အမေရိကန်-ထိုင်း ဆက်ဆံရေးအပေါ် ဂယက်ရိုက်လာသော “ ဝီဂါ ” ပြဿနာ

 2040

တင်ဇာ (NP News) - မတ် ၂၆

(၂၀၁၄) ခုနှစ်လောက်က ဝီဂါ မွတ်စလင် အသိုင်းအဝိုင်းမှ လူ(၃၀ဝ)ခန့်သည် တရုတ်နိုင်ငံ အ နောက်မြောက်ပိုင်းရှိ ၎င်းတို့၏မွေးရပ်မြေ ရှင်ကျန်းမှ ထိုင်းနိုင်ငံသို့ထွက်ပြေးလာခဲ့ကြသည်။ ထို့နောက် (၂၀၁၅) ခုနှစ် ဇူလိုင်လတွင် ထိုင်းအာဏာပိုင်များက ၎င်းတို့ထဲမှ (၁၀၉) ဦးကို တရုတ်နိုင်ငံသို့ ပြန်ပို့ပေး ခဲ့သည်။ ဝီဂါအသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက တရုတ်အစိုးရသည် ၎င်းတို့ကို ဖိနှိပ် ခြင်းကြောင့် ထိုကဲ့သို့ ထိုင်းနိုင်ငံဆီ ထွက်ပြေးရခြင်းဖြစ်ကြောင်း ကျယ်ကျယ်လောင်လောင်ပြောဆိုနေ သည့်ကြားမှ ထိုင်းအစိုးရက ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတကာက ရှုတ်ချခဲ့ ကြသည်။

ပြီးခဲ့သောလတွင်လည်း ထိုဖြစ်စဉ်နှင့် အလားသဏ္ဌာန်တူသည့်အခြေအနေမျိုး ပြန်လည်ပေါ် ပေါက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ထိုင်းနိုင်ငံမှ ဝီဂါ(၄၀)ကို တရုတ်နိုင်ငံသို့ပြန်ပို့ခဲ့ခြင်းကြောင့် အမေ ရိကန်အပါအဝင် အခြားနိုင်ငံများမှ ဝေဖန်မှုများမြင့် တက်လာခဲ့ပြန်သည်။ အမေရိကန်၊ ကနေဒါနှင့် အခြားနိုင်ငံများက ဝီဂါဒုက္ခသည်များကို ခေါ်ယူရန် ကမ်းလှမ်းထားသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။ သို့သော် ထိုင်းနိုင်ငံ၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏နိုင်ငံသည် ဝီဂါများကို တတိယ နိုင်ငံသို့စေလွှတ်မည်ဆိုပါက “တရုတ်ထံမှ လက်တုံ့ပြန်ခံရနိုင်သည်” ဟု ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် ဝီဂါနှင့်အခြားတိုင်းရင်းသားလူနည်းစုများကို ပြင်းထန်သောအစီအမံ များဖြင့် နှိပ်စက်ညှဉ်းပန်းမှုများလုပ်ဆောင်နေကြောင်း ယခင်ကတည်းက စွပ်စွဲချက်များရှိနေသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝီဂါနှင့် အခြား လူနည်းစုများအပေါ် တရုတ်နိုင်ငံ၏ နှိပ်စက်ညှဉ်းပန်းမှုကို လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့သည်။ (၂၀၁၅) နှင့် (၂၀၂၅)ခုနှစ်အကြား ဆယ်စုနှစ်များအတွင်း ထိုင်းနိုင်ငံတွင် ဝီဂါအရေးနှင့်ပတ်သက်၍ ဖြစ်ပေါ် ပြောင်းလဲနေသောကိစ္စရပ်များသည် ပုံစံတူအတိုင်း လည်ပတ်နေကြောင်း တွေ့ရှိရသည်။

ယခုအချိန်တွင် ထိုင်းအာဏာပိုင်များက ၎င်းတို့၏လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့်ညီညွတ် သည်ဟု တုံ့ပြန်ပြောဆိုလျက်ရှိသည်။ နေရပ် ပြန်လာသူများကို တရားမျှတစွာဆက်ဆံမည်ဟူသော ပေ ကျင်း၏ အခိုင်အမာပြောဆိုမှုအပေါ်ယုံကြည်ကြောင်းလည်း ၎င်းတို့က အခိုင်အမာဖော်ပြခဲ့သည်။ ယင်း လုပ်ရပ်သည် စစ်အေးတိုက်ပွဲကာလအတွင်း အမေရိကန်၏မဟာမိတ်ဖြစ်ခဲ့သော ထိုင်းအစိုးရက တရုတ် နိုင်ငံ နှင့်ပိုမိုနီးကပ်လာတော့မည်ဆိုသည့် အရိပ်အယောင်တစ်ခုကို ပြသနေသည်ဟုလည်း ယူဆနိုင် သည်။

