မြန်မာ့သမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင် တောင်းဆိုခဲ့သောဖြစ်စဉ်တိုင်းတွင် တပ်မတော် အနေဖြင့် အလျှော့ပေးလက်ခံခဲ့သော အစဉ်အလာမရှိဟု နစက ဥက္ကဋ္ဌ ပြော

 868

သုတကျော် (NP News) မတ် - ၂၇

မြန်မာ့သမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့သောဖြစ်စဉ်တိုင်းတွင် တပ်မတော် အနေဖြင့် အလျှော့ပေးလက်ခံခဲ့သော အစဉ်အလာမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇ ရက်တွင် ပြုလုပ်သော နှစ်(၈ဝ) ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ထည့်သွင်းပြောကြားသည်။

"တပ်မတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ချိန် အစောပိုင်း ကာလမှာ ဆူပူဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမယ့် အဲဒီအချိန်က လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့ဟာ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာကို ဥပဒေနဲ့အညီ ဖြေရှင်းလိုခြင်းမရှိဘဲ လူထုရဲ့ စိတ်ခံစားချက်ကို အသုံးချပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင် ဆင်ခြင်တုံတရားကင်းမဲ့စွာ သွေးထိုးလှုံ့ဆော်လာခဲ့ကြတယ်။ အဲဒီကမှ တစ်ဆင့် NUG ၊ CRPH နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက်မှု တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်တယ်။ အဲဒါတွေနဲ့အတူ နိုင်ငံတော်အကျိုးကို မလိုလားတဲ့ ပြည်ဖျက်မီဒီယာတွေဟာလည်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ပိုမိုကြီးထွားလာစေဖို့ အထောက်အပံ့မျိုးစုံရယူပြီး မဟုတ်မမှန်သတင်းတွေနဲ့ ဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်လာခဲ့ကြ တယ်" ဟု နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားသည်။

အစိုးရအုပ်ချုပ်မှုယန္တရားများ ဆက်ပြီးမလည်ပတ်နိုင်စေရန်နှင့် ဝန်ထမ်းများကို နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာ မဲ့ကာ စွန့်ခွာသွားစေရန် လှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့ကြသကဲ့သို့ တစ်ဖက်မှလည်း ခံယူချက်သဘောထား အမြင်ချင်း မတူညီသူများ၊ မထောက်ခံသူများကို ဒလန်ခေါင်းစဉ်တပ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခြင်းဖြင့် ပြည်သူများကြားတွင် အကြောက်တရားကြီးစိုးစေရန်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာခဲ့ကြကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့်ရယူရန် ပြည်ပအထောက် အပံ့များနှင့်အတူ ကြိုးစားလာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

"ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ဟာလည်း နိုင်ငံအတွင်းဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ပြဿနာကို အခွင့်ကောင်းယူပြီး PDF အမည်ခံအကြမ်းဖက်သမားတွေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်း ရေးပျက်ပြားအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်ခဲ့ကြတယ်။ အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ၊ သူတို့အလိုကျ ပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့ မြို့ရွာတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ၊ မီးရှို့ ဖျက်ဆီးတာတွေ၊ နိုင်ငံပိုင်အဆောက်အဦ၊ လမ်း၊ တံတား၊ ယာဉ်နဲ့ လျှပ်စစ်တာဝါတိုင်တွေကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးတာတွေ စတဲ့အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြတယ်။ အထူးသဖြင့် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးနေတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေဟာ ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင် စုနဲ့အတူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်နယ် တစ်နယ် ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်တာကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင် တဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့ရတယ်" ဟု နစကဥက္ကဋ္ဌက ပြောသည်။

နယ်မြေဒေသအလိုက် အာဏာရရှိရန် ကြိုးစားနေကြသော အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲဖော်ဆောင် လာမှုများသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်း ဥစ္စာများနှင့် မြို့ရွာများ ပျက်စီးဆုံးရှုံးခဲ့ရသည့် အတွက် ပြည်သူအားလုံးက အလွန်ရွံရှာစက်ဆုပ် မုန်းတီးနေကြပြီဖြစ်ကြောင်း ပြောသည်။

"ဒါကြောင့် အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေမှုတွေကို လက်မခံနိုင်သလို ဒို့တာဝန်အရေး သုံးပါးကိုထိပါးလာတဲ့ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်တွေကိုလည်း လုံးဝလက်သင့်ခံလို့မရတဲ့အတွက် တပ်မတော်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမှာ ဖြစ်တယ်။မြန်မာ့သမိုင်းမှာ အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့တဲ့ဖြစ်စဉ်တိုင်းမှာ တပ်မတော်အနေနဲ့ အလျှော့ပေးလက်ခံခဲ့တဲ့ အစဉ်အလာမရှိတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်ဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရဲဘော်တို့အနေနဲ့ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတဲ့စိတ်ဓာတ်နဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ကျေပွန်စွာထမ်းဆောင် သွားကြဖို့ အလေးထားမှာကြားလိုတယ်" ဟု ပြောကြားသည်။

