“၂၀၂၆ လောက်က စပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေစမယ်လို့ မျှော်လင့်ထားတယ်”

3622

ယွန်း (NP News) - မတ် ၂၆
(ယခင်တစ်ပတ်မှအဆက်)
မေး- တရုတ်ပြည်အတွက်ကျတော့ ထားဝယ်က အရေးပါတဲ့နေရာမှာရှိနိုင်ပါဦးမလား။
ဖြေ- တရုတ်ပြည်ကတော့ သူရဲ့ One Belt One Road စီမံကိန်းက ဥရောပအထိလည်းဖောက်မယ်၊ အရှေ့ဘက်ကိုက ပင်လယ်ရှိပြီးသားဆိုတော့ တောင်ဘက်မလေးရှားတို့ ဘာတို့ဘက်ကိုလည်း ဆက် သွယ်ဖို့လုပ်ထားတယ်လေ။ နောက်တစ်ခါ မြန်မာပြည် ကျောက်ဖြူကိုလည်း အနောက်ဘက် ဆိပ်ကမ်း အဖြစ် သုံးဖို့လုပ်ထားတယ်။ နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ်ပေါ့။ အခု ဘင်္ဂလားဒေ့ရှ်ကတော့ အနောက် ဘက်က အမေရိကန်တို့ဘာတို့ရဲ့စွက်ဖက်မှုတွေကြောင့် ခေါင်းဆောင်ပြောင်းသွားပြီဖြစ်တဲ့အတွက် သူတို့ လုပ်ရကိုင်ရခက်သွားတယ်။ ကျောက်ဖြူကျတော့လည်း လက်ရှိ လားရှိုးဘက်ကနေ လမ်းတောက် လျှောက် တိုက်ပွဲတွေနဲ့ဖြစ်နေတော့ ငြိမ်းချမ်းဖို့ အာမခံချက်မရှိဘူး ဖြစ်နေတာပေါ့။ အဲဒီလိုမျိုး ခဏခဏ တိုက်ပွဲတွေ ထထဖြစ်နေရင် တောက်လျှောက်ပုံမှန်သွားနေရမယ့်လုပ်ငန်းတွေ ရပ်သွားမှာဖြစ်တဲ့အတွက် လုပ်ငန်းစတဲ့ အချိန်မှ ရပ်ရပ်သွားရင် ပိုပြီးထိခိုက်တယ်။ အခုစဉ်း စားတာက လာအိုကို ရထားလမ်း ဖောက်ထားတယ်။ အဲဒီကနေ စင်ကာပူအထိ၊ မလေးရှားနဲ့ ထိုင်းရဲ့ အက်ဒမန်ပင်လယ်နဲ့ Gulf of Thailand ဘက်ကို ချိတ်ဆက်ဖို့ဆိုပြီးတော့ လမ်းတွေဆင်းလာတာရှိတယ်။ အဲဒီတော့ ထားဝယ် SEZ နေရာကနေ အဲဒီ ရထားလမ်းကိုသွားဖို့အတွက်က မိုင် (၁၀ဝ) လောက်ပဲ ရှိတာ။ အဲဒီလောက်လေးချိတ် ဆက်လိုက်ရုံနဲ့ သူတို့နဲ့ချိတ်မိသွားတာဖြစ်တဲ့အတွက် တရုတ်အတွက်လည်း တရုတ်ရဲ့တောင်ပိုင်းဒေသ တွေ၊ အနောက်ပိုင်း ဒေသတွေအတွက် ဒီနေရာက အထူးကိုကျေးဇူးရှိတယ်။ အထူးကို အဓိကကျတယ်။
မေး- အဲဒီတော့ တရုတ်နိုင်ငံရဲ့ ထားဝယ်စီမံကိန်းပေါ်မှာ ပါဝင်ပတ်သက်လာနိုင်တဲ့ အလားအလာ ကော ဘယ်လိုဖြစ်မလဲ။ ပါဝင်ပတ်သက်တယ်ဆိုတာ တော့ နှစ်မျိုးရှိတာပေါ့။ သူဝင်ပါရရင် ပါရ၊ မပါရရင် ဖျက်တယ်ဆိုတာမျိုးပေါ့။ အဲဒါမျိုးကော မျှော်လင့်ထားလား။
ဖြေ- ဖျက်တော့မဖျက်ပါဘူး။ ဒါက သူ့အတွက်လည်း အရေးကြီးတဲ့နေရာတစ်ခုပဲပေါ့။ သူ့အတွက် ကတော့ ငါးကြော်မရပေမယ့် ကြက်ဥကြော်တော့ရမယ်လေ။ သူက ဒီပရောဂျက်တွေကိုမလုပ်ရပေမယ့် ဒီပရောဂျက်ရဲ့ နောက်ပိုင်းမြေတွေထဲမှာဝင်ပြီးတော့ သူရဲ့ စက်ရုံအလုပ်ရုံတွေ အများကြီးလာတည်လို့ ရတယ်။ ဒီမှာ EV ကားစက်ရုံတွေတည်လို့ရတယ်၊ အထည်ချုပ်စက်ရုံတွေတည်လို့ရတယ်။ အခွန်မရှိဘူး လေ။ ဒီမှာလာတည်ပြီးတော့ ဒီမှာ နိုင်ငံတကာလေယာဉ် ကွင်းတွေ အဆင့်မြှင့်ထားမယ်ဆိုရင် နိုင်ငံ တကာကို ပို့ပြီး ချုပ်နေရတဲ့အထည်တွေ၊ တပ်ဆင်နေရတဲ့ စက်ပစ္စည်းတွေအကုန်လုံးကို ဒီကိုပို့ပြီးတော့ ဒီမှာထုတ်ပြီးတော့ ဒီကနေပဲပြန်သယ်သွားမှာဖြစ်တဲ့အတွက် သူတို့အတွက် သေချာပေါက်အကျိုးရှိ တဲ့ကိစ္စပဲ။ နိုင်ငံတွေတိုင်းမှာ ဒေသန္တရအားဖြင့် အရေးပါတဲ့နေရာတွေ မှာရှိတဲ့နိုင်ငံတိုင်းမှာ Special SEZ ဆိုတာ လိုအပ်တယ်။ အဲဒီအတွက် တရုတ်အတွက်လည်း အဆင်ပြေမယ့်ကိစ္စပဲ။
မေး- ရုရှားက ဘာကြောင့် ဒီဆိပ်ကမ်းမှာလာပြီးတော့ တည်လဲဆိုတဲ့မေးခွန်းမှာ ကျွန်တော်စိတ်ဝင်စား ဆုံးအကြောင်းအရာက သူရဲ့ရေနံစိမ်းသင်္ဘောတွေက အာဆီယံဒေသထဲက တခြားနိုင်ငံတွေမှာလည်း တည်လို့ရတာပဲ။ ဘာဖြစ်လို့ မြန်မာကိုရွေးချယ်လဲဆိုတာရယ်၊ နောက်မြန်မာပြည်မှာ နောက်ထပ် သူဘာရ စရာရှိလို့ လာတည်တာလဲ။ ဒီလိုတည်လိုက်ခြင်းအား ဖြင့် သူရဲ့ရနိုင်တဲ့အကျိုးအမြတ်ဆိုတာ ဘာလဲပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ အကျိုးအမြတ်အကြောင်း စဉ်းစားနေတဲ့ အချိန်မှာ ရုရှားလည်း သူ့အတွက်က တစ်ခုခုမျှော်လင့်ချက်ရှိတယ်လို့ ယူဆတယ်။ ဘာဖြစ်နိုင်လဲ။
ဖြေ- ကျွန်တော် အပေါ်မှာပြောခဲ့သလိုပေါ့။ ငွေရှိတဲ့သူက ငွေကို ငွေနဲ့ပဲ ခိုင်းစားတာလေ။ သူလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့အတွက် သူ့မှာလည်း သူ့ဘာသာသူ စစ်ပဲဖြစ်နေနေ၊ ဘာပဲဖြစ်နေနေ ရေနံ ရောင်းစားလို့ရတဲ့ပိုက်ဆံက နည်းတာမဟုတ်ဘူးလေ။ အဲဒီတော့ သူ့အနေနဲ့က ဒီငွေတွေကို တိုင်းပြည်ထဲ မှာ ဒီအတိုင်းသိမ်းထားမယ့်အစား ရင်းနှီးမြှုပ်နှံပြီးတော့ ဒီကနေရတဲ့ငွေတွေကနေ ထပ်ပြီး တိုးပွားအောင် လုပ်ရမှာပဲလေ။ ငါ ဒီလောက်တော့ ချမ်းသာသွားပြီဆိုပြီး ရပ်လိုက်လို့မရဘူးလေ။ လူဦးရေက တောက် လျှောက် တိုးပွားနေတာ။ တိုင်းပြည်ဆိုတာ ဝင်ငွေက တိုးသထက်တိုးနေဖို့လိုတာကိုး။ အဲဒီတော့ ရှိလာ တဲ့ပိုက်ဆံနဲ့ ဒီတိုင်း တိုင်းပြည်ထဲမှာရှိနေတဲ့ပိုက်ဆံကိုထားမယ့်အစား နိုင်ငံတကာကို ထွက်ပြီးရင်းတယ် ပေါ့။ နောက်တစ်ခုက ဒီနေရာသည် သူ့နိုင်ငံအတွက် တိုက်ရိုက်အကျိုးမရှိပေမယ့် အာဆီယံဇုန်ကြီး တစ်ခုလုံးအတွက် အကျိုးရှိတယ်။ သူသာရင်းရင် စီးပွားဖြစ်မယ်လို့သေ ချာနေတဲ့နေရာတစ်ခုဖြစ်တဲ့ အတွက် လာရောက်ရင်း နှီးမြှုပ်နှံတာပေါ့။ အဲဒီအတွက်ကြောင့်လာတာ။ နောက်တစ်ခုက မြန်မာပြည်မှာ ဆိုရင် ကျောက်ဖြူကို တရုတ်ယူထားတယ်၊ သီလဝါကို ဂျပန်ယူထားတယ်၊ ဒီနေရာကိုက ရုရှားယူထား တယ်ဆိုရင် ဘာပဲပြော ပြော ရုရှားအတွက်ကလည်း တောင်ဘက်အခြမ်း ပင်လယ်ကြီး အာရှပစိဖိတ် ဒေသတစ်ခုလုံးရဲ့ ပင်လယ်ပြင်အတွက်ကိုလည်း တစ်ခုခုတော့ အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်တာ ပေါ့နော်။ အဲဒီအတွက်ကြောင့်လို့ ကျွန်တော်ထင်ပါတယ်။
