ဥရောပနိုင်ငံများအပေါ်ထားရှိသည့် ရုရှား၏ ယုံကြည်မှုများက ပျက်စီးသွားခဲ့ဟု ရုရှားသမ္မတပူတင် ထုတ်ဖော်ပြော

 577

ဂျန်ဇက် (NP News) - မတ် ၂၈

ယူကရိန်းနှင့်ဖြစ်ပွားခဲ့သော စစ်ပွဲကိုအဆုံးသတ်ရန်အတွက် ဥရောပသမဂ္ဂနှင့် ပူးပေါင်းအလုပ်လုပ်ရန် လမ်းကြောင်းဖွင့်လှစ်ထားကြောင်း၊ သို့သော်လည်း အနောက်ဥရောပနိုင်ငံများအပေါ် ထားရှိသည့် ရုရှား၏ ယုံကြည်မှုများက အခြေခံအားဖြင့် ပျက်စီးသွားခဲ့ကြောင်း၊ ယုံကြည်မှုကိုအခြေခံပြီး အလုပ်လုပ်ရန် ကာလ အတန်ကြာဖြစ်မည်မဟုတ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ရုရှားသမ္မတပူတင်သည် မတ်လ ၂၇ ရက်က နျူကလီးယားရေငုပ်သင်္ဘောအသစ်ရေချပွဲတွင် ရေတပ်တပ်ဖွဲ့ဝင်များ အား မိန့် ခွန်းပြောဆိုရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရုရှားသမ္မတပူတင်က " ကျွန်တော်တို့ဟာ ဥရောပနိုင်ငံတွေနဲ့ပူးပေါင်းအလုပ်လုပ်ဖို့ အဆင့်သင့်ရှိနေပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေအပေါ်ယုံကြည်မှုအခြေခံပြီး အမှားယွင်းတွေ လုပ်လို့ရမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ယခင်ပုံစံမျိုးအတိုင်း ဆက်လက်လုပ်ဆောင်ပြီး ကျွန်တော်တို့နဲ့ဆက်ဆံဖို့ ကြိုးပမ်းနေတာဖြစ်တယ်" ဟု ပြောသည်။
ရုရှားသမ္မတပူတင်က အနောက်အုပ်စုနိုင်ငံများဖြစ်သော ပြင်သစ်၊ ဂျာမနီ နှင့် ဗြိတိန်နိုင်ငံတို့၏ ခေါင်းဆောင်များ သည် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်ခဲ့ကြောင်း ဝေဖန်ပြစ်တင်ခဲ့ဖူးသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့သည် ၂ဝ၁၄ ခုနှစ်တုန်းက စစ်ပွဲဖြစ်ပွားခဲ့ပြီး အနောက်အုပ်စုနိုင်ငံများ၏ခေါင်းဆောင်များက အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင်ပေးခဲ့သော်လည်း လက်ရှိအချိန်တွင် ရုရှားသမ္မတပူတင်က အနောက်အုပ်စု နိုင်ငံများ၏ ခေါင်ဆောင်များ၏လုပ်ရပ်ကို ဝေဖန်ပြစ်တင်ခဲ့သည်။
ရုရှားသမ္မတက "အနောက်နိုင်ငံအချို့၏ခေါင်းဆောင်ဟောင်းတွေဟာ အရှက်ကင်းစွာဖြင့် ယူကရိန်းအစိုးရကို ပြန်လည်တည်ဆောက်ဖို့နဲ့ ရုရှားနိုင်ငံအပေါ် စစ်ရေးအရလုပ်ဆောင်ဖို့ Minsk သဘောတူညီချက်များကိုပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာက ဝန်ခံပြောဆိုခဲ့ဖူးတယ်။ ကျွန်တော်တို့ဟာ ယူကရိန်းနဲ့ဖြစ်ပွားတဲ့ပဋိပက္ခတွေကို ဖြေရှင်းနိုင် အောင် ၈ နှစ်ကြာ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် ပဋိပက္ခတွေကအပြင်းထန်ဆုံးအဆင့်ကိုရောက်ရှိခဲ့ရတယ်။
“ရုရှားကို ဗျူဟာမြောက် ရှုံးနိမ့်အောင် ရည်ရွယ်ချက်နဲ့ နောက်ဆုံး ယူကရိန်းကို နောက်ဆုံးအထိ လက်နက်ကိုင် တော်လှန်ရေးတွေ ဆက်လုပ်ဖို့ အနောက်အုပ်စုခေါင်းဆောင်တွေရောက်လာပြီး ယူကရိန်းခေါင်းဆောင်တွေကို စည်းရုံးခဲ့တာ ကောင်းကောင်း သိပါတယ်။ အနောက်အုပ်စုခေါင်းဆောင်တွေဟာ ယုံကြည်မှုတွေကို ချိုးဖောက်ခဲ့ ပေမယ့် ရုရှားအစိုးရကတော့ တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းဖွင့်လှစ်ထားဆဲဖြစ်ပါတယ်" ဟု ပြောသည်။

Zawgyi Version:
ဥေရာပႏိုင္ငံမ်ားအေပၚထားရွိသည့္ ႐ုရွား၏ ယုံၾကည္မႈမ်ားက ပ်က္စီးသြားခဲ့ဟု ႐ုရွားသမၼတပူတင္ ထုတ္ေဖာ္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၈