(၂၀၂၅)ခုနှစ် မတ်လ (၁၄)ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ဝီဂါများ ကို ပြည်နှင်ဒဏ်ပေးခြင်းအတွက်တာဝန်ရှိ သည်ဟုယူဆရသော လက်ရှိနှင့် ယခင် ထိုင်းအရာရှိ အများ အပြားကိုပစ်မှတ်ထား၍ ဗီဇာကန့်သတ်ချက်များ ထုတ်ပြန်ကြေညာခဲ့သည်။ ဝီဂါတို့အပေါ် တရုတ် နိုင်ငံ ၏ပြုမူဆက်ဆံပုံသည် “လူမျိုးတုံးသတ်ဖြတ်မှု နှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု မြောက်သည်” ဟု ရူဘီယိုက အလေးပေးပြောကြားခဲ့ပြီး အမေရိကန်၏ ကျယ်ပြန့်သော လူ့အခွင့်အရေး မူဝါဒများအတိုင်း ပေကျင်းအပေါ် ဆက်ဆံသွားမည်ဟုလည်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှလွတ်မြောက်လာပြီးနောက် (၂၀၁၄) ခုနှစ်ကတည်းက ထိုင်းနိုင်ငံ တွင်ရှိနေသောဝီဂါများကို ပြန်လည်နေရာချထားရန် အမေရိကန်၊ ကနေဒါနှင့် ဩစတြေးလျတို့က ကမ်း လှမ်းမှုများရှိနေသော်လည်း ထိုင်းအစိုးရက ပြည်နှင်ဒဏ်ပေးခြင်း ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ထိုင်းနိုင် ငံမှပြန်ပို့ခံရသူများ ဘေးကင်းမည်ဟု တရုတ်နိုင်ငံမှ ပေးလာသောအာမခံချက်များကိုကိုးကားပြီး အခြား နိုင်ငံများမှ ပြန်လည်နေရာချထားရေး ကမ်းလှမ်းမှုများကိုပယ်ချခြင်းက အပြစ်မရှိဟုဆိုကာ ထိုင်းနိုင်ငံက ၎င်း၏လုပ်ရပ်ကို ကာကွယ်ခဲ့သည်။

အမေရိကန်သည် အရှေ့တောင်အာရှရှိ ၎င်း၏မဟာမိတ်နိုင်ငံများတွင် ခြေကုပ်ရယူခြင်းဖြင့် တရုတ်၏ဩဇာလွှမ်းမိုးမှုကိုထိန်းချုပ်ရန် ကြိုးစားနေသူဖြစ်ရာ အရှေ့တောင်အာရှတွင် ကာလရှည်ကြာ ရပ်တည်နေသည့် မဟာမိတ်ထိုင်းနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုက ရှားရှားပါးပါး စံနမူ နာ ဖြစ်လာသည်။ ထိုင်းနိုင်ငံ၏လုပ်ဆောင်ချက်များသည် ၎င်း၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် အဓိက ရင်းနှီးမြှုပ်နှံသူပေကျင်းထံမှ စီးပွားရေး သို့မဟုတ် သံတမန်ရေးအရလက်တုံ့ပြန်မည်ကို ကြောက်ရွံ့ခြင်း ကြောင့် ထိုသို့ဦးတည်လာခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ များကဆိုသည်။ ဤကြောက်ရွံ့မှုသည် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏တောင်းဆိုချက်များကို ဆန့် ကျင်သလိုဖြစ်နေသည်ဟုလည်း သုံးသပ်ကြသည်။ အကြောင်းမှာ ထိုကဲ့သို့ ဝီဂါများကို နေရပ်ပြန်ပို့ခြင်းသည် နိုင်ငံတကာဥပဒေအရ “ဒုက္ခသည်များ သို့မဟုတ် ခိုလှုံခွင့်ရှာဖွေသူများကို နှိပ်စက်ညှဉ်းပန်းခံရသည့် နိုင်ငံသို့ပြန်ရန် အတင်း အကျပ်ခိုင်းစေခြင်း မပြုရ” ဟူသောစည်းမျဉ်းကိုချိုးဖောက်နေသလို ဖြစ်နေသောကြောင့် ဖြစ်သည်။

ထိုအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအပေါ် ထိုးနှက်မှုများက ဘက်ပေါင်းစုံမှရှိလာနေသည်။ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများအပြင် ဥရောပ ပါလီမန်က ပြည်နှင်ဒဏ်ပေးခြင်းများကိုဝေဖန်ခဲ့ပြီး အီးယူအနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများမှတစ်ဆင့် ထိုင်းနိုင်ငံကို ဆက်လက် ဖိအားပေးရန်တိုက်တွန်းခဲ့သည်။ Human Rights Watch နှင့် Amnesty International ကဲ့သို့သော လူ့အခွင့်အရေးအဖွဲ့များက အဆိုပါလုပ်ရပ်ကို နိုင်ငံတကာဥပဒေကိုချိုးဖောက်မှုအဖြစ်ရှုတ်ချခဲ့ပြီး ပြည် နှင်ဒဏ်ခံရသောဝီဂါများသည် ဆိုးရွားသောအန္တရာယ်များ နှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားသည်။ တစ်ချိန်တည်းတွင် (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်၌ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးမှ လုံခြုံ ရေးသတိပေးချက်ထုတ်ပြန်ခဲ့ပြီး (၂၀၁၅) ခုနှစ် ဘန်ကောက်ဗုံးခွဲမှုသည် တစ်ချိန်က ဝီဂါများကို ပြည်နှင် ဒဏ်ပေးခြင်းနှင့်ဆက်နွှယ်မှုရှိနေကြောင်း ကိုးကား၍ “အကြမ်းဖက်လက်တုံ့ပြန်တိုက်ခိုက်မှုများ” ဖြစ် လာနိုင်ခြေရှိကြောင်း သတိပေးခဲ့သည်။

(၂၀၁၅)ခုနှစ်က ဝီဂါများကို တရုတ်နိုင်ငံသို့ ပြန်ပို့အပြီးတစ်လအကြာတွင် ဘန်ကောက်မြို့လယ် ရှိ Erawan နတ်ကွန်း၌ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ (၂၀) ဦး သေဆုံးကာ (၁၂၅)ဦး ဒဏ်ရာ ရရှိခဲ့ပြီး လအတော်ကြာ ခရီးသွားများ ကြောက်ရွံ့ထိတ်လန့်ခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် ယခုအခါတွင် လည်း ထိုင်းအစိုးရသည် အလားတူ လက်စားချေ တိုက်ခိုက်မှုအန္တရာယ်များကို စိုးရိမ်လျက်ရှိနေသည်။ ထို့ကြောင့်လည်း အမေရိကန်တင်သာမက ဂျပန်အပါအဝင် ဘန်ကောက်ရှိ အခြားသောနိုင်ငံခြားသံရုံး များမှ ခရီးသွားသတိပေးချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တရုတ်ခရီးသွားလုပ်ငန်းရှင်များပင် လဘ်စားချေ တိုက်ခိုက်မည်ကို စိုးရိမ်လျက်ရှိနေကြသည်။ အဓိကခရီးသွားဒေသများတွင် သတိပေးချက် တိုးမြှင့်ထားကြောင်း ထိုင်းရဲချုပ်ရုံးက ကြေညာချက်ထုတ်ပြန် ထားသည်။ ထိုင်းနိုင်ငံသည် ၎င်း GDP ၏ (၂၀) ရာခိုင်နှုန်းလောက်ကို ခရီးသွားလုပ်ငန်းအပေါ် မှီခိုထားရသည်။ ထို့ကြောင့် ဝီဂါအကျပ်အတည်း နှင့်အတူ နောက်ဆက်တွဲလုံခြုံရေးဂယက်ရိုက်မှုများက ထိုင်းနိုင်ငံစီးပွားရေးအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယသက်တမ်းတွင် ထိုင်း-အမေရိကန် ဆက်ဆံရေး သည် လှုပ်လီလှုပ်လဲ့အခြေအနေသို့ ဆိုက်ရောက်လာ ခဲ့သည်။ ထရမ့်အစိုးရသည် ထိုင်းနိုင်ငံနှင့်ဆက်ဆံ ရေးကို အကန့်အသတ်ဖြင့်သာသွားနေသည်။ ထို့ ကြောင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဇန်နဝါ ရီ (၁၅) ရက်က အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ ဆန်းစစ်ရာတွင် ဝီဂါကိစ္စကို ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့နောက် သုံးပတ်အကြာတွင် ထိုင်းဝန်ကြီးချုပ်ပေထုန်တန်သည် ပေကျင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့သည်။ ထို့ကဲ့သို့ တရုတ်နှင့်ပိုမိုနီးကပ်လာသောဆက်ဆံရေးက အမေရိကန်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်လာခဲ့သည်။

ထိုအခြေအနေတွင် အမေရိကန်နှင့် တရုတ်၏ကစားပွဲ၌ ဝီဂါများသည် နယ်ရုပ်များဖြစ်လာခဲ့ပြီး ထိုင်းနိုင်ငံကတော့ ပဲလှော်ကြားဆားညပ်မည့် အခြေအနေမျိုးဆိုက်ရောက်လာခဲ့သည်။ ရူဘီယို သည် ဝီဂါများ၏အခွင့်အရေးနှင့်ပတ်သက်၍ မသေချာမရေရာသောစကားလုံးများဖြင့် အကာအကွယ် ပေး လာသောကြောင့် တရုတ်ခေါင်းဆောင်များက ကြားခံထိုင်းနိုင်ငံကို ဖိအားပေးနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ထိုင်းအနေဖြင့် နိုင်ငံကြီးနှစ်ခုအကြား မြေစာပင် မဖြစ်ရန်အတွက်ဆိုလျှင် အပေးအယူ အလျှော့အတင်း များဖြင့် ဆွေးနွေးညှိနှိုင်းရမည့် ခိုင်မာသော သံခင်းတမန်ခင်းကို သိရှိထားရန် လိုအပ်လာသည်။