မေး- နောက်တစ်ခုက ရုရှားတွေက ဒီမှာလာပြီးတော့ Investment လုပ်တယ်ဆိုတဲ့အခါမှာ ကျွန် တော်တို့အားလုံးမြင်ထားတာက ရုရှားတွေက ဒီစီမံ ကိန်းကြီးတစ်ခုလုံးကို စီမံခန့်ခွဲနိုင်ပါ့မလားဆိုတဲ့ မေးခွန်းပေါ့။ ဘာလို့လဲဆို ရုရှားတွေမှာ အဲဒီလောက် ကြီးကြီးမားမား တကယ့်ကိုအကြီးစားပေါ့ တရုတ် တွေ လောက်လုပ်နိုင်တဲ့ဟာမျိုးမတွေ့ရဘူးလို့ အားလုံးက ကောက်ချက်ချကြတယ်။ လုပ်နိုင်ပါ့မလားဆို တဲ့ မေးခွန်းတစ်ချက်။ နောက်တစ်ခုက မြန်မာပြည်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေကကော ဒီလောက် ကြီးတဲ့ ဟာကြီးမှာ ဘယ်လောက်ရာခိုင်နှုန်းအထိ ဝင်ပါနိုင်ပါ့ မလဲ။ ပါနိုင်ရင်ကော ပိစိပေါက်စလေးပဲဖြစ် မလားဆိုတဲ့ မေးခွန်းတွေလည်းရှိတယ်။
ဖြေ- အဲဒီလိုတော့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ရုရှားလည်း သူ့နည်းသူ့ဟန်နဲ့ တိုးတက်ခဲ့တာပဲ လေ။ လက်ရှိ ရုရှားကို တရုတ်တောင်လိုက်မမီတဲ့နည်းပညာ တွေ အများကြီးရှိတယ်လေ။ တရုတ်တောင် နျူကလီးယားနဲ့ပတ်သက်ရင် ကျွန်တော့်အထင် အရေးကြီးတဲ့ Core နျူကလီးယားပိုင်းတွေကို ရုရှားကပဲ နည်းပညာ အဖွံ့ဖြိုးဆုံး။ ဘာလို့လဲဆို နျူကလီးယား Power Plant တည်တဲ့ တကယ့်အဓိက နျူကလီး ယားလောင်စာကို တရုတ်က ရုရှားဆီကနေယူနေရတာလေ။ နိုင်ငံအတော်များများကလည်း ရုရှားဆီက ပဲယူရတာ။ သူ့ဆီ ကထွက်တာ။ အဲဒီလိုပဲ ရုရှားမှာ တခြားတိုးတက်တဲ့ နည်းပညာတွေနဲ့ စီမံခန့်ခွဲနိုင် တယ်။ နောက်တစ်ခါ Process တစ်ခုလုပ်တာ Investment လုပ်တာရယ် Operation Management ရယ်၊ Process ကို Develop လုပ်တာရယ် မတူဘူး။ Investment လုပ်တဲ့သူကသတ်သတ် ဘဏ်တွေ Financial Institution ကလုပ်တယ်။ EPC ပေါ့ EPC ဆိုတာက Equipment Purchasing & Constru- ction ။ ဒါကိုကျွမ်းကျင်တဲ့အဖွဲ့က သတ်သတ်လုပ်တယ်။ ပြီးတော့မှ Operation Management ဆိုတာ သက်သက်လုပ်တယ်။ ဟိုတယ်တွေထောင်သလိုပေါ့ဗျာ။ မြန်မာပြည်မှာ အခန်း (၂၀ဝ) လောက်ပါတဲ့ ကွန်ဒိုကြီးတစ်လုံးပိုင်တဲ့သူက Hotel Chain တွေကို ဟိုတယ်လုပ်ငန်းတွေကို ရာခိုင်နှုန်းတစ်ခုပေးပြီး တော့ Run ခိုင်းလိုက်တယ်။ သူ့ Network နဲ့သူသွားပြီး အောင်မြင်သွားတဲ့အခါ အကျိုးအမြတ်ကို ခွဲပြီး စားကြတယ်ဆို ဒီသဘောပဲ။ Operation Management သူတို့ကျွမ်းစရာမလိုဘူး။ Operation Manag- ement ကျွမ်းကျင်တဲ့သူကို ဒူဘိုင်းက Operation Management ကျွမ်းတယ်ဆိုရင် ဒူဘိုင်းကပုံဆောက် တာက ကုမ္ပဏီတစ်ခုဆောက်တယ်။ ရင်းတာက ကုမ္ပဏီ တစ်ခုရင်းတယ်။ Operation Management ကို ကျွမ်းကျင်တဲ့သူကို Run ခိုင်းတယ်။ သူ့ Network နဲ့သူလာပြီးလုပ်သွားတယ်ဆိုရင် ဆက်စပ်ပြီးတော့ အားလုံးအောင်မြင်သွားတာပဲ။ တစ်ယောက်တည်းကပဲရင်း၊ တစ်ယောက်တည်းကပဲဆောက်လုပ်၊ တစ် ယောက်တည်းကပဲ Operation Management လုပ်ဆိုတာ ကမ္ဘာမှာမရှိဘူး။ အဲဒါမျိုး အားလုံးသူ့ဟာနဲ့ သူ အားလုံးကျွမ်းကျင်တာလုပ်သွားတဲ့အတွက် အောင်မြင်ကြတယ်။ ဒီလိုယူဆလို့ရတယ်။ နောက် တစ်ခါ ဗမာတွေကကော ပါနိုင်ပါ့မလားဆိုတာ ကျွန်တော်ခုနပြောတဲ့ Project Finance Raising ကို ကောင်းကောင်းနားလည်ရင် မြန်မာလည်း ကုမ္ပဏီအ ကြီးကြီးတွေလုပ်လို့ရတယ်။ မြန်မာပြည်မှာ လုပ်နိုင်စွမ်းရှိတဲ့လုပ်ငန်းရှင်တွေ အများကြီးရှိတယ်။ အဓိက က ဘဏ်တွေရဲ့ Facility ညံ့တာရယ်၊ တစ်ယောက်ချင်းစီကို ချေးငှားနိုင်တဲ့ Limit သေးတာရယ်ပေါ့။ မြန်မာပြည်မှာက အပေါင်ပစ္စည်းရှိမှ ငွေချေးလို့ရမယ် ဆိုတဲ့ကိစ္စမျိုးဖြစ်နေတော့ Project Financing ဆိုတာ မြန်မာပြည်မှာ မဖွံ့ဖြိုးသေးဘူး။ အဲဒီတော့ ဘာ ဖြစ်လဲ။ တိုင်းပြည်ဖွံ့ဖြိုးမှုနောက်ကျတာလည်း အဲဒီဟာတွေ အများကြီးပါတယ်။ နိုင်ငံ တကာမှာကျတော့ လူတွေက ဘဏ်ကငွေနဲ့ပဲ အလုပ်လုပ်တာ။ သူရဲ့ပိုက်ဆံကို တစ်ကျပ်ပဲ ထည့်ပြီး တော့ ဘဏ်ကငွေကို (၉၉၉)ကျပ်လောက်နဲ့ အလုပ်လုပ်တာ။ အဲဒီတော့ လုပ်နိုင်တဲ့ကြံရည်ဖန်ရည်ပေါ့ နော်။ လုပ်နိုင်စွမ်းရှိပြီးတော့ အောင်မြင်နိုင်လောက်တဲ့ပရောဂျက်ကို ဖန်တီးနိုင်ဖို့ပဲလိုတာ။ အရင်းအနှီး အတွက် ပူစရာမလိုဘူး တခြားနိုင်ငံမှာ။ မြန်မာပြည်မှာကျတော့ ဘယ်လောက်လုပ်နိုင်လုပ်နိုင် ငွေမရှိရင် လုပ်လို့မရဘူးဆိုတဲ့အခါ ကျတော့ မြန်မာတွေက ဘာဖြစ်ကုန်လဲဆိုတော့ တစ်ဆင့်ခံ ကော်မရှင်စား လောက်လေးဖြစ်တဲ့ဟာပဲဖြစ် ကုန်တယ်။ အဲဒီတော့ Banking Facility ကောင်းကောင်းဖြစ်မယ်ဆိုရင် မြန်မာလူငယ်တွေအများကြီး အလုပ်ဖြစ်လာနိုင်တယ်၊ SME တွေ အများကြီးတိုး တက်လာနိုင်တယ်။ မြန်မာတွေချမ်းသာမှ မြန်မာ ပြည်ကြီးချမ်းသာမှာလေ။ အဲဒါကို ဘဏ်ကလူတွေ နားလည်ဖို့လိုတာ။
