မြန်မာ့ပထမဆုံး အင်တာနက်အသုံးပြုနိုင်မည့် ကားကို Leapmotor Myanmar က ရောင်းချနေ

898

စိမ့် (NP News) - ဒီဇင်ဘာလ ၈
မြန်မာ့ပထမဆုံး အင်တာနက်အသုံးပြုနိုင်မည့် ကားကို Leapmotor Myanmar က ရောင်းချနေကြောင်း သိရသည်။
မြန်မာ့ပထမဦးဆုံး မြန်မာဘာသာစကားဖြင့်အသုံးပြုနိုင်ပြီး အင်တာနက်ပါ အသုံးပြုလို့ရမယ့် SKD EV ဖြစ်သော The All New B10 SUV ကား အမျိုးအစားကို ဒီဇင်ဘာလ (၈)ရက်မှ (၁၁)ရက်အထိ မြန်မာပလာဇာ Promotion Area တွင် ကျင်းပပြုလုပ်နေသော The All New B10 SUV Launching Event တွင် ရောင်းချနေကြောင်း သိရသည်။
မြန်မာ့ပထမဦးဆုံး မြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်ပြီး အင်တာနက်ပါ အသုံးပြုနိုင်မည့် ကားအမျိုးအစား ဖြစ်ကြောင်းလည်း Leapmotor Myanmar က ကြော်ငြာထားသည်။
“Wifi နဲ့ရတာ။ Phoneနဲ့ Join ပြီးတော့ Phoneနဲ့ Wifi ချိတ်ပြီးတော့ မြန်မာ Version မြန်မာ Mapသုံးလို့ရမှာ ဖြစ်ပါတယ်” ဟု The All New B10 SUV Launching Event တွင် တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
Downpayment အနေဖြင့် သိန်း(၂၅၀)ကျပ် ဝန်းကျင်ပေးသွင်းရုံဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ပွဲအတွင်း ပထမဦးဆုံး ဝယ်ယူသူ Customer အယောက်(၅၀)အတွက် အထူးအခွင့်အရေးအနေဖြင့် (၃၈)သိန်းအထိ Cashback ပြန်လည် ပေးမည့်အပြင် ၂၀ ရာခိုင်နှုန်း Down Payment ပေးသွင်းကာ Shwe Bank Car Loan၊ AYA Bank Auto Loan တို့ဖြင့် ငါးနှစ်အထိ အထိ အရစ်ကျ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ့ပထမဆုံး အင္တာနက္အသုံးျပဳႏိုင္မည့္ ကားကို Leapmotor Myanmar က ေရာင္းခ်ေန
စိမ့္ (NP News) - ဒီဇင္ဘာလ ၈
ျမန္မာ့ပထမဆုံး အင္တာနက္အသုံးျပဳႏိုင္မည့္ ကားကို Leapmotor Myanmar က ေရာင္းခ်ေနေၾကာင္း သိရသည္။
ျမန္မာ့ပထမဦးဆုံး ျမန္မာဘာသာစကားျဖင့္အသုံးျပဳႏိုင္ၿပီး အင္တာနက္ပါ အသုံးျပဳလို႔ရမယ့္ SKD EV ျဖစ္ေသာ The All New B10 SUV ကား အမ်ိဳးအစားကို ဒီဇင္ဘာလ (၈)ရက္မွ (၁၁)ရက္အထိ ျမန္မာပလာဇာ Promotion Area တြင္ က်င္းပျပဳလုပ္ေနေသာ The All New B10 SUV Launching Event တြင္ ေရာင္းခ်ေနေၾကာင္း သိရသည္။
ျမန္မာ့ပထမဦးဆုံး ျမန္မာဘာသာစကားျဖင့္ အသုံးျပဳႏိုင္ၿပီး အင္တာနက္ပါ အသုံးျပဳႏိုင္မည့္ ကားအမ်ိဳးအစား ျဖစ္ေၾကာင္းလည္း Leapmotor Myanmar က ေၾကာ္ျငာထားသည္။
“Wifi နဲ႔ရတာ။ Phoneနဲ႔ Join ၿပီးေတာ့ Phoneနဲ႔ Wifi ခ်ိတ္ၿပီးေတာ့ ျမန္မာ Version ျမန္မာ Mapသုံးလို႔ရမွာ ျဖစ္ပါတယ္” ဟု The All New B10 SUV Launching Event တြင္ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
Downpayment အေနျဖင့္ သိန္း(၂၅၀)က်ပ္ ဝန္းက်င္ေပးသြင္း႐ုံျဖင့္ ဝယ္ယူပိုင္ဆိုင္ႏိုင္မည္ျဖစ္ၿပီး ပြဲအတြင္း ပထမဦးဆုံး ဝယ္ယူသူ Customer အေယာက္(၅၀)အတြက္ အထူးအခြင့္အေရးအေနျဖင့္ (၃၈)သိန္းအထိ Cashback ျပန္လည္ ေပးမည့္အျပင္ ၂၀ ရာခိုင္ႏႈန္း Down Payment ေပးသြင္းကာ Shwe Bank Car Loan၊ AYA Bank Auto Loan တို႔ျဖင့္ ငါးႏွစ္အထိ အထိ အရစ္က် ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။