နောက်ပိုင်းတွင် ထရမ့်အစိုးရသည် ထိုင်း နိုင်ငံနှင့် တိုက်ရိုက်ဆက်ဆံမှုများပြုလုပ်သောအခါ ဝီဂါများကိုပြည်နှင်ဒဏ်ပေးမှုသည် ထောက်ပြစရာ ဗဟိုချက်ဖြစ်လာဖွယ်ရှိသည်။ ထိုင်းသည် အမေရိ ကန်နှင့် ကုန်သွယ်မှုပိုငွေပြသည့် နိုင်ငံများစာရင်းတွင် နံပါတ်(၁၁)နေရာတွင်ရပ်တည်နေပြီး ဒေါ်လာ (၄၆) ဘီလျံအထိ ရှိနေသည်။ ထို့ကြောင့်လည်း နိုင်ငံငယ်များသည် အမေရိကန်၏ ဩဇာလွှမ်းမိုးမှု အောက်ရှိနေခြင်းက အဆန်းတော့မဟုတ်ပေ။

တစ်ဆက်တည်းမှာပင် နိုင်ငံငယ်များသည် ထရမ့်၏ အကောက်အခွန်အမျက်ဒေါသနှင့် ဝေးဝေး နေရန်ကြိုးစားလာကြသည်။ ထိုင်းနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အကျိုးစီးပွားသည် အမေရိ ကန်၏ လိုလားချက်များကို လိုက်နာခြင်း မဟုတ်သကဲ့သို့ တရုတ်၏တောင်းဆိုချက်များကို ဖြည့်ဆည်း ပေးခြင်းနှင့်လည်း မသက်ဆိုင်သင့်ပေ။ ထို့ကြောင့် ပေထုန်တန်အစိုးရသည် ရုန်းရင်းဆန်ခတ် ဖြစ်နေ သော စူပါပါဝါနိုင်ငံများကြား ပထဝီနိုင်ငံရေးဗျူဟာ ပြန်လည်ရရှိရန် လိုက်လျောညီထွေရှိမည့် နိုင်ငံခြားရေးမူဝါဒကို ဖြန့်ကြက်ကျင့်သုံးရန်လိုအပ်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

zawgyi version
အေမရိကန္-ထိုင္း ဆက္ဆံေရးအေပၚ ဂယက္႐ိုက္လာေသာ “ ဝီဂါ ” ျပႆနာ
တင္ဇာ (NP News) - မတ္ ၂၆

(၂၀၁၄) ခုႏွစ္ေလာက္က ဝီဂါ မြတ္စလင္ အသိုင္းအဝိုင္းမွ လူ(၃၀ဝ)ခန႔္သည္ တ႐ုတ္ႏိုင္ငံ အ ေနာက္ေျမာက္ပိုင္းရွိ ၎တို႔၏ေမြးရပ္ေျမ ရွင္က်န္းမွ ထိုင္းႏိုင္ငံသို႔ထြက္ေျပးလာခဲ့ၾကသည္။ ထို႔ေနာက္ (၂၀၁၅) ခုႏွစ္ ဇူလိုင္လတြင္ ထိုင္းအာဏာပိုင္မ်ားက ၎တို႔ထဲမွ (၁၀၉) ဦးကို တ႐ုတ္ႏိုင္ငံသို႔ ျပန္ပို႔ေပး ခဲ့သည္။ ဝီဂါအသိုင္းအဝိုင္းႏွင့္ လူ႔အခြင့္အေရးအဖြဲ႕အစည္းမ်ားက တ႐ုတ္အစိုးရသည္ ၎တို႔ကို ဖိႏွိပ္ ျခင္းေၾကာင့္ ထိုကဲ့သို႔ ထိုင္းႏိုင္ငံဆီ ထြက္ေျပးရျခင္းျဖစ္ေၾကာင္း က်ယ္က်ယ္ေလာင္ေလာင္ေျပာဆိုေန သည့္ၾကားမွ ထိုင္းအစိုးရက ျပန္ပို႔ခဲ့ျခင္းျဖစ္သည္။ ယင္းလုပ္ရပ္ႏွင့္ပတ္သက္၍ ႏိုင္ငံတကာက ရႈတ္ခ်ခဲ့ ၾကသည္။