မေး- ခုနရှေ့မှာပြောတဲ့အထဲမှာ ထားဝယ်သာ အောင်မြင်သွားခဲ့ရင် (၂၀/၃၀)လောက် ဂျီဒီပီ တက် မယ်ပေါ့။ ကျွန်တော်တို့က တက်မယ်လို့ တစ်ဖက်က ပြောပေမယ့် အနှောင့်အယှက်တွေဆိုတာရှိသေး တယ်။ ဒီစီမံကိန်းမအောင်မြင်ရေးအတွက် ပြည်ပအနှောင့်အယှက်က ကြီးကြီးမားမား ဝင်လာနိုင်ခြေ လည်းရှိတယ်။ ဒီအတွက်ကော ဒီဘက်က ဘာတွေပြင်ဆင်ထားဖို့ လိုအပ်လဲ။ ဘယ်ဟာကို ပိုပြီးကြောက် ရလဲ။ ဘယ်သူ့ ရဲ့အနှောင့်အယှက်ကို ပိုပြီးကြောက်ရလဲ။
ဖြေ- အဓိကတော့ ပြည်ပအနှောင့်အယှက်ဆို တာလေ။ ကိုယ်ကပညာသားပါပါဆွဲဆောင်နိုင်ဖို့လိုတာ ပေါ့နော်။ တကယ်နှောင့်ယှက်မယ့်နိုင်ငံတွေကိုလည်း ဒီထဲမှာပါဝင်လာအောင် မြှူဆွယ်ဖို့လိုတာပေါ့။ မင်းတို့ကိုလည်း ငါတို့ဒီလိုနေရာတွေပေးမယ်၊ ဒီလို တွေလုပ်လို့ရမယ်။ တချို့စီးပွားရေးသမားတွေက သူ့တိုင်းပြည် Government Policy က ဘာပဲဖြစ်ဖြစ် စီးပွားဖြစ်နေမယ်ဆိုရင် နည်းမျိုးစုံနဲ့လာလုပ်တာ တွေ ရှိတယ်။ ဥပမာ-ရုရှားလိုနိုင်ငံမျိုးမှာ MacDonald ရှိတယ်၊ KFC ရှိတယ်။ အမေရိကန်က Brand တွေ၊ ဂျာမနီက Brand တွေ၊ ဥရောပက Brand တွေ အ ကုန်ရှိတယ်။ ရုရှားတိုင်းပြည်မှာ ဒါပေမဲ့ Sanction ဖြစ်သွားတဲ့အချိန်မှာ သူတို့က နာမည်ပြောင်းလိုက်တယ်။ Owner ကတော့သူတို့ပဲ။ ဒါပေမဲ့ ရှေ့မှာ နာမည်ခံပြီး သူတို့အလုပ်လုပ်သွားတယ်။ ခုထိ အဲဒါတွေ ကရောင်းနေတုန်း။ ရုရှားမှာ ဥရောပထုတ်ကား တွေမှ အများကြီးပဲ။ ရုရှားထုတ်တဲ့ကားထက်တောင် ပိုများသေးတယ်။ ဘာလို့လဲ စီးပွားရေးသမားဆိုတာ ကတော့ သူ့အကျိုးအမြတ်ရရှိဖို့အတွက် နည်းမျိုးစုံသုံးကြတာဖြစ်တဲ့အတွက် ဒီလူတွေကို ကိုယ်က ဒီပရောဂျက်ရဲ့အောင်မြင်နိုင်စွမ်းနဲ့ ဖြစ်မြောက်နိုင်စွမ်းကို ချပြနိုင်ရင် သေချာပေါက် ဒီလူတွေအကုန် လာရင်းနှီးမှာ။ သေချာပေါက် ထိုင်းတွေလာမယ်၊ စင်ကာပူတွေ လာမယ်။ မြန်မာပြည်မှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုက အများဆုံး။ အဲဒီတော့ စင်ကာပူလုပ်ငန်းရှင်တွေက တော့လာမှာပဲ။ နည်းမျိုးစုံနဲ့လာမှာ May be ။ တခြား တိုင်းပြည်ကနေလှည့်ပြီးတော့ လာရင်လည်းလာမှာပဲ။ စင်ကာပူရင်းနှီးမြှုပ်နှံမှုပဲ။ ဗီယက်နမ် ကုမ္ပဏီအနေ နဲ့လာရင်လာမယ်။ လုပ်ငန်းရှင်ဆိုတာကတော့ အကျိုးအမြတ်ရှိတဲ့ နေရာ ကိုလာတာပဲလေ။ အဲဒါကြောင့် ဒါကို မဖြစ်ဖြစ်အောင်လုပ်ဖို့ပဲအရေးကြီးတယ်။ သေချာပေါက် အောင် မြင်မှာလို့ ကျွန်တော်ကတော့ ယုံကြည်တယ်။
မေး- ပြည်တွင်းကပြဿနာဆိုတာရှိသေးတယ်။ ထားဝယ်ဒေသက အရင်တုန်းကလည်း လူတွေက ဆန္ဒပြတာတွေအများကြီးရှိတယ်။ အခုက ဆန္ဒပြတာထက် ကြမ်းသွားပြီ။ လက်နက်ကိုင်ပုန်ကန်တာ ဖြစ်သွားပြီ။ လက်နက်ကိုင်ပြီးပုန်ကန်နိုင်တဲ့သူတွေ အများကြီးရှိတာပေါ့။ အထူးသဖြင့် ထားဝယ်ဒေသ တစ်ခုလုံးမှာ လက်နက်ကိုင်အုပ်စုတွေရှိတယ်။ နယ်မြေခံဒေသ PDF တွေရှိတယ်။ အဲဒီပြဿနာတွေ ကလည်း အချိန်ယူပြီး ရှင်းရဦးမယ်လို့ယူဆတယ်။ အဲဒီပြဿနာကိုကော အစိုးရက ဘယ်လိုဖြေရှင်း သင့်ပြီလဲ။ အခုစပြီး ဖြေရှင်းသင့်ပြီလား။
ဖြေ- ဒီလုပ်ငန်းတွေစမယ်ဆိုရင်တော့ လုံခြုံ ရေးက အရေးကြီးတယ်။ တကယ်စတော့မယ်ဆိုရင် တော့လည်း နိုင်ငံတော်ပိုင်းက လုံခြုံရေးကိစ္စတွေကို တာဝန်ယူပြီး ဖြေရှင်းမှာပေါ့။ နိုင်ငံတော် အဆင့် လုပ်တဲ့စီမံကိန်းကို။ အရပ်သားတွေလုပ်တဲ့စီမံကိန်းမှ မဟုတ်တာ။ နိုင်ငံတော်အဆင့်လုပ်တာ ဖြစ်တဲ့ အတွက် လုပ်ငန်းတွေစတင်တော့မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရအောင် သေချာရှင်းလင်းပြီးတော့ ဆောင်ရွက်သွားမယ်လို့တော့ ကျွန်တော်ထင်ပါတယ်။
မေး- နောက်တစ်ချက်က တစ်ဖက်က စီမံကိန်းက လက်ရှိအခြေအနေအရ ဘာမှမလုပ်ရသေးဘူးလို့ ပြောလို့ရတယ် စာချုပ်ချုပ်ခဲ့ရုံအဆင့်ပဲရှိသေး တယ်။ တကယ်တမ်း မြေပြင်သွားတဲ့လုပ်ငန်းစဉ်တွေက ကြာသွားနိုင်ခြေရှိသလား။ စကားအဖြစ်နဲ့ လေပေါ်မှာပျောက်သွားပြီး စာချုပ်နဲ့ပဲပျောက်သွားပြီးတော့ ဖြစ်သွားနိုင်ခြေရှိလား။ ဘာဖြစ်လို့လဲဆိုတော့ အီတာ လျံ-ထိုင်းတုန်းကလည်း အဲဒီလိုပဲ။ လုပ်တော့မယ် ကိုင်တော့မယ်နဲ့ ပြီးလည်းပြီးရော နှစ် (၂၀) လောက်သာ ကြာသွားတယ်။ ဇာတ်မျောကြီးဖြစ်သွားတယ်။ အခုလည်း ဒီလိုမျိုးဖြစ်သွားနိုင်ခြေရှိသလားပေါ့ ဘယ်လိုမြင်မိလဲ။
