ့နှံ့သွားခဲ့ပြီး အာဏာပိုင်တွေဟာ ထောင်နဲ့ချီတဲ့အကျဉ်းသားတွေကို လွှဲပြောင်းပေးမှုတွေ လုပ်ဆောင်ခဲ့ရပြီး ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။ လေပြင်းတိုက်ခတ်မှုနဲ့အတူ ခြောက်သွေ့တဲ့ရာသီဥတုကြောင့် ပိုမိုဆိုးရွားနေ တဲ့မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မီးငြိမ်းသတ်တဲ့ရဟတ်ယာဉ်တွေနဲ့ မီးသတ်သမားတွေကို ဖြန့်ကျက် ချထားမယ်လို့ တောင်ကိုရီးယားယာယီသမ္မတ Han Duck-soo က ပြောကြားခဲ့ပါတယ်။
သေဆုံးသူအချို့ဟာ မီးလောင်ကျွမ်းမှုကနေ လွတ်မြောက်ဖို့ကြိုးပမ်းချိန်အတွင်း ၎င်းတို့ရဲ့ယာဉ်တိမ်းမှောက်သွားမှု ကြောင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ Yonhap က ရေးသားဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ဖြစ်ပွား ခဲ့တဲ့တောမီးလောင်ကျွမ်းမှုကို လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်တာမျိုးမရှိသေးဘဲ ရှေးဟောင်းဘုရားကျောင်းတွေနဲ့ နေအိမ်တွေ ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တောင်ကိုရီးယားအစိုးရဟာ မီးဘေးသင့်ဒေသတွေ ကို အထူးဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ေသဆုံးသူအေရအတြက္ (၁၈)ဦးထိ ျမင့္တက္လာ
Pika (NP News) - မတ္ ၂၆
ေတာင္ကိုရီးယားႏိုင္ငံ အေရွ႕ေတာင္ပိုင္းေဒသတစ္ဝွမ္း ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ေသဆုံးသူအေရအတြက္ ဟာ (၁၈)ဦးအထိ ရွိလာၿပီျဖစ္တယ္လို႔ အစိုးရရဲ႕ေဒတာအခ်က္အလက္ေတြကို ကိုးကားၿပီး Yonhap သတင္း ေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
မတ္လ(၂၅)ရက္က ေတာင္ကိုရီးယားအေရွ႕ေတာင္ပိုင္းေဒသမွာ ေတာမီးပ်ံ႕ႏွံ႔သြားခဲ့ၿပီး အာဏာပိုင္ေတြဟာ ေထာင္နဲ႔ခ်ီတဲ့အက်ဥ္းသားေတြကို လႊဲေျပာင္းေပးမႈေတြ လုပ္ေဆာင္ခဲ့ရၿပီး ေဒသခံေတြဟာ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရတယ္လို႔ သိရပါတယ္။ ေလျပင္းတိုက္ခတ္မႈနဲ႔အတူ ေျခာက္ေသြ႕တဲ့ရာသီဥတုေၾကာင့္ ပိုမိုဆိုး႐ြားေန တဲ့မီးေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ မီးၿငိမ္းသတ္တဲ့ရဟတ္ယာဥ္ေတြနဲ႔ မီးသတ္သမားေတြကို ျဖန႔္က်က္ ခ်ထားမယ္လို႔ ေတာင္ကိုရီးယားယာယီသမၼတ Han Duck-soo က ေျပာၾကားခဲ့ပါတယ္။
ေသဆုံးသူအခ်ိဳ႕ဟာ မီးေလာင္ကြၽမ္းမႈကေန လြတ္ေျမာက္ဖို႔ႀကိဳးပမ္းခ်ိန္အတြင္း ၎တို႔ရဲ႕ယာဥ္တိမ္းေမွာက္သြားမႈ ေၾကာင့္ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ Yonhap က ေရးသားေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက စတင္ျဖစ္ပြား ခဲ့တဲ့ေတာမီးေလာင္ကြၽမ္းမႈကို လက္ရွိအခ်ိန္အထိ ထိန္းခ်ဳပ္ႏိုင္တာမ်ိဳးမရွိေသးဘဲ ေရွးေဟာင္းဘုရားေက်ာင္းေတြနဲ႔ ေနအိမ္ေတြ ပ်က္စီးသြားခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေတာင္ကိုရီးယားအစိုးရဟာ မီးေဘးသင့္ေဒသေတြ ကို အထူးေဘးအႏၲရာယ္ဇုန္အျဖစ္ သတ္မွတ္ခဲ့တယ္လို႔လည္း သိရပါတယ္။