Zawgyi Version:
ျမန္မာ့သမိုင္းတြင္ အၾကမ္းဖက္လမ္းစဥ္က်င့္သုံးၿပီး အက်ပ္ကိုင္ ေတာင္းဆိုခဲ့ေသာျဖစ္စဥ္တိုင္းတြင္ တပ္မေတာ္ အေနျဖင့္ အေလွ်ာ့ေပးလက္ခံခဲ့ေသာ အစဥ္အလာမရွိဟု နစက ဥကၠ႒ ေျပာ
သုတေက်ာ္ (NP News) မတ္ - ၂၇

ျမန္မာ့သမိုင္းတြင္ အၾကမ္းဖက္လမ္းစဥ္က်င့္သုံးၿပီး အက်ပ္ကိုင္ေတာင္းဆိုခဲ့ေသာျဖစ္စဥ္တိုင္းတြင္ တပ္မေတာ္ အေနျဖင့္ အေလွ်ာ့ေပးလက္ခံခဲ့ေသာ အစဥ္အလာမရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မတ္လ ၂၇ ရက္တြင္ ျပဳလုပ္ေသာ ႏွစ္(၈ဝ) ျပည့္ တပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနား၌ ထည့္သြင္းေျပာၾကားသည္။

"တပ္မေတာ္က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္းၿပီး ႏိုင္ငံ့တာဝန္ ထမ္းေဆာင္ခဲ့ခ်ိန္ အေစာပိုင္း ကာလမွာ ဆူပူဆႏၵျပမႈေတြသာျဖစ္ေပၚခဲ့ေပမယ့္ အဲဒီအခ်ိန္က လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအခ်ိဳ႕ဟာ ႏိုင္ငံေရးေၾကာင့္ ျဖစ္ေပၚလာတဲ့ျပႆနာကို ဥပေဒနဲ႔အညီ ေျဖရွင္းလိုျခင္းမရွိဘဲ လူထုရဲ႕ စိတ္ခံစားခ်က္ကို အသုံးခ်ၿပီး အၾကမ္းဖက္မႈေတြျဖစ္ေပၚလာေအာင္ ဆင္ျခင္တုံတရားကင္းမဲ့စြာ ေသြးထိုးလႈံ႕ေဆာ္လာခဲ့ၾကတယ္။ အဲဒီကမွ တစ္ဆင့္ NUG ၊ CRPH နဲ႔ PDF အမည္ခံ အၾကမ္းဖက္အဖြဲ႕ေတြ ဖြဲ႕စည္းၿပီး ႏိုင္ငံတစ္ဝန္း အၾကမ္းဖက္မႈ ေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္ေပၚလာေအာင္ လုပ္ေဆာင္ခဲ့တာကိုေတြ႕ရမွာပဲျဖစ္တယ္။ အဲဒါေတြနဲ႔အတူ ႏိုင္ငံေတာ္အက်ိဳးကို မလိုလားတဲ့ ျပည္ဖ်က္မီဒီယာေတြဟာလည္း ျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအက်ပ္အတည္းကို ပိုမိုႀကီးထြားလာေစဖို႔ အေထာက္အပံ့မ်ိဳးစုံရယူၿပီး မဟုတ္မမွန္သတင္းေတြနဲ႔ ဝါဒျဖန႔္ခ်ိမႈေတြ လုပ္ေဆာင္လာခဲ့ၾက တယ္" ဟု နစကဥကၠ႒က ထည့္သြင္းေျပာၾကားသည္။

အစိုးရအုပ္ခ်ဳပ္မႈယႏၲရားမ်ား ဆက္ၿပီးမလည္ပတ္ႏိုင္ေစရန္ႏွင့္ ဝန္ထမ္းမ်ားကို ႏိုင္ငံေတာ္ႏွင့္ ျပည္သူအေပၚ သစၥာ မဲ့ကာ စြန႔္ခြာသြားေစရန္ လႈံ႕ေဆာ္ျခင္းမ်ား လုပ္ေဆာင္ခဲ့ၾကသကဲ့သို႔ တစ္ဖက္မွလည္း ခံယူခ်က္သေဘာထား အျမင္ခ်င္း မတူညီသူမ်ား၊ မေထာက္ခံသူမ်ားကို ဒလန္ေခါင္းစဥ္တပ္ၿပီး ရက္ရက္စက္စက္သတ္ျဖတ္ျခင္းျဖင့္ ျပည္သူမ်ားၾကားတြင္ အေၾကာက္တရားႀကီးစိုးေစရန္ေအာင္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္လာခဲ့ၾကေၾကာင္း၊ တစ္နည္းအားျဖင့္ ႏိုင္ငံေရးရည္မွန္းခ်က္ကို လက္နက္ကိုင္အၾကမ္းဖက္နည္းလမ္းျဖင့္ရယူရန္ ျပည္ပအေထာက္ အပံ့မ်ားႏွင့္အတူ ႀကိဳးစားလာခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