ယူကရိန္းႏွင့္ျဖစ္ပြားခဲ့ေသာ စစ္ပြဲကိုအဆုံးသတ္ရန္အတြက္ ဥေရာပသမဂၢႏွင့္ ပူးေပါင္းအလုပ္လုပ္ရန္ လမ္းေၾကာင္းဖြင့္လွစ္ထားေၾကာင္း၊ သို႔ေသာ္လည္း အေနာက္ဥေရာပႏိုင္ငံမ်ားအေပၚ ထားရွိသည့္ ႐ုရွား၏ ယုံၾကည္မႈမ်ားက အေျခခံအားျဖင့္ ပ်က္စီးသြားခဲ့ေၾကာင္း၊ ယုံၾကည္မႈကိုအေျခခံၿပီး အလုပ္လုပ္ရန္ ကာလ အတန္ၾကာျဖစ္မည္မဟုတ္ေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

႐ုရွားသမၼတပူတင္သည္ မတ္လ ၂၇ ရက္က န်ဴကလီးယားေရငုပ္သေဘၤာအသစ္ေရခ်ပြဲတြင္ ေရတပ္တပ္ဖြဲ႕ဝင္မ်ား အား မိန႔္ ခြန္းေျပာဆိုရာတြင္ ယင္းကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ႐ုရွားသမၼတပူတင္က " ကြၽန္ေတာ္တို႔ဟာ ဥေရာပႏိုင္ငံေတြနဲ႔ပူးေပါင္းအလုပ္လုပ္ဖို႔ အဆင့္သင့္ရွိေနပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ အေနာက္အုပ္စုႏိုင္ငံေတြအေပၚယုံၾကည္မႈအေျခခံၿပီး အမွားယြင္းေတြ လုပ္လို႔ရမွာ မဟုတ္ဘူးလို႔ ေမွ်ာ္လင့္ထားတယ္။ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယခင္ပုံစံမ်ိဳးအတိုင္း ဆက္လက္လုပ္ေဆာင္ၿပီး ကြၽန္ေတာ္တို႔နဲ႔ဆက္ဆံဖို႔ ႀကိဳးပမ္းေနတာျဖစ္တယ္" ဟု ေျပာသည္။
႐ုရွားသမၼတပူတင္က အေနာက္အုပ္စုႏိုင္ငံမ်ားျဖစ္ေသာ ျပင္သစ္၊ ဂ်ာမနီ ႏွင့္ ၿဗိတိန္ႏိုင္ငံတို႔၏ ေခါင္းေဆာင္မ်ား သည္ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈမ်ားကို ဖ်က္လိုဖ်က္ဆီးလုပ္ေဆာင္ခဲ့ေၾကာင္း ေဝဖန္ျပစ္တင္ခဲ့ဖူးသည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံတို႔သည္ ၂ဝ၁၄ ခုႏွစ္တုန္းက စစ္ပြဲျဖစ္ပြားခဲ့ၿပီး အေနာက္အုပ္စုႏိုင္ငံမ်ား၏ေခါင္းေဆာင္မ်ားက အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ ၾကားဝင္ေပးခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ႐ုရွားသမၼတပူတင္က အေနာက္အုပ္စု ႏိုင္ငံမ်ား၏ ေခါင္ေဆာင္မ်ား၏လုပ္ရပ္ကို ေဝဖန္ျပစ္တင္ခဲ့သည္။
႐ုရွားသမၼတက "အေနာက္ႏိုင္ငံအခ်ိဳ႕၏ေခါင္းေဆာင္ေဟာင္းေတြဟာ အရွက္ကင္းစြာျဖင့္ ယူကရိန္းအစိုးရကို ျပန္လည္တည္ေဆာက္ဖို႔နဲ႔ ႐ုရွားႏိုင္ငံအေပၚ စစ္ေရးအရလုပ္ေဆာင္ဖို႔ Minsk သေဘာတူညီခ်က္မ်ားကိုျပင္ဆင္ဖို႔ လိုအပ္တယ္ဆိုတာက ဝန္ခံေျပာဆိုခဲ့ဖူးတယ္။ ကြၽန္ေတာ္တို႔ဟာ ယူကရိန္းနဲ႔ျဖစ္ပြားတဲ့ပဋိပကၡေတြကို ေျဖရွင္းႏိုင္ ေအာင္ ၈ ႏွစ္ၾကာ ႀကိဳးပမ္းခဲ့တယ္။ ဒါေပမယ့္ ပဋိပကၡေတြကအျပင္းထန္ဆုံးအဆင့္ကိုေရာက္ရွိခဲ့ရတယ္။
“႐ုရွားကို ဗ်ဴဟာေျမာက္ ရႈံးနိမ့္ေအာင္ ရည္႐ြယ္ခ်က္နဲ႔ ေနာက္ဆုံး ယူကရိန္းကို ေနာက္ဆုံးအထိ လက္နက္ကိုင္ ေတာ္လွန္ေရးေတြ ဆက္လုပ္ဖို႔ အေနာက္အုပ္စုေခါင္းေဆာင္ေတြေရာက္လာၿပီး ယူကရိန္းေခါင္းေဆာင္ေတြကို စည္း႐ုံးခဲ့တာ ေကာင္းေကာင္း သိပါတယ္။ အေနာက္အုပ္စုေခါင္းေဆာင္ေတြဟာ ယုံၾကည္မႈေတြကို ခ်ိဳးေဖာက္ခဲ့ ေပမယ့္ ႐ုရွားအစိုးရကေတာ့ ေတြ႕ဆုံေဆြးေႏြးဖို႔ လမ္းေၾကာင္းဖြင့္လွစ္ထားဆဲျဖစ္ပါတယ္" ဟု ေျပာသည္။

Related news

© 2021. All rights reserved.