မန်းရွှေစက်တော်ဘုရားပွဲတော်ကို မတ်လဆန်းပိုင်းမှစတင်ကာ လာရောက်လည်ပတ်သူများပြားနေ

 481

စော ( NP News ) မတ်-၂၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကို မတ်လဆန်းပိုင်းမှစတင်ကာ လာရောက်လည်ပတ်သူများပြားနေကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုက NP News ကိုပြောသည်။

ကိုဗစ် (၁၉)ကာလနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပွဲတော်ကျင်းပရန် နှစ်အတော်ကြာ ရပ်နားခဲ့သည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကို ပြီးခဲ့သည့်(၂၀၂၄)ခုနှစ်က ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဘုရားပွဲတော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂)ရက်မှစတင်ကာ ဧပြီ(၁၇)ရက်အထိ သင်္ကြန်ရုံးပိတ်ရက်အပါအဝင် ရက်ပေါင်း (၇၅) ရက် ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဘုရားပွဲ‌တော်စတင်ကျင်းပစဉ်က အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို ထောက်ခံသူများက သတင်းအမှားများ အွန်လိုင်းထက်တွင် ဖြန့်ဝေခဲ့ကြသေးသည်။

“အခုကျွန်တော်တို့ကလည်း ဘုရားဖူးပြည်သူတွေလာနိုင်အောင်ဆိုပြီးတော့ ဂီတဖျော်ဖြေပွဲတွေလေးတွေ ထည့်ပေးထားတဲ့အခါကျတော့ ညစဉ်လည်း ဖျော်ဖြေရေးအစီအစဉ်လေးတွေရှိတဲ့အခါကျတော့ ဝင်တဲ့ဥစ္စာ ဘုရားဖူးလေ သောင်းဂဏန်းလောက်ထိ ဝင်နေပါတယ်။ ညအိပ်ကတော့ ဒီတစ်ဝက်လောက်ပဲရှိတာပေါ့။ ကျန်တာကတော့ နေ့ချင်းပြန်ကြတာများပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများနှင့် ဂေါပကအဖွဲ့များ ပူးပေါင်းကာ မန်းရွှေစက်တော်ဘုရားပွဲသို့ လာရောက်လည်ပတ်သော ဘုရားဖူးပြည်သူများ၏ လုံခြုံရေးတွက် အရှိန်ဟုန်မပြတ် ဆောင်ရွက်ထားကြောင်း သိရသည်။

“အရင်တုန်းက မလာရဲတဲ့ ရွှေစက်တော်ကအနီးအနားကျေးရွာတွေပေါ့။ မင်းဘူးမြို့နယ်ထဲက ကျေးရွာတွေ၊ ငဖဲမြို့နယ်ထဲက‌ကျေးရွာတွေထဲ အခုကျတော့ ညပိုင်းဖျော်ဖြေရေးလာကြည့်တာ တို့၊ ဘုရားဖူးလာရောက်တာတို့ G-12မပြီးတဲ့ မတ်လနှစ်ဆန်းပိုင်းလောက်စပြီးတော့လေ ဘုရားဖူးက ထိုက်သင့်သလို ဝင်ရောက်လာတာရှိပါတယ်။ G-12ပြီးတဲ့အခါကျတော့ နည်းနည်း ပိုများလာတာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် မန်းရွှေစက်တော်ဘုရားပွဲသို့ နယ်ဝေးမှ လာရောက်သူများလည်း တစတစ မြင့်တက်လာကြောင်းလည်း သိရသည်။

ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြ သူများအဆင်ပြေစေရန် တည်းခိုဆောင် အခန်းပေါင်း (၃၀ဝ) ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း (၃၅၀)ခန့် ဆောက်လုပ်ပေးထားကြောင်း သိရသည်။

ထို့ပြင် ဘုရားပွဲတော်ရာသီတွင် ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ်များကို ဘုရားဖူးပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ခြံလှောင်အိမ်များ ပြုလုပ်ကာ ပြသထားကြောင်း သိရသည်။

Zawgyi Version:
မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို မတ္လႏွစ္ဆန္းပိုင္းမွစတင္ကာ လာေရာက္လည္ပတ္သူမ်ားျပားေန
ေစာ ( NP News ) မတ္-၂၆
မေကြးတိုင္းေဒသႀကီး မင္းဘူး(စကု) ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို မတ္လဆန္းပိုင္းမွစတင္ကာ လာေရာက္လည္ပတ္သူမ်ားျပားေနေၾကာင္း မန္းေ႐ႊစက္ေတာ္ဘုရား ေဂါပကအဖြဲ႕ ဥကၠ႒ ဦးေအးကိုက NP News ကိုေျပာသည္။