ၿပီးခဲ့ေသာလတြင္လည္း ထိုျဖစ္စဥ္ႏွင့္ အလားသဏၭာန္တူသည့္အေျခအေနမ်ိဳး ျပန္လည္ေပၚ ေပါက္လာခဲ့သည္။ ယခုတစ္ႀကိမ္တြင္ ထိုင္းႏိုင္ငံမွ ဝီဂါ(၄၀)ကို တ႐ုတ္ႏိုင္ငံသို႔ျပန္ပို႔ခဲ့ျခင္းေၾကာင့္ အေမ ရိကန္အပါအဝင္ အျခားႏိုင္ငံမ်ားမွ ေဝဖန္မႈမ်ားျမင့္ တက္လာခဲ့ျပန္သည္။ အေမရိကန္၊ ကေနဒါႏွင့္ အျခားႏိုင္ငံမ်ားက ဝီဂါဒုကၡသည္မ်ားကို ေခၚယူရန္ ကမ္းလွမ္းထားသည္ဟု သတင္းေဖာ္ျပခ်က္မ်ားအရ သိရသည္။ သို႔ေသာ္ ထိုင္းႏိုင္ငံ၏ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးက ၎၏ႏိုင္ငံသည္ ဝီဂါမ်ားကို တတိယ ႏိုင္ငံသို႔ေစလႊတ္မည္ဆိုပါက “တ႐ုတ္ထံမွ လက္တုံ႔ျပန္ခံရႏိုင္သည္” ဟု ေျပာၾကားခဲ့သည္။

တ႐ုတ္အစိုးရသည္ ဝီဂါႏွင့္အျခားတိုင္းရင္းသားလူနည္းစုမ်ားကို ျပင္းထန္ေသာအစီအမံ မ်ားျဖင့္ ႏွိပ္စက္ညႇဥ္းပန္းမႈမ်ားလုပ္ေဆာင္ေနေၾကာင္း ယခင္ကတည္းက စြပ္စြဲခ်က္မ်ားရွိေနသည္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဝီဂါႏွင့္ အျခား လူနည္းစုမ်ားအေပၚ တ႐ုတ္ႏိုင္ငံ၏ ႏွိပ္စက္ညႇဥ္းပန္းမႈကို လူမ်ိဳးတုံး သတ္ျဖတ္မႈႏွင့္ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ရာဇဝတ္မႈအျဖစ္ သတ္မွတ္ခဲ့သည္။ (၂၀၁၅) ႏွင့္ (၂၀၂၅)ခုႏွစ္အၾကား ဆယ္စုႏွစ္မ်ားအတြင္း ထိုင္းႏိုင္ငံတြင္ ဝီဂါအေရးႏွင့္ပတ္သက္၍ ျဖစ္ေပၚ ေျပာင္းလဲေနေသာကိစၥရပ္မ်ားသည္ ပုံစံတူအတိုင္း လည္ပတ္ေနေၾကာင္း ေတြ႕ရွိရသည္။

ယခုအခ်ိန္တြင္ ထိုင္းအာဏာပိုင္မ်ားက ၎တို႔၏လုပ္ရပ္သည္ ႏိုင္ငံတကာဥပေဒႏွင့္ညီၫြတ္ သည္ဟု တုံ႔ျပန္ေျပာဆိုလ်က္ရွိသည္။ ေနရပ္ ျပန္လာသူမ်ားကို တရားမွ်တစြာဆက္ဆံမည္ဟူေသာ ေပ က်င္း၏ အခိုင္အမာေျပာဆိုမႈအေပၚယုံၾကည္ေၾကာင္းလည္း ၎တို႔က အခိုင္အမာေဖာ္ျပခဲ့သည္။ ယင္း လုပ္ရပ္သည္ စစ္ေအးတိုက္ပြဲကာလအတြင္း အေမရိကန္၏မဟာမိတ္ျဖစ္ခဲ့ေသာ ထိုင္းအစိုးရက တ႐ုတ္ ႏိုင္ငံ ႏွင့္ပိုမိုနီးကပ္လာေတာ့မည္ဆိုသည့္ အရိပ္အေယာင္တစ္ခုကို ျပသေနသည္ဟုလည္း ယူဆႏိုင္ သည္။

(၂၀၂၅)ခုႏွစ္ မတ္လ (၁၄)ရက္တြင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Marco Rubio က ဝီဂါမ်ား ကို ျပည္ႏွင္ဒဏ္ေပးျခင္းအတြက္တာဝန္ရွိ သည္ဟုယူဆရေသာ လက္ရွိႏွင့္ ယခင္ ထိုင္းအရာရွိ အမ်ား အျပားကိုပစ္မွတ္ထား၍ ဗီဇာကန႔္သတ္ခ်က္မ်ား ထုတ္ျပန္ေၾကညာခဲ့သည္။ ဝီဂါတို႔အေပၚ တ႐ုတ္ ႏိုင္ငံ ၏ျပဳမူဆက္ဆံပုံသည္ “လူမ်ိဳးတုံးသတ္ျဖတ္မႈ ႏွင့္ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္သည့္ ရာဇဝတ္မႈ ေျမာက္သည္” ဟု ႐ူဘီယိုက အေလးေပးေျပာၾကားခဲ့ၿပီး အေမရိကန္၏ က်ယ္ျပန႔္ေသာ လူ႔အခြင့္အေရး မူဝါဒမ်ားအတိုင္း ေပက်င္းအေပၚ ဆက္ဆံသြားမည္ဟုလည္း ေဖာ္ျပခဲ့သည္။

