မြောက်ကိုရီးယားက AI နည်းပညာသုံး အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်းကို စမ်းသပ်

2420

ဂျန်ဇက် (NP News) - မတ် ၂၈
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်သည် မတ်လ ၂၇ ရက်က ဉာဏ်ရည်တု နည်းပညာ (AI) သုံးထား သည့် အသေခံဒရုန်း အသုံးပြုတိုက်ခိုက်ခြင်း လေ့ကျင့်ခန်းကို ကြီးကြပ်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် ခေတ်သစ် စစ်ပွဲ ဖွံ့ဖြိုးတိုးတက်မှုပိုင်းတွင် ထိပ်သီးနိုင်ငံဖြစ်လာစေရန်အတွက် လက်ရှိ အချိန်တွင် ဒရုန်းနည်းပညာဏ္ဍတွင် (AI)သုံးဒရုန်းများကို တီထွင်စမ်းသပ်ဖန်တီးလာခဲ့ခြင်းခြင်းဖြစ်ကြောင်း သိရသည်။ မြေောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဖြစ်သည့် KCNA သတင်းဌာနက "ဉာဏ်ရည်တုနည်းပပိုင်း နဲ့ ဒရုန်း လုပ်ငန်းတွေကို အဓိကထား ဦးစားပေးသင့်တယ် ခေတ်သစ်စစ်ပွဲနဲ့ တပ်ဖွဲ့တွေအတွက် အဓိကအရေးပါလာဖွယ် ရှိပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ ပင်လယ်ပြင်နဲ့ မြေပြင်တွေမှာ ရန်သူတွေရဲ့လှုပ်ရှားမှုတွေနဲ့ ပစ်မှတ် အမျိုးမျိုးကို ရှာဖွေထောက်လှမ်း နိုင်မယ့်ထောက်လှမ်းသုံးဒရုန်းကို ပိုမိုအဆင့်မြင့်တင်ရေးစမ်းသပ်မှုတွေကို ကြီးကြပ်ခဲ့တယ်။ စစ်ဘက်ဆိုင်ရာအသုံးပြုမှုအတွက် ဉာဏ်ရည်တုနည်းပညာသုံး မောင်းသူမဲ့လေယာဉ်များ (UAVs) ရဲ့အရှိန်အဟုန်နဲ့ ပြိုင်ဆိုင်မှုတွေဟာ ရှေ့တန်းကနေရမယ့်အစီအစဉ်ဖြစ်လာဖွယ်ရှိနေပြီး ကာလကြာရှည် စွာအစီအစဉ်ကို မြှင့်တင်ပေးတာတွေလုပ်ဖို့ အရေးကြီးတယ်" ဟု ပြောသည်။
မြောက်ကိုရီးယားသည် ထောက်လှမ်းရေးသုံးဒရုန်း၊ ထောက်လှမ်းရေးသတင်းအချက်လက်များ စုဆောင်းရရှိမှု နှင့်electronic jamming နှင့် တိုက်ခိုက်ရေးနည်းစနစ်ပိုင်းများကို ကိုယ်တိုင်ကြီးကြပ်လေ့လာခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် စစ်လက်နက်ပစ္စည်းများကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းနေရာ လက်ရှိအချိန်တွင် မောင်းသူမဲ့လေယာဉ်ဟုခေါ်ဆိုသည့် ဒရုန်းနည်းပညာပိုင်း ပိုမိုကောင်းမွန်စေရန် တီထွင်ဖန်တီး နေကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သောနှစ်ပိုင်းတွင် တာဝေးပစ်ဒုံးကျည်များ၊ အပါအဝင် ခေတ်မီလက်နက်များကို စမ်းသပ်ခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ကင်ဂျုံအမ်ကိုယ်တိုင် တက်ရောက်ကြီးကြပ်ခဲ့ဖူး ကြောင်း သိရသည်။

