အစ္စရေးက အင်အားသုံးမယ်ဆိုရင် ဓါးစာခံတွေကို ခေါင်းတလားတွေနဲ့အတူ ပြန်ရလိမ့်မယ်လို့ ဟားမက် လက်နက်ကိုင်အဖွဲ့ခြိမ်းခြောက်

343

Pika (NP News) - မတ် ၂၇
အစ္စရေးက ဓါးစာခံတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် အင်အားသုံးဖို့ ကြိုးပမ်းတာတွေနဲ့ ဂါဇာကမ်းမြောင် ဒေသအပေါ် လေကြောင်းကနေတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ဓါးစာခံတွေ အသတ်ခံရနိုင် တယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က သတိပေးပြောဆိုခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ “ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဓါးစာခံတွေကို အသက်ရှင်အောင်ထားဖို့အတွက် ဖြစ်နိုင်တဲ့ အရာမှန်သမျှကို လုပ်ဆာင်နေပါတယ်။ ဒါပေမယ့် အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေက ဓါးစာခံတွေရဲ့အသက် အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်။ အစ္စရေးက ဓါးစာခံတွေကို ပြန်လည်ရယူဖို့ အင်အားသုံးဖို့ ကြိုးပမ်းတဲ့ အခါတိုင်းမှာ အားလုံးက ခေါင်းတလားနဲ့အတူ ပြန်လာရတာနဲ့ပဲ အဆုံးသတ်သွားပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသအပေါ် လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးတွေကို ပြန်လည်စတင်ခဲ့ပြီး ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအပေါ် စစ်ဆင်ရေးတွေပြန်လည်စတင်ပြီးနောက်ပိုင်းတည်းက ပါလက်စတိုင်း အနည်းဆုံး (၈၃၀) ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ကျန်ရှိနေတဲ့ဓါးစာခံတွေကို ပြန်လွှတ်ပေးဖို့ ငြင်းဆိုခဲ့မယ်ဆိုရင် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရဲ့နောက်ထပ်နယ်မြေတွေကို သိမ်းယူသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက မတ်လ(၂၆)ရက်မှာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
နေတန်ရာဟုက “ကျွန်တော်တို့ရဲ့ဓါးစာခံတွေကို ပြန်လွှတ်ပေးဖို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ငြင်းဆိုလေလေ ကျွန်တော်တို့ဘက်က ဖိအားပိုပေးလေလေပါပဲ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အစၥေရးက အင္အားသုံးမယ္ဆိုရင္ ဓါးစာခံေတြကို ေခါင္းတလားေတြနဲ႔အတူ ျပန္ရလိမ့္မယ္လို႔ ဟားမက္ လက္နက္ကိုင္အဖြဲ႕ၿခိမ္းေျခာက္
Pika (NP News) - မတ္ ၂၇
အစၥေရးက ဓါးစာခံေတြကို ျပန္လည္ရယူႏိုင္ဖို႔အတြက္ အင္အားသုံးဖို႔ ႀကိဳးပမ္းတာေတြနဲ႔ ဂါဇာကမ္းေျမာင္ ေဒသအေပၚ ေလေၾကာင္းကေနတိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ ဓါးစာခံေတြ အသတ္ခံရႏိုင္ တယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က သတိေပးေျပာဆိုခဲ့ပါတယ္။
ထုတ္ျပန္ခ်က္မွာ “ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ဓါးစာခံေတြကို အသက္ရွင္ေအာင္ထားဖို႔အတြက္ ျဖစ္ႏိုင္တဲ့ အရာမွန္သမွ်ကို လုပ္ဆာင္ေနပါတယ္။ ဒါေပမယ့္ အစၥေရးရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြက ဓါးစာခံေတြရဲ႕အသက္ အႏၲရာယ္ကို ၿခိမ္းေျခာက္ေနပါတယ္။ အစၥေရးက ဓါးစာခံေတြကို ျပန္လည္ရယူဖို႔ အင္အားသုံးဖို႔ ႀကိဳးပမ္းတဲ့ အခါတိုင္းမွာ အားလုံးက ေခါင္းတလားနဲ႔အတူ ျပန္လာရတာနဲ႔ပဲ အဆုံးသတ္သြားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အစၥေရးဟာ ဂါဇာကမ္းေျမာင္ေဒသအေပၚ ေလေၾကာင္းနဲ႔ ေျမျပင္စစ္ဆင္ေရးေတြကို ျပန္လည္စတင္ခဲ့ၿပီး ဂါဇာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔လည္း သိရပါတယ္။ အစၥေရးက ဂါဇာကမ္းေျမာင္ေဒသအေပၚ စစ္ဆင္ေရးေတြျပန္လည္စတင္ၿပီးေနာက္ပိုင္းတည္းက ပါလက္စတိုင္း အနည္းဆုံး (၈၃၀) ဦး ေသဆုံးခဲ့တယ္လို႔ ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။
ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ က်န္ရွိေနတဲ့ဓါးစာခံေတြကို ျပန္လႊတ္ေပးဖို႔ ျငင္းဆိုခဲ့မယ္ဆိုရင္ အစၥေရးက ဂါဇာကမ္းေျမာင္ေဒသရဲ႕ေနာက္ထပ္နယ္ေျမေတြကို သိမ္းယူသြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက မတ္လ(၂၆)ရက္မွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
ေနတန္ရာဟုက “ကြၽန္ေတာ္တို႔ရဲ႕ဓါးစာခံေတြကို ျပန္လႊတ္ေပးဖို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ျငင္းဆိုေလေလ ကြၽန္ေတာ္တို႔ဘက္က ဖိအားပိုေပးေလေလပါပဲ” လို႔ ေျပာခဲ့ပါတယ္။