"ဒါ့အျပင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕ဟာလည္း ႏိုင္ငံအတြင္းျဖစ္ေပၚလာတဲ့ ႏိုင္ငံေရး ျပႆနာကို အခြင့္ေကာင္းယူၿပီး PDF အမည္ခံအၾကမ္းဖက္သမားေတြနဲ႔ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ တည္ၿငိမ္ေအးခ်မ္း ေရးပ်က္ျပားေအာင္ နည္းလမ္းေပါင္းစုံနဲ႔ လုပ္ေဆာင္ခဲ့ၾကတယ္။ အျပစ္မဲ့ျပည္သူေတြကို ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္တာေတြ၊ သူတို႔အလိုက် ပူးေပါင္းေဆာင္႐ြက္ျခင္းမျပဳတဲ့ ၿမိဳ႕႐ြာေတြကို ပစ္ခတ္တိုက္ခိုက္တာေတြ၊ မီးရႈိ႕ ဖ်က္ဆီးတာေတြ၊ ႏိုင္ငံပိုင္အေဆာက္အဦ၊ လမ္း၊ တံတား၊ ယာဥ္နဲ႔ လွ်ပ္စစ္တာဝါတိုင္ေတြကို မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးတာေတြ စတဲ့အၾကမ္းဖက္လုပ္ရပ္ေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ၾကတယ္။ အထူးသျဖင့္ လက္နက္ကိုင္ အၾကမ္းဖက္လမ္းစဥ္က်င့္သုံးေနတဲ့ အၾကမ္းဖက္ေသာင္းက်န္းသူေတြဟာ ထာဝရၿငိမ္းခ်မ္းေရးရရွိၿပီး ျပည္ေထာင္ စုနဲ႔အတူ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းေပၚမွာ ပါဝင္ေလွ်ာက္လွမ္းေရးထက္ နယ္ေျမအလိုက္နယ္ တစ္နယ္ ဓားတစ္စင္း စစ္ဘုရင္ဝါဒကိုသာ က်င့္သုံးလိုခ်င္တာေၾကာင့္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးကို ထိခိုက္လာႏိုင္ တဲ့အေျခအေနေတြျဖစ္ေပၚခဲ့ရတယ္" ဟု နစကဥကၠ႒က ေျပာသည္။

နယ္ေျမေဒသအလိုက္ အာဏာရရွိရန္ ႀကိဳးစားေနၾကေသာ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ တိုက္ပြဲေဖာ္ေဆာင္ လာမႈမ်ားသည္ အျပစ္မဲ့ျပည္သူမ်ား၏ အသက္အိုးအိမ္ပစၥည္း ဥစၥာမ်ားႏွင့္ ၿမိဳ႕႐ြာမ်ား ပ်က္စီးဆုံးရႈံးခဲ့ရသည့္ အတြက္ ျပည္သူအားလုံးက အလြန္႐ြံရွာစက္ဆုပ္ မုန္းတီးေနၾကၿပီျဖစ္ေၾကာင္း ေျပာသည္။

"ဒါေၾကာင့္ အျပစ္မဲ့ျပည္သူေတြအေပၚ အၾကမ္းဖက္တိုက္ခိုက္ေနမႈေတြကို လက္မခံႏိုင္သလို ဒို႔တာဝန္အေရး သုံးပါးကိုထိပါးလာတဲ့ လက္နက္ကိုင္အၾကမ္းဖက္လမ္းစဥ္ေတြကိုလည္း လုံးဝလက္သင့္ခံလို႔မရတဲ့အတြက္ တပ္မေတာ္အေနနဲ႔ ျပည္သူလူထုတစ္ရပ္လုံးရဲ႕ ပူးေပါင္းပါဝင္မႈနဲ႔အတူ တရားေသာစစ္ကို ဆက္လက္ဆင္ႏႊဲသြားမွာ ျဖစ္တယ္။ျမန္မာ့သမိုင္းမွာ အၾကမ္းဖက္လမ္းစဥ္က်င့္သုံးၿပီး အက်ပ္ကိုင္ေတာင္းဆိုခဲ့တဲ့ျဖစ္စဥ္တိုင္းမွာ တပ္မေတာ္အေနနဲ႔ အေလွ်ာ့ေပးလက္ခံခဲ့တဲ့ အစဥ္အလာမရွိတာေၾကာင့္ ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ ကို ကာကြယ္ဖို႔နဲ႔ ဒို႔တာဝန္အေရးသုံးပါးကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔အတြက္ ရဲေဘာ္တို႔အေနနဲ႔ အသက္ကို ပဓာနမထားဘဲ စြန႔္လႊတ္စြန႔္စားတဲ့စိတ္ဓာတ္နဲ႔ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ေတြကို ေက်ပြန္စြာထမ္းေဆာင္ သြားၾကဖို႔ အေလးထားမွာၾကားလိုတယ္" ဟု ေျပာၾကားသည္။

Related news

© 2021. All rights reserved.