Zawgyi Version:
ေျမာက္ကိုရီးယားက AI နည္းပညာသုံး အေသခံဒ႐ုန္းျဖင့္ တိုက္ခိုက္ျခင္းကို စမ္းသပ္
ဂ်န္ဇက္ (NP News) - မတ္ ၂၈
ေျမာက္ကိုရီးယားႏိုင္ငံေခါင္းေဆာင္ ကင္ဂ်ဳံအမ္သည္ မတ္လ ၂၇ ရက္က ဉာဏ္ရည္တု နည္းပညာ (AI) သုံးထား သည့္ အေသခံဒ႐ုန္း အသုံးျပဳတိုက္ခိုက္ျခင္း ေလ့က်င့္ခန္းကို ႀကီးၾကပ္ခဲ့ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ ေခတ္သစ္ စစ္ပြဲ ဖြံ႕ၿဖိဳးတိုးတက္မႈပိုင္းတြင္ ထိပ္သီးႏိုင္ငံျဖစ္လာေစရန္အတြက္ လက္ရွိ အခ်ိန္တြင္ ဒ႐ုန္းနည္းပညာ႑တြင္ (AI)သုံးဒ႐ုန္းမ်ားကို တီထြင္စမ္းသပ္ဖန္တီးလာခဲ့ျခင္းျခင္းျဖစ္ေၾကာင္း သိရသည္။ ေျမောက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာျဖစ္သည့္ KCNA သတင္းဌာနက "ဉာဏ္ရည္တုနည္းပပိုင္း နဲ႔ ဒ႐ုန္း လုပ္ငန္းေတြကို အဓိကထား ဦးစားေပးသင့္တယ္ ေခတ္သစ္စစ္ပြဲနဲ႔ တပ္ဖြဲ႕ေတြအတြက္ အဓိကအေရးပါလာဖြယ္ ရွိပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ဟာ ပင္လယ္ျပင္နဲ႔ ေျမျပင္ေတြမွာ ရန္သူေတြရဲ႕လႈပ္ရွားမႈေတြနဲ႔ ပစ္မွတ္ အမ်ိဳးမ်ိဳးကို ရွာေဖြေထာက္လွမ္း ႏိုင္မယ့္ေထာက္လွမ္းသုံးဒ႐ုန္းကို ပိုမိုအဆင့္ျမင့္တင္ေရးစမ္းသပ္မႈေတြကို ႀကီးၾကပ္ခဲ့တယ္။ စစ္ဘက္ဆိုင္ရာအသုံးျပဳမႈအတြက္ ဉာဏ္ရည္တုနည္းပညာသုံး ေမာင္းသူမဲ့ေလယာဥ္မ်ား (UAVs) ရဲ႕အရွိန္အဟုန္နဲ႔ ၿပိဳင္ဆိုင္မႈေတြဟာ ေရွ႕တန္းကေနရမယ့္အစီအစဥ္ျဖစ္လာဖြယ္ရွိေနၿပီး ကာလၾကာရွည္ စြာအစီအစဥ္ကို ျမႇင့္တင္ေပးတာေတြလုပ္ဖို႔ အေရးႀကီးတယ္" ဟု ေျပာသည္။
ေျမာက္ကိုရီးယားသည္ ေထာက္လွမ္းေရးသုံးဒ႐ုန္း၊ ေထာက္လွမ္းေရးသတင္းအခ်က္လက္မ်ား စုေဆာင္းရရွိမႈ ႏွင့္electronic jamming ႏွင့္ တိုက္ခိုက္ေရးနည္းစနစ္ပိုင္းမ်ားကို ကိုယ္တိုင္ႀကီးၾကပ္ေလ့လာခဲ့ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ စစ္လက္နက္ပစၥည္းမ်ားကို ပိုမိုတိုးတက္ေကာင္းမြန္ေစရန္ ႀကိဳးပမ္းေနရာ လက္ရွိအခ်ိန္တြင္ ေမာင္းသူမဲ့ေလယာဥ္ဟုေခၚဆိုသည့္ ဒ႐ုန္းနည္းပညာပိုင္း ပိုမိုေကာင္းမြန္ေစရန္ တီထြင္ဖန္တီး ေနေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ ၿပီးခဲ့ေသာႏွစ္ပိုင္းတြင္ တာေဝးပစ္ဒုံးက်ည္မ်ား၊ အပါအဝင္ ေခတ္မီလက္နက္မ်ားကို စမ္းသပ္ခဲ့ၿပီး ေခါင္းေဆာင္ျဖစ္သူ ကင္ဂ်ဳံအမ္ကိုယ္တိုင္ တက္ေရာက္ႀကီးၾကပ္ခဲ့ဖူး ေၾကာင္း သိရသည္။