တရုတ်က ရုရှားကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ ခေါ်ဆောင်လာရန် ကူညီပေးနိုင်ကြောင်း ပြင်သစ်အစိုးရပြော

 364

Pika (NP News) - မတ် ၂၈

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးများပွဲသို့ ရုရှားကိုခေါ်ဆောင်လာရန်အတွက် ကူညီပေးရန် တရုတ်အစိုးရကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က တိုက်တွန်းခဲ့ကြောင်း သိရသည်။ Jean-Noel Barrot သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်သစ် နှင့် တရုတ်တို့သည် ပြီးခဲ့သည့်နှစ်များအတွင်း ဆက်ဆံရေးများကိုမြှင့်တင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနှင့်ဆက်ဆံရေးပိုမိုအားကောင်းလာခဲ့သည့် တရုတ်ကို ပြင်သစ် အစိုးရက ဖိအားပေးမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် မတ်လ(၂၇)ရက် နံနက်ပိုင်းက ဝမ်ယိနှင့် ဘေဂျင်းမြို့တွင် တွေ့ဆုံစဉ်အချိန်အတွင်း အပြုသဘောဆောင်သည့် နက်ရှိုင်းသောဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ကြောင်း Jean-Noel Barrot က ထုတ်ပြန်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် ပြင်သစ်တို့သည် ယူကရိန်းတွင် တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း Jean-Noel Barrot က ပြောကြားခဲ့သည်။

Jean-Noel Barrot က “ရုရှားကို လေးနက်ပြီး သစ္စာရှိတဲ့ အဆိုပြုချက်တွေနဲ့အတူ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို လာဖို့ ဆွဲဆောင်ရာမှာ တရုတ်ကလည်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်” ဟု ပြောခဲ့သည်။
တရုတ်နှင့် ဥရောပသမဂ္ဂတို့သည် အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်များကို ရင်ဆိုင်နေရမှုနှင့်အတူ မတ်လ (၂၇)ရက်က လုပ်ဆောင်ခဲ့သော ဆွေးနွေးပွဲများသည် စီးပွားရေးဆိုင်ရာဆက်ဆံရေးများအပေါ် အာရုံစိုက်ထား ကြောင်း Jean-Noel Barrot က ပြောကြားခဲ့သည်။
Jean-Noel Barrot က “ပြင်သစ်ဟာ ဘယ်လိုကုန်သွယ်ရေးစစ်ပွဲကိုမဆို ဆန့်ကျင်ပြီး အထူးသဖြင့် ဥရောပသမဂ္ဂ နဲ့ တရုတ်ကြား ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲတွေကို ထောက်ခံအားပေးပါတယ်” ဟု ပြောခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များတွင် မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

Zawgyi Version:
တ႐ုတ္က ႐ုရွားကို ေစ့စပ္ညႇိႏႈိင္းေရးစားပြဲဝိုင္းသို႔ ေခၚေဆာင္လာရန္ ကူညီေပးႏိုင္ေၾကာင္း ျပင္သစ္အစိုးရေျပာ
Pika (NP News) - မတ္ ၂၈

ယူကရိန္းစစ္ပြဲအဆုံးသတ္ေရး ေဆြးေႏြးမ်ားပြဲသို႔ ႐ုရွားကိုေခၚေဆာင္လာရန္အတြက္ ကူညီေပးရန္ တ႐ုတ္အစိုးရကို ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Noel Barrot က တိုက္တြန္းခဲ့ေၾကာင္း သိရသည္။ Jean-Noel Barrot သည္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိနဲ႔ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔ တိုက္တြန္းေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပင္သစ္ ႏွင့္ တ႐ုတ္တို႔သည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ဆက္ဆံေရးမ်ားကိုျမႇင့္တင္ရန္ ႀကိဳးပမ္းခဲ့ၾကေသာ္လည္း ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ႐ုရွားႏွင့္ဆက္ဆံေရးပိုမိုအားေကာင္းလာခဲ့သည့္ တ႐ုတ္ကို ျပင္သစ္ အစိုးရက ဖိအားေပးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ မတ္လ(၂၇)ရက္ နံနက္ပိုင္းက ဝမ္ယိႏွင့္ ေဘဂ်င္းၿမိဳ႕တြင္ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း အျပဳသေဘာေဆာင္သည့္ နက္ရႈိင္းေသာေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း Jean-Noel Barrot က ထုတ္ျပန္ေျပာၾကားခဲ့သည္။ တ႐ုတ္ႏိုင္ငံႏွင့္ ျပင္သစ္တို႔သည္ ယူကရိန္းတြင္ တရားမွ်တၿပီး ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ရန္ ပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းလည္း Jean-Noel Barrot က ေျပာၾကားခဲ့သည္။

Jean-Noel Barrot က “႐ုရွားကို ေလးနက္ၿပီး သစၥာရွိတဲ့ အဆိုျပဳခ်က္ေတြနဲ႔အတူ ေစ့စပ္ညႇိႏႈိင္းေရး စားပြဲဝိုင္းကို လာဖို႔ ဆြဲေဆာင္ရာမွာ တ႐ုတ္ကလည္း အခန္းက႑တစ္ခုကေန ပါဝင္ေနပါတယ္” ဟု ေျပာခဲ့သည္။
တ႐ုတ္ႏွင့္ ဥေရာပသမဂၢတို႔သည္ အေမရိကန္၏ အခြန္စည္းၾကပ္မႈအသစ္မ်ားကို ရင္ဆိုင္ေနရမႈႏွင့္အတူ မတ္လ (၂၇)ရက္က လုပ္ေဆာင္ခဲ့ေသာ ေဆြးေႏြးပြဲမ်ားသည္ စီးပြားေရးဆိုင္ရာဆက္ဆံေရးမ်ားအေပၚ အာ႐ုံစိုက္ထား ေၾကာင္း Jean-Noel Barrot က ေျပာၾကားခဲ့သည္။
Jean-Noel Barrot က “ျပင္သစ္ဟာ ဘယ္လိုကုန္သြယ္ေရးစစ္ပြဲကိုမဆို ဆန႔္က်င္ၿပီး အထူးသျဖင့္ ဥေရာပသမဂၢ နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရးဆိုင္ရာေဆြးေႏြးပြဲေတြကို ေထာက္ခံအားေပးပါတယ္” ဟု ေျပာခဲ့သည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံသည္ ႏိုင္ငံတကာႏွင့္ ေဒသတြင္းကိစၥရပ္မ်ားတြင္ မဟာဗ်ဴဟာေျမာက္ညႇိႏႈိင္းေဆာင္႐ြက္မႈကို ပိုမိုအားေကာင္းလာေအာင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ဝမ္ယိက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.