တ႐ုတ္ႏိုင္ငံ ရွင္က်န္းေဒသမွလြတ္ေျမာက္လာၿပီးေနာက္ (၂၀၁၄) ခုႏွစ္ကတည္းက ထိုင္းႏိုင္ငံ တြင္ရွိေနေသာဝီဂါမ်ားကို ျပန္လည္ေနရာခ်ထားရန္ အေမရိကန္၊ ကေနဒါႏွင့္ ဩစေၾတးလ်တို႔က ကမ္း လွမ္းမႈမ်ားရွိေနေသာ္လည္း ထိုင္းအစိုးရက ျပည္ႏွင္ဒဏ္ေပးျခင္း ျဖစ္ေပၚခဲ့ေၾကာင္းသိရသည္။ ထိုင္းႏိုင္ ငံမွျပန္ပို႔ခံရသူမ်ား ေဘးကင္းမည္ဟု တ႐ုတ္ႏိုင္ငံမွ ေပးလာေသာအာမခံခ်က္မ်ားကိုကိုးကားၿပီး အျခား ႏိုင္ငံမ်ားမွ ျပန္လည္ေနရာခ်ထားေရး ကမ္းလွမ္းမႈမ်ားကိုပယ္ခ်ျခင္းက အျပစ္မရွိဟုဆိုကာ ထိုင္းႏိုင္ငံက ၎၏လုပ္ရပ္ကို ကာကြယ္ခဲ့သည္။

အေမရိကန္သည္ အေရွ႕ေတာင္အာရွရွိ ၎၏မဟာမိတ္ႏိုင္ငံမ်ားတြင္ ေျခကုပ္ရယူျခင္းျဖင့္ တ႐ုတ္၏ဩဇာလႊမ္းမိုးမႈကိုထိန္းခ်ဳပ္ရန္ ႀကိဳးစားေနသူျဖစ္ရာ အေရွ႕ေတာင္အာရွတြင္ ကာလရွည္ၾကာ ရပ္တည္ေနသည့္ မဟာမိတ္ထိုင္းႏိုင္ငံအေပၚ အေမရိကန္၏ ပိတ္ဆို႔အေရးယူမႈက ရွားရွားပါးပါး စံနမူ နာ ျဖစ္လာသည္။ ထိုင္းႏိုင္ငံ၏လုပ္ေဆာင္ခ်က္မ်ားသည္ ၎၏ အႀကီးဆုံးကုန္သြယ္ဖက္ႏွင့္ အဓိက ရင္းႏွီးျမႇဳပ္ႏွံသူေပက်င္းထံမွ စီးပြားေရး သို႔မဟုတ္ သံတမန္ေရးအရလက္တုံ႔ျပန္မည္ကို ေၾကာက္႐ြံ႕ျခင္း ေၾကာင့္ ထိုသို႔ဦးတည္လာခဲ့ေၾကာင္း ႏိုင္ငံေရးေလ့လာသုံးသပ္သူ မ်ားကဆိုသည္။ ဤေၾကာက္႐ြံ႕မႈသည္ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ၏ေတာင္းဆိုခ်က္မ်ားကို ဆန႔္ က်င္သလိုျဖစ္ေနသည္ဟုလည္း သုံးသပ္ၾကသည္။ အေၾကာင္းမွာ ထိုကဲ့သို႔ ဝီဂါမ်ားကို ေနရပ္ျပန္ပို႔ျခင္းသည္ ႏိုင္ငံတကာဥပေဒအရ “ဒုကၡသည္မ်ား သို႔မဟုတ္ ခိုလႈံခြင့္ရွာေဖြသူမ်ားကို ႏွိပ္စက္ညႇဥ္းပန္းခံရသည့္ ႏိုင္ငံသို႔ျပန္ရန္ အတင္း အက်ပ္ခိုင္းေစျခင္း မျပဳရ” ဟူေသာစည္းမ်ဥ္းကိုခ်ိဳးေဖာက္ေနသလို ျဖစ္ေနေသာေၾကာင့္ ျဖစ္သည္။