ဖြေ- ဒါကတော့ ဒီလိုရှိတယ်။ အီတာလျံ- ထိုင်း က ထိုင်းကုမ္ပဏီလေ။ နောက်တစ်ခါသူတို့ကို Funding ပေးမယ့်ကုမ္ပဏီတွေက သူက မျှော်လင့်ထားတာက ဂျပန်တို့၊ စင်ကာပူက Funding တွေလာလိမ့်မယ် လို့မျှော်လင့်ထားတယ်။ သို့သော် အမေရိကန်ရဲ့ဖိအားရယ် ဂျပန်နဲ့စင်ကာပူတို့က မလွန်ဆန်နိုင်တဲ့ အခါ မှာ အီတာလျံ- ထိုင်းကို ငွေထုတ်ချေးဖို့ အခက်အခဲဖြစ်သွားတယ်။ အဲဒီအတွက်ကြောင့် ဒီပရောဂျက်က ရပ်သွားတယ်။ ငွေမရှိရင် ဘာမှလုပ်လို့မရဘူးလေ။ အခု ဒီပရောဂျက်ကကျတော့ မြန်မာနဲ့ ရုရှား က ချစ်ကြည်ရေးအရမ်းကောင်းတယ်။ ချစ်စ ခင်စ ကြင်နာစ ဆိုတော့ အကောင်းဆုံးတွေပဲယူလာ ပြီးတော့ Date ကျ တဲ့အခြေအနေဖြစ်နေတော့ ရုရှားကလည်း မြန်မာကို ကြီးပွားတိုးတက်အောင်မြင်အောင် လုပ်ပေးချင်တဲ့ စိတ်ရှိနေတာဖြစ်တဲ့အတွက် ဒီချေးငွေကပေးမှာပဲ။ ဒါပေမဲ့ ဘဏ်ကျေနပ်အောင်တော့ Assess တွေ၊ FA တွေတော့လုပ်ပေးဖို့လိုတာပေါ့။ လုပ်ပေးနိုင်ရင် ချေး ငွေကရမှာပဲ။ မြန်မာပြည်အစိုးရ ကလည်း ဒီအချိန်မှာ တိုင်းပြည်တကယ်ထူထောင်ရမယ့်အချိန်ရောက်နေတာဖြစ်တဲ့အတွက် ဖြစ်အောင် လုပ်မှာပဲ။ ဒါ့အတွက် ကြောင့်မို့လို့ ရွေးကောက်ပွဲတွေလုပ်မယ်၊ တိုင်းပြည် ပြန်တိုးတက်အောင်လုပ်မယ် ဆိုတဲ့အချိန်မှာ အဲဒီတော့ အခုအချိန်မှာက တစ်ဖက်က တိုက်ကြခိုက်ကြတဲ့လူတွေလည်း မောနေပြီ၊ ပင်ပန်းနေပြီပေါ့နော်။ အဲဒီတော့ ယာလည်းညက်စေ၊ ကြက်လည်းနွမ်းစေဆိုတဲ့သဘောမျိုး အခြေအနေ လည်းရောက်နေတော့ ဒါလေးကို လွယ်လွယ်ကူကူငြိမ်းချမ်းအောင် ဖိဖိစီးစီးလေးလုပ်ပြီးတော့ ရုရှား ကလည်း ဘဏ်တွေကပေးမှာ အနောက်နိုင်ငံကမဟုတ်တဲ့အတွက် အရင် စင်ကာပူတို့၊ ဂျပန်ဘဏ်တို့လို ငါတို့မပေးတော့ဘူးဆိုတဲ့ကိစ္စမျိုး မဖြစ်နိုင်ဘူးပေါ့နော်။ ရုရှားကလည်း သေချာ ပေါက်ကူညီချင်တာ ဖြစ် တဲ့အတွက် ပေးမှာပါ။
မေး- ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရုရှားလာပြီးတော့ Investment လုပ်မယ့်ကိစ္စတွေက အစောဆုံးဘယ်ကာလအထိ ဖြစ်နိုင်ခြေရှိသလဲ။ နောက်အကျဆုံး ဘယ်ကာလအထိရွှေ့သွားနိုင်ခြေရှိ သလဲ။ ခန့်မှန်းမယ်ဆိုရင်ပေါ့။
ဖြေ- လုပ်ငန်းတွေရဲ့သဘောတရားအရတော့ Feasibility Study လုပ်တာက (၈) လကနေ တစ်နှစ် အတွင်း ကြာတတ်တယ်။ ပြီးသွားရင် ဒီအချက်တွေကို အခြေခံပြီးတော့ ကုန်ကျမယ့် Cost တွေ တွက် မယ်၊ ပြန်ရနိုင်ခြေခန့်မှန်းငွေ ဝင်ငွေဘယ်လောက်ရမလဲတွက်ကြတာက နှစ်လ သုံးလလောက် ကြာတာ ပေါ့နော်။ အဲဒီအပေါ်မှာ ငွေချေးတဲ့အခါ Project IRR လို့ခေါ်တဲ့ Internal Rate of Return ဆိုတဲ့ Rate ပေါ်မှာမူတည်ပြီးတော့ ဘဏ်တွေရဲ့ အတိုးကို ဘယ်လောက်ခံနိုင်မလဲဆိုတာ အဲဒီအပေါ် မှာကြည့်ပြီး ချေးကြတာ။ အခုကနေစပြီးတော့ နောက် တစ်နှစ်လောက်အတွင်းကတော့ Paper work တွေလေ့လာ တာတွေ၊ စမ်းသပ်တာတွေနဲ့ပဲသွားမှာ။ (၂၀၂၆) လေးလ၊ ငါးလ လောက်ကနေစပြီးတော့ ဒီပရောဂျက်က ဆောက်လုပ်ရေးလုပ်ငန်းတွေ စသွား လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ နစက အစိုးရအဖွဲ့ကလည်း ရွေးကောက်ပွဲ တွေဘာတွေလုပ်မယ်လို့ ရုရှားသွားရင်းနဲ့ကြေညာ လိုက်တော့ ဒီဇင်ဘာ၊ ဇန်နဝါရီလောက်မှာလုပ်မယ်ဆို တော့ အားလုံးက ချိန်ကိုက်ပြီးတော့ တွက်ထားပြီးသား လို့ ကျွန်တော်ယူဆတယ်။ ရွေးကောက်ပွဲပြီးသွားရင် ရွေးကောက်ခံအစိုးရလက်ထက်မှာ ဒီပရောဂျက်စ သွားမယ်ဆိုရင် ဒီလောက်ကြီး အနှောင့်အယှက်လည်း မများနိုင်တော့ဘူး။ ရွေးကောက်ခံ အစိုးရဖြစ် လာတဲ့အတွက် တခြားနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုတွေက အများကြီးဖြစ်လာမှာ။ ရုရှားကစမယ်ဆို တာက ရုရှားက ပရောဂျက်ကြီးတစ်ခုလုံးကို အကုန်လုံးကို လုပ်တာမဟုတ်ဘူး။ တကယ့် Main Infrastr ucture ရင်းပေးလိုက်ပြီး ကျန်တဲ့ Infrastructure ထဲမှာလာ ဝင်ပြီး ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံပေါင်း များစွာ ကို ကျွန်တော်တို့တိုင်းပြည်အနေနဲ့က ဖိတ်ခေါ်လို့ရပြီလေ။ အဲဒီတိုင်းပြည်တွေက လာပြီးရင်းနှီးမြှုပ်နှံ။ ဒါကြီးက နိုင်ငံစုံပါဝင်တဲ့ပရော ဂျက်ကြီးဖြစ်သွားတာ ဖြစ်တဲ့အတွက် ရုရှားရဲ့ပရောဂျက်တို့၊ တရုတ်ရဲ့ ပရောဂျက်တို့ပြောလို့မရတော့ဘူး။ ဘာလို့ဆို အခုပဲ သီလဝါစက်မှုဇုန်ကိုကြည့်လိုက် သီလဝါစက်မှုဇုန် ထဲမှာ ဝင်ပြီးရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတွေက နိုင်ငံ ပေါင်းစုံကပါတယ်။ အဲဒီလိုပဲ ဒီပရောဂျက်ကြီး ကလည်း Main Infrastructure ကိုသာ ရုရှားက ဆောက်ပြီးတော့ ချေးငွေထုတ်ပြီးတော့ ဆောက်ပေး သွားတယ်။ သူ့ပိုက်ဆံသူ အရင်းကျေကာလတစ်ခုမှာ ပြန်ယူသွားပြီးရင် ဒါကြီးက မြန်မာပြည်အတွက်က ကျန်တဲ့နိုင်ငံသားပေါင်းစုံကို ဆက်ပြီးအလုပ် လုပ်စားရုံပဲ။ ပြောရမယ်ဆို သူက အိမ်ဆောက်ပေးသွား တယ်။ အခန်းတွေ ကိုယ့်ဘာသာကိုယ်ငှားစား ရတယ်ဆိုတဲ့သဘောမျိုး ဖြစ်သွားတာပေါ့။ အဲဒီတော့ နိုင်ငံစုံပါဝင်တဲ့ ပရောဂျက်ကြီးဖြစ်လာမှာ။ ဘာလို့လဲဆိုတော့ အာဆီယံကြီးတစ်ခုလုံးအတွက် အရေးပါ တဲ့ ပရောဂျက်တစ်ခုအနေနဲ့ ဖြစ်လာမယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။
ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
zawgyi version
“၂၀၂၆ ေလာက္က စၿပီး ေဆာက္လုပ္ေရးလုပ္ငန္းေတြစမယ္လို႔ ေမွ်ာ္လင့္ထားတယ္”
ယြန္း (NP News) - မတ္ ၂၆
(ယခင္တစ္ပတ္မွအဆက္)
ေမး- တ႐ုတ္ျပည္အတြက္က်ေတာ့ ထားဝယ္က အေရးပါတဲ့ေနရာမွာရွိႏိုင္ပါဦးမလား။
ေျဖ- တ႐ုတ္ျပည္ကေတာ့ သူရဲ႕ One Belt One Road စီမံကိန္းက ဥေရာပအထိလည္းေဖာက္မယ္၊ အေရွ႕ဘက္ကိုက ပင္လယ္ရွိၿပီးသားဆိုေတာ့ ေတာင္ဘက္မေလးရွားတို႔ ဘာတို႔ဘက္ကိုလည္း ဆက္ သြယ္ဖို႔လုပ္ထားတယ္ေလ။ ေနာက္တစ္ခါ ျမန္မာျပည္ ေက်ာက္ျဖဴကိုလည္း အေနာက္ဘက္ ဆိပ္ကမ္း အျဖစ္ သုံးဖို႔လုပ္ထားတယ္။ ေနာက္တစ္ခုက ဘဂၤလားေဒ့ရွ္ေပါ့။ အခု ဘဂၤလားေဒ့ရွ္ကေတာ့ အေနာက္ ဘက္က အေမရိကန္တို႔ဘာတို႔ရဲ႕စြက္ဖက္မႈေတြေၾကာင့္ ေခါင္းေဆာင္ေျပာင္းသြားၿပီျဖစ္တဲ့အတြက္ သူတို႔ လုပ္ရကိုင္ရခက္သြားတယ္။ ေက်ာက္ျဖဴက်ေတာ့လည္း လက္ရွိ လားရႈိးဘက္ကေန လမ္းေတာက္ ေလွ်ာက္ တိုက္ပြဲေတြနဲ႔ျဖစ္ေနေတာ့ ၿငိမ္းခ်မ္းဖို႔ အာမခံခ်က္မရွိဘူး ျဖစ္ေနတာေပါ့။ အဲဒီလိုမ်ိဳး ခဏခဏ တိုက္ပြဲေတြ ထထျဖစ္ေနရင္ ေတာက္ေလွ်ာက္ပုံမွန္သြားေနရမယ့္လုပ္ငန္းေတြ ရပ္သြားမွာျဖစ္တဲ့အတြက္ လုပ္ငန္းစတဲ့ အခ်ိန္မွ ရပ္ရပ္သြားရင္ ပိုၿပီးထိခိုက္တယ္။ အခုစဥ္း စားတာက လာအိုကို ရထားလမ္း ေဖာက္ထားတယ္။ အဲဒီကေန စင္ကာပူအထိ၊ မေလးရွားနဲ႔ ထိုင္းရဲ႕ အက္ဒမန္ပင္လယ္နဲ႔ Gulf of Thailand ဘက္ကို ခ်ိတ္ဆက္ဖို႔ဆိုၿပီးေတာ့ လမ္းေတြဆင္းလာတာရွိတယ္။ အဲဒီေတာ့ ထားဝယ္ SEZ ေနရာကေန အဲဒီ ရထားလမ္းကိုသြားဖို႔အတြက္က မိုင္ (၁၀ဝ) ေလာက္ပဲ ရွိတာ။ အဲဒီေလာက္ေလးခ်ိတ္ ဆက္လိုက္႐ုံနဲ႔ သူတို႔နဲ႔ခ်ိတ္မိသြားတာျဖစ္တဲ့အတြက္ တ႐ုတ္အတြက္လည္း တ႐ုတ္ရဲ႕ေတာင္ပိုင္းေဒသ ေတြ၊ အေနာက္ပိုင္း ေဒသေတြအတြက္ ဒီေနရာက အထူးကိုေက်းဇူးရွိတယ္။ အထူးကို အဓိကက်တယ္။
ေမး- အဲဒီေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ ထားဝယ္စီမံကိန္းေပၚမွာ ပါဝင္ပတ္သက္လာႏိုင္တဲ့ အလားအလာ ေကာ ဘယ္လိုျဖစ္မလဲ။ ပါဝင္ပတ္သက္တယ္ဆိုတာ ေတာ့ ႏွစ္မ်ိဳးရွိတာေပါ့။ သူဝင္ပါရရင္ ပါရ၊ မပါရရင္ ဖ်က္တယ္ဆိုတာမ်ိဳးေပါ့။ အဲဒါမ်ိဳးေကာ ေမွ်ာ္လင့္ထားလား။
ေျဖ- ဖ်က္ေတာ့မဖ်က္ပါဘူး။ ဒါက သူ႔အတြက္လည္း အေရးႀကီးတဲ့ေနရာတစ္ခုပဲေပါ့။ သူ႔အတြက္ ကေတာ့ ငါးေၾကာ္မရေပမယ့္ ၾကက္ဥေၾကာ္ေတာ့ရမယ္ေလ။ သူက ဒီပေရာဂ်က္ေတြကိုမလုပ္ရေပမယ့္ ဒီပေရာဂ်က္ရဲ႕ ေနာက္ပိုင္းေျမေတြထဲမွာဝင္ၿပီးေတာ့ သူရဲ႕ စက္႐ုံအလုပ္႐ုံေတြ အမ်ားႀကီးလာတည္လို႔ ရတယ္။ ဒီမွာ EV ကားစက္႐ုံေတြတည္လို႔ရတယ္၊ အထည္ခ်ဳပ္စက္႐ုံေတြတည္လို႔ရတယ္။ အခြန္မရွိဘူး ေလ။ ဒီမွာလာတည္ၿပီးေတာ့ ဒီမွာ ႏိုင္ငံတကာေလယာဥ္ ကြင္းေတြ အဆင့္ျမႇင့္ထားမယ္ဆိုရင္ ႏိုင္ငံ တကာကို ပို႔ၿပီး ခ်ဳပ္ေနရတဲ့အထည္ေတြ၊ တပ္ဆင္ေနရတဲ့ စက္ပစၥည္းေတြအကုန္လုံးကို ဒီကိုပို႔ၿပီးေတာ့ ဒီမွာထုတ္ၿပီးေတာ့ ဒီကေနပဲျပန္သယ္သြားမွာျဖစ္တဲ့အတြက္ သူတို႔အတြက္ ေသခ်ာေပါက္အက်ိဳးရွိ တဲ့ကိစၥပဲ။ ႏိုင္ငံေတြတိုင္းမွာ ေဒသႏၲရအားျဖင့္ အေရးပါတဲ့ေနရာေတြ မွာရွိတဲ့ႏိုင္ငံတိုင္းမွာ Special SEZ ဆိုတာ လိုအပ္တယ္။ အဲဒီအတြက္ တ႐ုတ္အတြက္လည္း အဆင္ေျပမယ့္ကိစၥပဲ။
ေမး- ႐ုရွားက ဘာေၾကာင့္ ဒီဆိပ္ကမ္းမွာလာၿပီးေတာ့ တည္လဲဆိုတဲ့ေမးခြန္းမွာ ကြၽန္ေတာ္စိတ္ဝင္စား ဆုံးအေၾကာင္းအရာက သူရဲ႕ေရနံစိမ္းသေဘၤာေတြက အာဆီယံေဒသထဲက တျခားႏိုင္ငံေတြမွာလည္း တည္လို႔ရတာပဲ။ ဘာျဖစ္လို႔ ျမန္မာကိုေ႐ြးခ်ယ္လဲဆိုတာရယ္၊ ေနာက္ျမန္မာျပည္မွာ ေနာက္ထပ္ သူဘာရ စရာရွိလို႔ လာတည္တာလဲ။ ဒီလိုတည္လိုက္ျခင္းအား ျဖင့္ သူရဲ႕ရႏိုင္တဲ့အက်ိဳးအျမတ္ဆိုတာ ဘာလဲေပါ့။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ အက်ိဳးအျမတ္အေၾကာင္း စဥ္းစားေနတဲ့ အခ်ိန္မွာ ႐ုရွားလည္း သူ႔အတြက္က တစ္ခုခုေမွ်ာ္လင့္ခ်က္ရွိတယ္လို႔ ယူဆတယ္။ ဘာျဖစ္ႏိုင္လဲ။
ေျဖ- ကြၽန္ေတာ္ အေပၚမွာေျပာခဲ့သလိုေပါ့။ ေငြရွိတဲ့သူက ေငြကို ေငြနဲ႔ပဲ ခိုင္းစားတာေလ။ သူလည္း ကမာၻ႔အင္အားႀကီးႏိုင္ငံျဖစ္တဲ့အတြက္ သူ႔မွာလည္း သူ႔ဘာသာသူ စစ္ပဲျဖစ္ေနေန၊ ဘာပဲျဖစ္ေနေန ေရနံ ေရာင္းစားလို႔ရတဲ့ပိုက္ဆံက နည္းတာမဟုတ္ဘူးေလ။ အဲဒီေတာ့ သူ႔အေနနဲ႔က ဒီေငြေတြကို တိုင္းျပည္ထဲ မွာ ဒီအတိုင္းသိမ္းထားမယ့္အစား ရင္းႏွီးျမႇဳပ္ႏွံၿပီးေတာ့ ဒီကေနရတဲ့ေငြေတြကေန ထပ္ၿပီး တိုးပြားေအာင္ လုပ္ရမွာပဲေလ။ ငါ ဒီေလာက္ေတာ့ ခ်မ္းသာသြားၿပီဆိုၿပီး ရပ္လိုက္လို႔မရဘူးေလ။ လူဦးေရက ေတာက္ ေလွ်ာက္ တိုးပြားေနတာ။ တိုင္းျပည္ဆိုတာ ဝင္ေငြက တိုးသထက္တိုးေနဖို႔လိုတာကိုး။ အဲဒီေတာ့ ရွိလာ တဲ့ပိုက္ဆံနဲ႔ ဒီတိုင္း တိုင္းျပည္ထဲမွာရွိေနတဲ့ပိုက္ဆံကိုထားမယ့္အစား ႏိုင္ငံတကာကို ထြက္ၿပီးရင္းတယ္ ေပါ့။ ေနာက္တစ္ခုက ဒီေနရာသည္ သူ႔ႏိုင္ငံအတြက္ တိုက္႐ိုက္အက်ိဳးမရွိေပမယ့္ အာဆီယံဇုန္ႀကီး တစ္ခုလုံးအတြက္ အက်ိဳးရွိတယ္။ သူသာရင္းရင္ စီးပြားျဖစ္မယ္လို႔ေသ ခ်ာေနတဲ့ေနရာတစ္ခုျဖစ္တဲ့ အတြက္ လာေရာက္ရင္း ႏွီးျမႇဳပ္ႏွံတာေပါ့။ အဲဒီအတြက္ေၾကာင့္လာတာ။ ေနာက္တစ္ခုက ျမန္မာျပည္မွာ ဆိုရင္ ေက်ာက္ျဖဴကို တ႐ုတ္ယူထားတယ္၊ သီလဝါကို ဂ်ပန္ယူထားတယ္၊ ဒီေနရာကိုက ႐ုရွားယူထား တယ္ဆိုရင္ ဘာပဲေျပာ ေျပာ ႐ုရွားအတြက္ကလည္း ေတာင္ဘက္အျခမ္း ပင္လယ္ႀကီး အာရွပစိဖိတ္ ေဒသတစ္ခုလုံးရဲ႕ ပင္လယ္ျပင္အတြက္ကိုလည္း တစ္ခုခုေတာ့ အေထာက္အကူ ျဖစ္ေကာင္းျဖစ္ႏိုင္တာ ေပါ့ေနာ္။ အဲဒီအတြက္ေၾကာင့္လို႔ ကြၽန္ေတာ္ထင္ပါတယ္။