ကိုဗစ္ (၁၉)ကာလႏွင့္ ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ပြဲေတာ္က်င္းပရန္ ႏွစ္အေတာ္ၾကာ ရပ္နားခဲ့သည့္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို ၿပီးခဲ့သည့္(၂၀၂၄)ခုႏွစ္က ျပန္လည္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္ဘုရားပြဲေတာ္ကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၂)ရက္မွစတင္ကာ ဧၿပီ(၁၇)ရက္အထိ သၾကၤန္႐ုံးပိတ္ရက္အပါအဝင္ ရက္ေပါင္း (၇၅) ရက္ ၾကာက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါဘုရားပြဲ‌ေတာ္စတင္က်င္းပစဥ္က အၾကမ္းဖက္သမားမ်ားႏွင့္ ၎တို႔ကို ေထာက္ခံသူမ်ားက သတင္းအမွားမ်ား အြန္လိုင္းထက္တြင္ ျဖန႔္ေဝခဲ့ၾကေသးသည္။

“အခုကြၽန္ေတာ္တို႔ကလည္း ဘုရားဖူးျပည္သူေတြလာႏိုင္ေအာင္ဆိုၿပီးေတာ့ ဂီတေဖ်ာ္ေျဖပြဲေတြေလးေတြ ထည့္ေပးထားတဲ့အခါက်ေတာ့ ညစဥ္လည္း ေဖ်ာ္ေျဖေရးအစီအစဥ္ေလးေတြရွိတဲ့အခါက်ေတာ့ ဝင္တဲ့ဥစၥာ ဘုရားဖူးေလ ေသာင္းဂဏန္းေလာက္ထိ ဝင္ေနပါတယ္။ ညအိပ္ကေတာ့ ဒီတစ္ဝက္ေလာက္ပဲရွိတာေပါ့။ က်န္တာကေတာ့ ေန႔ခ်င္းျပန္ၾကတာမ်ားပါတယ္”ဟု ၎က ေျပာသည္။

လက္ရွိတြင္ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕အစည္းမ်ားႏွင့္ ေဂါပကအဖြဲ႕မ်ား ပူးေပါင္းကာ မန္းေ႐ႊစက္ေတာ္ဘုရားပြဲသို႔ လာေရာက္လည္ပတ္ေသာ ဘုရားဖူးျပည္သူမ်ား၏ လုံၿခဳံေရးတြက္ အရွိန္ဟုန္မျပတ္ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

“အရင္တုန္းက မလာရဲတဲ့ ေ႐ႊစက္ေတာ္ကအနီးအနားေက်း႐ြာေတြေပါ့။ မင္းဘူးၿမိဳ႕နယ္ထဲက ေက်း႐ြာေတြ၊ ငဖဲၿမိဳ႕နယ္ထဲက‌ေက်း႐ြာေတြထဲ အခုက်ေတာ့ ညပိုင္းေဖ်ာ္ေျဖေရးလာၾကည့္တာ တို႔၊ ဘုရားဖူးလာေရာက္တာတို႔ G-12မၿပီးတဲ့ မတ္လႏွစ္ဆန္းပိုင္းေလာက္စၿပီးေတာ့ေလ ဘုရားဖူးက ထိုက္သင့္သလို ဝင္ေရာက္လာတာရွိပါတယ္။ G-12ၿပီးတဲ့အခါက်ေတာ့ နည္းနည္း ပိုမ်ားလာတာေပါ့”ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲသို႔ နယ္ေဝးမွ လာေရာက္သူမ်ားလည္း တစတစ ျမင့္တက္လာေၾကာင္းလည္း သိရသည္။

ယခုႏွစ္ မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႀကီးကို အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးလာေရာက္ၾက သူမ်ားအဆင္ေျပေစရန္ တည္းခိုေဆာင္ အခန္းေပါင္း (၃၀ဝ) ေက်ာ္ႏွင့္ ေဈးဆိုင္ခန္းေပါင္း (၃၅၀)ခန႔္ ေဆာက္လုပ္ေပးထားေၾကာင္း သိရသည္။

ထို႔ျပင္ ဘုရားပြဲေတာ္ရာသီတြင္ ရွားပါးမ်ိဳးစိတ္စာရင္းဝင္ ျမန္မာ့ၾကယ္လိပ္မ်ားကို ဘုရားဖူးျပည္သူမ်ား ၾကည့္ရႈေလ့လာႏိုင္ရန္ ၿခံေလွာင္အိမ္မ်ား ျပဳလုပ္ကာ ျပသထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.