ထိုအေရးႏွင့္ပတ္သက္၍ ထိုင္းႏိုင္ငံအေပၚ ထိုးႏွက္မႈမ်ားက ဘက္ေပါင္းစုံမွရွိလာေနသည္။ အေမရိကန္၏ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားအျပင္ ဥေရာပ ပါလီမန္က ျပည္ႏွင္ဒဏ္ေပးျခင္းမ်ားကိုေဝဖန္ခဲ့ၿပီး အီးယူအေနျဖင့္ လြတ္လပ္ေသာ ကုန္သြယ္မႈဆိုင္ရာ ေဆြးေႏြးပြဲမ်ားမွတစ္ဆင့္ ထိုင္းႏိုင္ငံကို ဆက္လက္ ဖိအားေပးရန္တိုက္တြန္းခဲ့သည္။ Human Rights Watch ႏွင့္ Amnesty International ကဲ့သို႔ေသာ လူ႔အခြင့္အေရးအဖြဲ႕မ်ားက အဆိုပါလုပ္ရပ္ကို ႏိုင္ငံတကာဥပေဒကိုခ်ိဳးေဖာက္မႈအျဖစ္ရႈတ္ခ်ခဲ့ၿပီး ျပည္ ႏွင္ဒဏ္ခံရေသာဝီဂါမ်ားသည္ ဆိုး႐ြားေသာအႏၲရာယ္မ်ား ႏွင့္ ရင္ဆိုင္ရႏိုင္ေၾကာင္း သတိေပးထားသည္။ တစ္ခ်ိန္တည္းတြင္ (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီ (၂၈) ရက္၌ ဘန္ေကာက္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံးမွ လုံၿခဳံ ေရးသတိေပးခ်က္ထုတ္ျပန္ခဲ့ၿပီး (၂၀၁၅) ခုႏွစ္ ဘန္ေကာက္ဗုံးခြဲမႈသည္ တစ္ခ်ိန္က ဝီဂါမ်ားကို ျပည္ႏွင္ ဒဏ္ေပးျခင္းႏွင့္ဆက္ႏႊယ္မႈရွိေနေၾကာင္း ကိုးကား၍ “အၾကမ္းဖက္လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ား” ျဖစ္ လာႏိုင္ေျခရွိေၾကာင္း သတိေပးခဲ့သည္။

(၂၀၁၅)ခုႏွစ္က ဝီဂါမ်ားကို တ႐ုတ္ႏိုင္ငံသို႔ ျပန္ပို႔အၿပီးတစ္လအၾကာတြင္ ဘန္ေကာက္ၿမိဳ႕လယ္ ရွိ Erawan နတ္ကြန္း၌ အၾကမ္းဖက္ဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ လူ (၂၀) ဦး ေသဆုံးကာ (၁၂၅)ဦး ဒဏ္ရာ ရရွိခဲ့ၿပီး လအေတာ္ၾကာ ခရီးသြားမ်ား ေၾကာက္႐ြံ႕ထိတ္လန႔္ခဲ့ရသည္။ ထိုျဖစ္ရပ္ေၾကာင့္ ယခုအခါတြင္ လည္း ထိုင္းအစိုးရသည္ အလားတူ လက္စားေခ် တိုက္ခိုက္မႈအႏၲရာယ္မ်ားကို စိုးရိမ္လ်က္ရွိေနသည္။ ထို႔ေၾကာင့္လည္း အေမရိကန္တင္သာမက ဂ်ပန္အပါအဝင္ ဘန္ေကာက္ရွိ အျခားေသာႏိုင္ငံျခားသံ႐ုံး မ်ားမွ ခရီးသြားသတိေပးခ်က္မ်ား ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ တ႐ုတ္ခရီးသြားလုပ္ငန္းရွင္မ်ားပင္ လဘ္စားေခ် တိုက္ခိုက္မည္ကို စိုးရိမ္လ်က္ရွိေနၾကသည္။ အဓိကခရီးသြားေဒသမ်ားတြင္ သတိေပးခ်က္ တိုးျမႇင့္ထားေၾကာင္း ထိုင္းရဲခ်ဳပ္႐ုံးက ေၾကညာခ်က္ထုတ္ျပန္ ထားသည္။ ထိုင္းႏိုင္ငံသည္ ၎ GDP ၏ (၂၀) ရာခိုင္ႏႈန္းေလာက္ကို ခရီးသြားလုပ္ငန္းအေပၚ မွီခိုထားရသည္။ ထို႔ေၾကာင့္ ဝီဂါအက်ပ္အတည္း ႏွင့္အတူ ေနာက္ဆက္တြဲလုံၿခဳံေရးဂယက္႐ိုက္မႈမ်ားက ထိုင္းႏိုင္ငံစီးပြားေရးအေပၚ ထိခိုက္နစ္နာမႈမ်ား ျဖစ္လာႏိုင္ဖြယ္ရွိေနသည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ ဒုတိယသက္တမ္းတြင္ ထိုင္း-အေမရိကန္ ဆက္ဆံေရး သည္ လႈပ္လီလႈပ္လဲ့အေျခအေနသို႔ ဆိုက္ေရာက္လာ ခဲ့သည္။ ထရမ့္အစိုးရသည္ ထိုင္းႏိုင္ငံႏွင့္ဆက္ဆံ ေရးကို အကန႔္အသတ္ျဖင့္သာသြားေနသည္။ ထို႔ ေၾကာင့္ ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုက ဇန္နဝါ ရီ (၁၅) ရက္က အေမရိကန္၏ ႏိုင္ငံျခားေရးမူဝါဒႏွင့္ ပတ္သက္၍ ဆန္းစစ္ရာတြင္ ဝီဂါကိစၥကို ထည့္သြင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ထို႔ေနာက္ သုံးပတ္အၾကာတြင္ ထိုင္းဝန္ႀကီးခ်ဳပ္ေပထုန္တန္သည္ ေပက်င္းတြင္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ေတြ႕ဆုံခဲ့သည္။ ထို႔ကဲ့သို႔ တ႐ုတ္ႏွင့္ပိုမိုနီးကပ္လာေသာဆက္ဆံေရးက အေမရိကန္အတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္စရာ ျဖစ္လာခဲ့သည္။