ေမး- ေနာက္တစ္ခုက ႐ုရွားေတြက ဒီမွာလာၿပီးေတာ့ Investment လုပ္တယ္ဆိုတဲ့အခါမွာ ကြၽန္ ေတာ္တို႔အားလုံးျမင္ထားတာက ႐ုရွားေတြက ဒီစီမံ ကိန္းႀကီးတစ္ခုလုံးကို စီမံခန႔္ခြဲႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္းေပါ့။ ဘာလို႔လဲဆို ႐ုရွားေတြမွာ အဲဒီေလာက္ ႀကီးႀကီးမားမား တကယ့္ကိုအႀကီးစားေပါ့ တ႐ုတ္ ေတြ ေလာက္လုပ္ႏိုင္တဲ့ဟာမ်ိဳးမေတြ႕ရဘူးလို႔ အားလုံးက ေကာက္ခ်က္ခ်ၾကတယ္။ လုပ္ႏိုင္ပါ့မလားဆို တဲ့ ေမးခြန္းတစ္ခ်က္။ ေနာက္တစ္ခုက ျမန္မာျပည္ထဲက စီးပြားေရးလုပ္ငန္းရွင္ေတြကေကာ ဒီေလာက္ ႀကီးတဲ့ ဟာႀကီးမွာ ဘယ္ေလာက္ရာခိုင္ႏႈန္းအထိ ဝင္ပါႏိုင္ပါ့ မလဲ။ ပါႏိုင္ရင္ေကာ ပိစိေပါက္စေလးပဲျဖစ္ မလားဆိုတဲ့ ေမးခြန္းေတြလည္းရွိတယ္။
ေျဖ- အဲဒီလိုေတာ့ ေျပာလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ ႐ုရွားလည္း သူ႔နည္းသူ႔ဟန္နဲ႔ တိုးတက္ခဲ့တာပဲ ေလ။ လက္ရွိ ႐ုရွားကို တ႐ုတ္ေတာင္လိုက္မမီတဲ့နည္းပညာ ေတြ အမ်ားႀကီးရွိတယ္ေလ။ တ႐ုတ္ေတာင္ န်ဴကလီးယားနဲ႔ပတ္သက္ရင္ ကြၽန္ေတာ့္အထင္ အေရးႀကီးတဲ့ Core န်ဴကလီးယားပိုင္းေတြကို ႐ုရွားကပဲ နည္းပညာ အဖြံ႕ၿဖိဳးဆုံး။ ဘာလို႔လဲဆို န်ဴကလီးယား Power Plant တည္တဲ့ တကယ့္အဓိက န်ဴကလီး ယားေလာင္စာကို တ႐ုတ္က ႐ုရွားဆီကေနယူေနရတာေလ။ ႏိုင္ငံအေတာ္မ်ားမ်ားကလည္း ႐ုရွားဆီက ပဲယူရတာ။ သူ႔ဆီ ကထြက္တာ။ အဲဒီလိုပဲ ႐ုရွားမွာ တျခားတိုးတက္တဲ့ နည္းပညာေတြနဲ႔ စီမံခန႔္ခြဲႏိုင္ တယ္။ ေနာက္တစ္ခါ Process တစ္ခုလုပ္တာ Investment လုပ္တာရယ္ Operation Management ရယ္၊ Process ကို Develop လုပ္တာရယ္ မတူဘူး။ Investment လုပ္တဲ့သူကသတ္သတ္ ဘဏ္ေတြ Financial Institution ကလုပ္တယ္။ EPC ေပါ့ EPC ဆိုတာက Equipment Purchasing & Constru- ction ။ ဒါကိုကြၽမ္းက်င္တဲ့အဖြဲ႕က သတ္သတ္လုပ္တယ္။ ၿပီးေတာ့မွ Operation Management ဆိုတာ သက္သက္လုပ္တယ္။ ဟိုတယ္ေတြေထာင္သလိုေပါ့ဗ်ာ။ ျမန္မာျပည္မွာ အခန္း (၂၀ဝ) ေလာက္ပါတဲ့ ကြန္ဒိုႀကီးတစ္လုံးပိုင္တဲ့သူက Hotel Chain ေတြကို ဟိုတယ္လုပ္ငန္းေတြကို ရာခိုင္ႏႈန္းတစ္ခုေပးၿပီး ေတာ့ Run ခိုင္းလိုက္တယ္။ သူ႔ Network နဲ႔သူသြားၿပီး ေအာင္ျမင္သြားတဲ့အခါ အက်ိဳးအျမတ္ကို ခြဲၿပီး စားၾကတယ္ဆို ဒီသေဘာပဲ။ Operation Management သူတို႔ကြၽမ္းစရာမလိုဘူး။ Operation Manag- ement ကြၽမ္းက်င္တဲ့သူကို ဒူဘိုင္းက Operation Management ကြၽမ္းတယ္ဆိုရင္ ဒူဘိုင္းကပုံေဆာက္ တာက ကုမၸဏီတစ္ခုေဆာက္တယ္။ ရင္းတာက ကုမၸဏီ တစ္ခုရင္းတယ္။ Operation Management ကို ကြၽမ္းက်င္တဲ့သူကို Run ခိုင္းတယ္။ သူ႔ Network နဲ႔သူလာၿပီးလုပ္သြားတယ္ဆိုရင္ ဆက္စပ္ၿပီးေတာ့ အားလုံးေအာင္ျမင္သြားတာပဲ။ တစ္ေယာက္တည္းကပဲရင္း၊ တစ္ေယာက္တည္းကပဲေဆာက္လုပ္၊ တစ္ ေယာက္တည္းကပဲ Operation Management လုပ္ဆိုတာ ကမာၻမွာမရွိဘူး။ အဲဒါမ်ိဳး အားလုံးသူ႔ဟာနဲ႔ သူ အားလုံးကြၽမ္းက်င္တာလုပ္သြားတဲ့အတြက္ ေအာင္ျမင္ၾကတယ္။ ဒီလိုယူဆလို႔ရတယ္။ ေနာက္ တစ္ခါ ဗမာေတြကေကာ ပါႏိုင္ပါ့မလားဆိုတာ ကြၽန္ေတာ္ခုနေျပာတဲ့ Project Finance Raising ကို ေကာင္းေကာင္းနားလည္ရင္ ျမန္မာလည္း ကုမၸဏီအ ႀကီးႀကီးေတြလုပ္လို႔ရတယ္။ ျမန္မာျပည္မွာ လုပ္ႏိုင္စြမ္းရွိတဲ့လုပ္ငန္းရွင္ေတြ အမ်ားႀကီးရွိတယ္။ အဓိက က ဘဏ္ေတြရဲ႕ Facility ညံ့တာရယ္၊ တစ္ေယာက္ခ်င္းစီကို ေခ်းငွားႏိုင္တဲ့ Limit ေသးတာရယ္ေပါ့။ ျမန္မာျပည္မွာက အေပါင္ပစၥည္းရွိမွ ေငြေခ်းလို႔ရမယ္ ဆိုတဲ့ကိစၥမ်ိဳးျဖစ္ေနေတာ့ Project Financing ဆိုတာ ျမန္မာျပည္မွာ မဖြံ႕ၿဖိဳးေသးဘူး။ အဲဒီေတာ့ ဘာ ျဖစ္လဲ။ တိုင္းျပည္ဖြံ႕ၿဖိဳးမႈေနာက္က်တာလည္း အဲဒီဟာေတြ အမ်ားႀကီးပါတယ္။ ႏိုင္ငံ တကာမွာက်ေတာ့ လူေတြက ဘဏ္ကေငြနဲ႔ပဲ အလုပ္လုပ္တာ။ သူရဲ႕ပိုက္ဆံကို တစ္က်ပ္ပဲ ထည့္ၿပီး ေတာ့ ဘဏ္ကေငြကို (၉၉၉)က်ပ္ေလာက္နဲ႔ အလုပ္လုပ္တာ။ အဲဒီေတာ့ လုပ္ႏိုင္တဲ့ႀကံရည္ဖန္ရည္ေပါ့ ေနာ္။ လုပ္ႏိုင္စြမ္းရွိၿပီးေတာ့ ေအာင္ျမင္ႏိုင္ေလာက္တဲ့ပေရာဂ်က္ကို ဖန္တီးႏိုင္ဖို႔ပဲလိုတာ။ အရင္းအႏွီး အတြက္ ပူစရာမလိုဘူး တျခားႏိုင္ငံမွာ။ ျမန္မာျပည္မွာက်ေတာ့ ဘယ္ေလာက္လုပ္ႏိုင္လုပ္ႏိုင္ ေငြမရွိရင္ လုပ္လို႔မရဘူးဆိုတဲ့အခါ က်ေတာ့ ျမန္မာေတြက ဘာျဖစ္ကုန္လဲဆိုေတာ့ တစ္ဆင့္ခံ ေကာ္မရွင္စား ေလာက္ေလးျဖစ္တဲ့ဟာပဲျဖစ္ ကုန္တယ္။ အဲဒီေတာ့ Banking Facility ေကာင္းေကာင္းျဖစ္မယ္ဆိုရင္ ျမန္မာလူငယ္ေတြအမ်ားႀကီး အလုပ္ျဖစ္လာႏိုင္တယ္၊ SME ေတြ အမ်ားႀကီးတိုး တက္လာႏိုင္တယ္။ ျမန္မာေတြခ်မ္းသာမွ ျမန္မာ ျပည္ႀကီးခ်မ္းသာမွာေလ။ အဲဒါကို ဘဏ္ကလူေတြ နားလည္ဖို႔လိုတာ။