ထိုအေျခအေနတြင္ အေမရိကန္ႏွင့္ တ႐ုတ္၏ကစားပြဲ၌ ဝီဂါမ်ားသည္ နယ္႐ုပ္မ်ားျဖစ္လာခဲ့ၿပီး ထိုင္းႏိုင္ငံကေတာ့ ပဲေလွာ္ၾကားဆားညပ္မည့္ အေျခအေနမ်ိဳးဆိုက္ေရာက္လာခဲ့သည္။ ႐ူဘီယို သည္ ဝီဂါမ်ား၏အခြင့္အေရးႏွင့္ပတ္သက္၍ မေသခ်ာမေရရာေသာစကားလုံးမ်ားျဖင့္ အကာအကြယ္ ေပး လာေသာေၾကာင့္ တ႐ုတ္ေခါင္းေဆာင္မ်ားက ၾကားခံထိုင္းႏိုင္ငံကို ဖိအားေပးႏိုင္ဖြယ္ရွိသည္။ ထို႔ေၾကာင့္ ထိုင္းအေနျဖင့္ ႏိုင္ငံႀကီးႏွစ္ခုအၾကား ေျမစာပင္ မျဖစ္ရန္အတြက္ဆိုလွ်င္ အေပးအယူ အေလွ်ာ့အတင္း မ်ားျဖင့္ ေဆြးေႏြးညႇိႏႈိင္းရမည့္ ခိုင္မာေသာ သံခင္းတမန္ခင္းကို သိရွိထားရန္ လိုအပ္လာသည္။

ေနာက္ပိုင္းတြင္ ထရမ့္အစိုးရသည္ ထိုင္း ႏိုင္ငံႏွင့္ တိုက္႐ိုက္ဆက္ဆံမႈမ်ားျပဳလုပ္ေသာအခါ ဝီဂါမ်ားကိုျပည္ႏွင္ဒဏ္ေပးမႈသည္ ေထာက္ျပစရာ ဗဟိုခ်က္ျဖစ္လာဖြယ္ရွိသည္။ ထိုင္းသည္ အေမရိ ကန္ႏွင့္ ကုန္သြယ္မႈပိုေငြျပသည့္ ႏိုင္ငံမ်ားစာရင္းတြင္ နံပါတ္(၁၁)ေနရာတြင္ရပ္တည္ေနၿပီး ေဒၚလာ (၄၆) ဘီလ်ံအထိ ရွိေနသည္။ ထို႔ေၾကာင့္လည္း ႏိုင္ငံငယ္မ်ားသည္ အေမရိကန္၏ ဩဇာလႊမ္းမိုးမႈ ေအာက္ရွိေနျခင္းက အဆန္းေတာ့မဟုတ္ေပ။

တစ္ဆက္တည္းမွာပင္ ႏိုင္ငံငယ္မ်ားသည္ ထရမ့္၏ အေကာက္အခြန္အမ်က္ေဒါသႏွင့္ ေဝးေဝး ေနရန္ႀကိဳးစားလာၾကသည္။ ထိုင္းႏိုင္ငံ၏ မဟာဗ်ဴဟာေျမာက္ ပထဝီဝင္အက်ိဳးစီးပြားသည္ အေမရိ ကန္၏ လိုလားခ်က္မ်ားကို လိုက္နာျခင္း မဟုတ္သကဲ့သို႔ တ႐ုတ္၏ေတာင္းဆိုခ်က္မ်ားကို ျဖည့္ဆည္း ေပးျခင္းႏွင့္လည္း မသက္ဆိုင္သင့္ေပ။ ထို႔ေၾကာင့္ ေပထုန္တန္အစိုးရသည္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ေန ေသာ စူပါပါဝါႏိုင္ငံမ်ားၾကား ပထဝီႏိုင္ငံေရးဗ်ဴဟာ ျပန္လည္ရရွိရန္ လိုက္ေလ်ာညီေထြရွိမည့္ ႏိုင္ငံျခားေရးမူဝါဒကို ျဖန႔္ၾကက္က်င့္သုံးရန္လိုအပ္မည္ျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါသည္။

Related news

© 2021. All rights reserved.