ေမး- ခုနေရွ႕မွာေျပာတဲ့အထဲမွာ ထားဝယ္သာ ေအာင္ျမင္သြားခဲ့ရင္ (၂၀/၃၀)ေလာက္ ဂ်ီဒီပီ တက္ မယ္ေပါ့။ ကြၽန္ေတာ္တို႔က တက္မယ္လို႔ တစ္ဖက္က ေျပာေပမယ့္ အေႏွာင့္အယွက္ေတြဆိုတာရွိေသး တယ္။ ဒီစီမံကိန္းမေအာင္ျမင္ေရးအတြက္ ျပည္ပအေႏွာင့္အယွက္က ႀကီးႀကီးမားမား ဝင္လာႏိုင္ေျခ လည္းရွိတယ္။ ဒီအတြက္ေကာ ဒီဘက္က ဘာေတြျပင္ဆင္ထားဖို႔ လိုအပ္လဲ။ ဘယ္ဟာကို ပိုၿပီးေၾကာက္ ရလဲ။ ဘယ္သူ႔ ရဲ႕အေႏွာင့္အယွက္ကို ပိုၿပီးေၾကာက္ရလဲ။
ေျဖ- အဓိကေတာ့ ျပည္ပအေႏွာင့္အယွက္ဆို တာေလ။ ကိုယ္ကပညာသားပါပါဆြဲေဆာင္ႏိုင္ဖို႔လိုတာ ေပါ့ေနာ္။ တကယ္ေႏွာင့္ယွက္မယ့္ႏိုင္ငံေတြကိုလည္း ဒီထဲမွာပါဝင္လာေအာင္ ျမႇဴဆြယ္ဖို႔လိုတာေပါ့။ မင္းတို႔ကိုလည္း ငါတို႔ဒီလိုေနရာေတြေပးမယ္၊ ဒီလို ေတြလုပ္လို႔ရမယ္။ တခ်ိဳ႕စီးပြားေရးသမားေတြက သူ႔တိုင္းျပည္ Government Policy က ဘာပဲျဖစ္ျဖစ္ စီးပြားျဖစ္ေနမယ္ဆိုရင္ နည္းမ်ိဳးစုံနဲ႔လာလုပ္တာ ေတြ ရွိတယ္။ ဥပမာ-႐ုရွားလိုႏိုင္ငံမ်ိဳးမွာ MacDonald ရွိတယ္၊ KFC ရွိတယ္။ အေမရိကန္က Brand ေတြ၊ ဂ်ာမနီက Brand ေတြ၊ ဥေရာပက Brand ေတြ အ ကုန္ရွိတယ္။ ႐ုရွားတိုင္းျပည္မွာ ဒါေပမဲ့ Sanction ျဖစ္သြားတဲ့အခ်ိန္မွာ သူတို႔က နာမည္ေျပာင္းလိုက္တယ္။ Owner ကေတာ့သူတို႔ပဲ။ ဒါေပမဲ့ ေရွ႕မွာ နာမည္ခံၿပီး သူတို႔အလုပ္လုပ္သြားတယ္။ ခုထိ အဲဒါေတြ ကေရာင္းေနတုန္း။ ႐ုရွားမွာ ဥေရာပထုတ္ကား ေတြမွ အမ်ားႀကီးပဲ။ ႐ုရွားထုတ္တဲ့ကားထက္ေတာင္ ပိုမ်ားေသးတယ္။ ဘာလို႔လဲ စီးပြားေရးသမားဆိုတာ ကေတာ့ သူ႔အက်ိဳးအျမတ္ရရွိဖို႔အတြက္ နည္းမ်ိဳးစုံသုံးၾကတာျဖစ္တဲ့အတြက္ ဒီလူေတြကို ကိုယ္က ဒီပေရာဂ်က္ရဲ႕ေအာင္ျမင္ႏိုင္စြမ္းနဲ႔ ျဖစ္ေျမာက္ႏိုင္စြမ္းကို ခ်ျပႏိုင္ရင္ ေသခ်ာေပါက္ ဒီလူေတြအကုန္ လာရင္းႏွီးမွာ။ ေသခ်ာေပါက္ ထိုင္းေတြလာမယ္၊ စင္ကာပူေတြ လာမယ္။ ျမန္မာျပည္မွာ စင္ကာပူရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈက အမ်ားဆုံး။ အဲဒီေတာ့ စင္ကာပူလုပ္ငန္းရွင္ေတြက ေတာ့လာမွာပဲ။ နည္းမ်ိဳးစုံနဲ႔လာမွာ May be ။ တျခား တိုင္းျပည္ကေနလွည့္ၿပီးေတာ့ လာရင္လည္းလာမွာပဲ။ စင္ကာပူရင္းႏွီးျမႇဳပ္ႏွံမႈပဲ။ ဗီယက္နမ္ ကုမၸဏီအေန နဲ႔လာရင္လာမယ္။ လုပ္ငန္းရွင္ဆိုတာကေတာ့ အက်ိဳးအျမတ္ရွိတဲ့ ေနရာ ကိုလာတာပဲေလ။ အဲဒါေၾကာင့္ ဒါကို မျဖစ္ျဖစ္ေအာင္လုပ္ဖို႔ပဲအေရးႀကီးတယ္။ ေသခ်ာေပါက္ ေအာင္ ျမင္မွာလို႔ ကြၽန္ေတာ္ကေတာ့ ယုံၾကည္တယ္။
ေမး- ျပည္တြင္းကျပႆနာဆိုတာရွိေသးတယ္။ ထားဝယ္ေဒသက အရင္တုန္းကလည္း လူေတြက ဆႏၵျပတာေတြအမ်ားႀကီးရွိတယ္။ အခုက ဆႏၵျပတာထက္ ၾကမ္းသြားၿပီ။ လက္နက္ကိုင္ပုန္ကန္တာ ျဖစ္သြားၿပီ။ လက္နက္ကိုင္ၿပီးပုန္ကန္ႏိုင္တဲ့သူေတြ အမ်ားႀကီးရွိတာေပါ့။ အထူးသျဖင့္ ထားဝယ္ေဒသ တစ္ခုလုံးမွာ လက္နက္ကိုင္အုပ္စုေတြရွိတယ္။ နယ္ေျမခံေဒသ PDF ေတြရွိတယ္။ အဲဒီျပႆနာေတြ ကလည္း အခ်ိန္ယူၿပီး ရွင္းရဦးမယ္လို႔ယူဆတယ္။ အဲဒီျပႆနာကိုေကာ အစိုးရက ဘယ္လိုေျဖရွင္း သင့္ၿပီလဲ။ အခုစၿပီး ေျဖရွင္းသင့္ၿပီလား။
ေျဖ- ဒီလုပ္ငန္းေတြစမယ္ဆိုရင္ေတာ့ လုံၿခဳံ ေရးက အေရးႀကီးတယ္။ တကယ္စေတာ့မယ္ဆိုရင္ ေတာ့လည္း ႏိုင္ငံေတာ္ပိုင္းက လုံၿခဳံေရးကိစၥေတြကို တာဝန္ယူၿပီး ေျဖရွင္းမွာေပါ့။ ႏိုင္ငံေတာ္ အဆင့္ လုပ္တဲ့စီမံကိန္းကို။ အရပ္သားေတြလုပ္တဲ့စီမံကိန္းမွ မဟုတ္တာ။ ႏိုင္ငံေတာ္အဆင့္လုပ္တာ ျဖစ္တဲ့ အတြက္ လုပ္ငန္းေတြစတင္ေတာ့မယ္ဆိုရင္ေတာ့ ၿငိမ္းခ်မ္းေရးရေအာင္ ေသခ်ာရွင္းလင္းၿပီးေတာ့ ေဆာင္႐ြက္သြားမယ္လို႔ေတာ့ ကြၽန္ေတာ္ထင္ပါတယ္။
ေမး- ေနာက္တစ္ခ်က္က တစ္ဖက္က စီမံကိန္းက လက္ရွိအေျခအေနအရ ဘာမွမလုပ္ရေသးဘူးလို႔ ေျပာလို႔ရတယ္ စာခ်ဳပ္ခ်ဳပ္ခဲ့႐ုံအဆင့္ပဲရွိေသး တယ္။ တကယ္တမ္း ေျမျပင္သြားတဲ့လုပ္ငန္းစဥ္ေတြက ၾကာသြားႏိုင္ေျခရွိသလား။ စကားအျဖစ္နဲ႔ ေလေပၚမွာေပ်ာက္သြားၿပီး စာခ်ဳပ္နဲ႔ပဲေပ်ာက္သြားၿပီးေတာ့ ျဖစ္သြားႏိုင္ေျခရွိလား။ ဘာျဖစ္လို႔လဲဆိုေတာ့ အီတာ လ်ံ-ထိုင္းတုန္းကလည္း အဲဒီလိုပဲ။ လုပ္ေတာ့မယ္ ကိုင္ေတာ့မယ္နဲ႔ ၿပီးလည္းၿပီးေရာ ႏွစ္ (၂၀) ေလာက္သာ ၾကာသြားတယ္။ ဇာတ္ေမ်ာႀကီးျဖစ္သြားတယ္။ အခုလည္း ဒီလိုမ်ိဳးျဖစ္သြားႏိုင္ေျခရွိသလားေပါ့ ဘယ္လိုျမင္မိလဲ။
ေျဖ- ဒါကေတာ့ ဒီလိုရွိတယ္။ အီတာလ်ံ- ထိုင္း က ထိုင္းကုမၸဏီေလ။ ေနာက္တစ္ခါသူတို႔ကို Funding ေပးမယ့္ကုမၸဏီေတြက သူက ေမွ်ာ္လင့္ထားတာက ဂ်ပန္တို႔၊ စင္ကာပူက Funding ေတြလာလိမ့္မယ္ လို႔ေမွ်ာ္လင့္ထားတယ္။ သို႔ေသာ္ အေမရိကန္ရဲ႕ဖိအားရယ္ ဂ်ပန္နဲ႔စင္ကာပူတို႔က မလြန္ဆန္ႏိုင္တဲ့ အခါ မွာ အီတာလ်ံ- ထိုင္းကို ေငြထုတ္ေခ်းဖို႔ အခက္အခဲျဖစ္သြားတယ္။ အဲဒီအတြက္ေၾကာင့္ ဒီပေရာဂ်က္က ရပ္သြားတယ္။ ေငြမရွိရင္ ဘာမွလုပ္လို႔မရဘူးေလ။ အခု ဒီပေရာဂ်က္ကက်ေတာ့ ျမန္မာနဲ႔ ႐ုရွား က ခ်စ္ၾကည္ေရးအရမ္းေကာင္းတယ္။ ခ်စ္စ ခင္စ ၾကင္နာစ ဆိုေတာ့ အေကာင္းဆုံးေတြပဲယူလာ ၿပီးေတာ့ Date က် တဲ့အေျခအေနျဖစ္ေနေတာ့ ႐ုရွားကလည္း ျမန္မာကို ႀကီးပြားတိုးတက္ေအာင္ျမင္ေအာင္ လုပ္ေပးခ်င္တဲ့ စိတ္ရွိေနတာျဖစ္တဲ့အတြက္ ဒီေခ်းေငြကေပးမွာပဲ။ ဒါေပမဲ့ ဘဏ္ေက်နပ္ေအာင္ေတာ့ Assess ေတြ၊ FA ေတြေတာ့လုပ္ေပးဖို႔လိုတာေပါ့။ လုပ္ေပးႏိုင္ရင္ ေခ်း ေငြကရမွာပဲ။ ျမန္မာျပည္အစိုးရ ကလည္း ဒီအခ်ိန္မွာ တိုင္းျပည္တကယ္ထူေထာင္ရမယ့္အခ်ိန္ေရာက္ေနတာျဖစ္တဲ့အတြက္ ျဖစ္ေအာင္ လုပ္မွာပဲ။ ဒါ့အတြက္ ေၾကာင့္မို႔လို႔ ေ႐ြးေကာက္ပြဲေတြလုပ္မယ္၊ တိုင္းျပည္ ျပန္တိုးတက္ေအာင္လုပ္မယ္ ဆိုတဲ့အခ်ိန္မွာ အဲဒီေတာ့ အခုအခ်ိန္မွာက တစ္ဖက္က တိုက္ၾကခိုက္ၾကတဲ့လူေတြလည္း ေမာေနၿပီ၊ ပင္ပန္းေနၿပီေပါ့ေနာ္။ အဲဒီေတာ့ ယာလည္းညက္ေစ၊ ၾကက္လည္းႏြမ္းေစဆိုတဲ့သေဘာမ်ိဳး အေျခအေန လည္းေရာက္ေနေတာ့ ဒါေလးကို လြယ္လြယ္ကူကူၿငိမ္းခ်မ္းေအာင္ ဖိဖိစီးစီးေလးလုပ္ၿပီးေတာ့ ႐ုရွား ကလည္း ဘဏ္ေတြကေပးမွာ အေနာက္ႏိုင္ငံကမဟုတ္တဲ့အတြက္ အရင္ စင္ကာပူတို႔၊ ဂ်ပန္ဘဏ္တို႔လို ငါတို႔မေပးေတာ့ဘူးဆိုတဲ့ကိစၥမ်ိဳး မျဖစ္ႏိုင္ဘူးေပါ့ေနာ္။ ႐ုရွားကလည္း ေသခ်ာ ေပါက္ကူညီခ်င္တာ ျဖစ္ တဲ့အတြက္ ေပးမွာပါ။
ေမး- ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္းမွာ ႐ုရွားလာၿပီးေတာ့ Investment လုပ္မယ့္ကိစၥေတြက အေစာဆုံးဘယ္ကာလအထိ ျဖစ္ႏိုင္ေျခရွိသလဲ။ ေနာက္အက်ဆုံး ဘယ္ကာလအထိေ႐ႊ႕သြားႏိုင္ေျခရွိ သလဲ။ ခန႔္မွန္းမယ္ဆိုရင္ေပါ့။
ေျဖ- လုပ္ငန္းေတြရဲ႕သေဘာတရားအရေတာ့ Feasibility Study လုပ္တာက (၈) လကေန တစ္ႏွစ္ အတြင္း ၾကာတတ္တယ္။ ၿပီးသြားရင္ ဒီအခ်က္ေတြကို အေျခခံၿပီးေတာ့ ကုန္က်မယ့္ Cost ေတြ တြက္ မယ္၊ ျပန္ရႏိုင္ေျခခန႔္မွန္းေငြ ဝင္ေငြဘယ္ေလာက္ရမလဲတြက္ၾကတာက ႏွစ္လ သုံးလေလာက္ ၾကာတာ ေပါ့ေနာ္။ အဲဒီအေပၚမွာ ေငြေခ်းတဲ့အခါ Project IRR လို႔ေခၚတဲ့ Internal Rate of Return ဆိုတဲ့ Rate ေပၚမွာမူတည္ၿပီးေတာ့ ဘဏ္ေတြရဲ႕ အတိုးကို ဘယ္ေလာက္ခံႏိုင္မလဲဆိုတာ အဲဒီအေပၚ မွာၾကည့္ၿပီး ေခ်းၾကတာ။ အခုကေနစၿပီးေတာ့ ေနာက္ တစ္ႏွစ္ေလာက္အတြင္းကေတာ့ Paper work ေတြေလ့လာ တာေတြ၊ စမ္းသပ္တာေတြနဲ႔ပဲသြားမွာ။ (၂၀၂၆) ေလးလ၊ ငါးလ ေလာက္ကေနစၿပီးေတာ့ ဒီပေရာဂ်က္က ေဆာက္လုပ္ေရးလုပ္ငန္းေတြ စသြား လိမ့္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္တယ္။ ဘာလို႔လဲဆိုေတာ့ နစက အစိုးရအဖြဲ႕ကလည္း ေ႐ြးေကာက္ပြဲ ေတြဘာေတြလုပ္မယ္လို႔ ႐ုရွားသြားရင္းနဲ႔ေၾကညာ လိုက္ေတာ့ ဒီဇင္ဘာ၊ ဇန္နဝါရီေလာက္မွာလုပ္မယ္ဆို ေတာ့ အားလုံးက ခ်ိန္ကိုက္ၿပီးေတာ့ တြက္ထားၿပီးသား လို႔ ကြၽန္ေတာ္ယူဆတယ္။ ေ႐ြးေကာက္ပြဲၿပီးသြားရင္ ေ႐ြးေကာက္ခံအစိုးရလက္ထက္မွာ ဒီပေရာဂ်က္စ သြားမယ္ဆိုရင္ ဒီေလာက္ႀကီး အေႏွာင့္အယွက္လည္း မမ်ားႏိုင္ေတာ့ဘူး။ ေ႐ြးေကာက္ခံ အစိုးရျဖစ္ လာတဲ့အတြက္ တျခားႏိုင္ငံေတြရဲ႕ ပူးေပါင္းပါဝင္မႈေတြက အမ်ားႀကီးျဖစ္လာမွာ။ ႐ုရွားကစမယ္ဆို တာက ႐ုရွားက ပေရာဂ်က္ႀကီးတစ္ခုလုံးကို အကုန္လုံးကို လုပ္တာမဟုတ္ဘူး။ တကယ့္ Main Infrastr ucture ရင္းေပးလိုက္ၿပီး က်န္တဲ့ Infrastructure ထဲမွာလာ ဝင္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမယ့္ ႏိုင္ငံေပါင္း မ်ားစြာ ကို ကြၽန္ေတာ္တို႔တိုင္းျပည္အေနနဲ႔က ဖိတ္ေခၚလို႔ရၿပီေလ။ အဲဒီတိုင္းျပည္ေတြက လာၿပီးရင္းႏွီးျမႇဳပ္ႏွံ။ ဒါႀကီးက ႏိုင္ငံစုံပါဝင္တဲ့ပေရာ ဂ်က္ႀကီးျဖစ္သြားတာ ျဖစ္တဲ့အတြက္ ႐ုရွားရဲ႕ပေရာဂ်က္တို႔၊ တ႐ုတ္ရဲ႕ ပေရာဂ်က္တို႔ေျပာလို႔မရေတာ့ဘူး။ ဘာလို႔ဆို အခုပဲ သီလဝါစက္မႈဇုန္ကိုၾကည့္လိုက္ သီလဝါစက္မႈဇုန္ ထဲမွာ ဝင္ၿပီးရင္းႏွီးျမႇဳပ္ႏွံထားတဲ့ စက္႐ုံေတြက ႏိုင္ငံ ေပါင္းစုံကပါတယ္။ အဲဒီလိုပဲ ဒီပေရာဂ်က္ႀကီး ကလည္း Main Infrastructure ကိုသာ ႐ုရွားက ေဆာက္ၿပီးေတာ့ ေခ်းေငြထုတ္ၿပီးေတာ့ ေဆာက္ေပး သြားတယ္။ သူ႔ပိုက္ဆံသူ အရင္းေက်ကာလတစ္ခုမွာ ျပန္ယူသြားၿပီးရင္ ဒါႀကီးက ျမန္မာျပည္အတြက္က က်န္တဲ့ႏိုင္ငံသားေပါင္းစုံကို ဆက္ၿပီးအလုပ္ လုပ္စား႐ုံပဲ။ ေျပာရမယ္ဆို သူက အိမ္ေဆာက္ေပးသြား တယ္။ အခန္းေတြ ကိုယ့္ဘာသာကိုယ္ငွားစား ရတယ္ဆိုတဲ့သေဘာမ်ိဳး ျဖစ္သြားတာေပါ့။ အဲဒီေတာ့ ႏိုင္ငံစုံပါဝင္တဲ့ ပေရာဂ်က္ႀကီးျဖစ္လာမွာ။ ဘာလို႔လဲဆိုေတာ့ အာဆီယံႀကီးတစ္ခုလုံးအတြက္ အေရးပါ တဲ့ ပေရာဂ်က္တစ္ခုအေနနဲ႔ ျဖစ္လာမယ္လို႔ ကြၽန္ေတာ္ေတာ့ ယုံၾကည္တယ္။
ခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။