မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို၊ မြန်မာနိုင်ငံအတွင်းရှိ ရဟန်း၊ ရှင်လူ မိဘပြည်သူ မည်သူမဆို ကူညီနိုင်ကြောင်း နစကဥက္ကဋ္ဌ ဖိတ်ခေါ်

 10887

သုတကျော် (NP News) - မတ် ၂၈

မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို၊ မြန်မာနိုင်ငံအတွင်းရှိ ရဟန်း၊ ရှင်လူ မိဘပြည်သူ မည်သူမဆို လာရောက်ကူညီနိုင်ကြောင်း ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားသည်။

ငလျင်ကြောင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ နေပြည်တော်တို့တွင် ပျက်စီးမှုများပြားခဲ့ရာ ယနေ့ ညအချိန်အထိ သတင်းပို့ချက်အရ နေပြည်တော်ကောင်စီနယ်မြေတွင် ၉၆ ဦး၊ စစ်ကိုင်းမြို့တွင် ၁၈ ဦး ၊ ကျောက်ဆည်မြို့တွင် ၃၀ ဦး စုစုပေါင်း ၁၄၄ ဦး သေဆုံးကြောင်း နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် ၄၃၂ ဦး၊ စစ်ကိုင်းမြို့တွင် ၃၀၀ ဦး နှင့် ကျောက်ဆည်မြို့တွင် စိစစ်ဆဲဖြစ်ပြီး အားလုံးပေါင်း ၇၃၂ ယောက် ဒဏ်ရာရရှိသည်ဟု သိရကြောင်း နစကဥက္ကဋ္ဌ က ပြောသည်။

"သေဆုံးမှုနဲ့ဒဏ်ရာရရှိမှုကတော့ ဒီထက် တိုးလာစရာ ရှိပါတယ်။ အချို့နေရာတွေမှာလည်း တိုက်တွေ ပြိုကျတဲ့အတွက်ကြောင့် ဒီတိုက်တွေကိုလည်း ပြန်ပြီးတော့မှ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ လုပ်နေဆဲဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်။ မိဘပြည်သူများအနေဖြင့်လည်း သဘာဝဘေးကြောင့်ဖြစ်လာတဲ့ ဒီငလျင်ဒဏ်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ကျယ်ပြန့်စွာလုပ်ဖို့ရှိတဲ့အတွက်ကြောင့် တတ်နိုင်သလောက် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်" ဟု နစကဥက္ကဋ္ဌက ပြောသည်။

မိမိအနေဖြင့် ဖြစ်ပွားသောဒေသအားလုံးကိုလည်း အရေးပေါ်အခြေအနေကြေညာထားပြီး ပြည်ပအကူအညီများပေးနိုင်ရန်လည်း လမ်းဖွင့်ပေးထားပြီးဖြစ်ကြောင်း နစကဥက္ကဋ္ဌ က ဆိုသည်။

"မကြာသေးမီကပဲ AHA စင်တာကနေပြီးတော့ မနက်ဖြန်မှာ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဖို့နဲ့ အိန္ဒိယနိုင်ငံကလည်း မနက်ဖြန်မှာ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဖို့ ကမ်းလှမ်းလာတာရှိတဲ့အတွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရဟန်း၊ ရှင်လူ မိဘပြည်သူ မည်သူမျှမဆို လာရောက်ကူညီနိုင်ဖို့ ကျွန်တော် ဖိတ်ကြားလိုပါတယ်" ဟု နစကဥက္ကဋ္ဌ က ဆိုသည်။

Zawgyi Version:
မည္သည့္ႏိုင္ငံ၊ မည္သည့္အဖြဲ႕အစည္းမဆို၊ ျမန္မာႏိုင္ငံအတြင္းရွိ ရဟန္း၊ ရွင္လူ မိဘျပည္သူ မည္သူမဆို ကူညီႏိုင္ေၾကာင္း နစကဥကၠ႒ ဖိတ္ေခၚ
သုတေက်ာ္ (NP News) - မတ္ ၂၈

မည္သည့္ႏိုင္ငံ၊ မည္သည့္အဖြဲ႕အစည္းမဆို၊ ျမန္မာႏိုင္ငံအတြင္းရွိ ရဟန္း၊ ရွင္လူ မိဘျပည္သူ မည္သူမဆို လာေရာက္ကူညီႏိုင္ေၾကာင္း ျပင္းထန္စြာ ငလ်င္လႈပ္ခတ္ခဲ့မႈႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားသည္။

ငလ်င္ေၾကာင့္ မႏၲေလးၿမိဳ႕၊ စစ္ကိုင္းၿမိဳ႕၊ ေနျပည္ေတာ္တို႔တြင္ ပ်က္စီးမႈမ်ားျပားခဲ့ရာ ယေန႔ ညအခ်ိန္အထိ သတင္းပို႔ခ်က္အရ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ၉၆ ဦး၊ စစ္ကိုင္းၿမိဳ႕တြင္ ၁၈ ဦး ၊ ေက်ာက္ဆည္ၿမိဳ႕တြင္ ၃၀ ဦး စုစုေပါင္း ၁၄၄ ဦး ေသဆုံးေၾကာင္း ႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ၄၃၂ ဦး၊ စစ္ကိုင္းၿမိဳ႕တြင္ ၃၀၀ ဦး ႏွင့္ ေက်ာက္ဆည္ၿမိဳ႕တြင္ စိစစ္ဆဲျဖစ္ၿပီး အားလုံးေပါင္း ၇၃၂ ေယာက္ ဒဏ္ရာရရွိသည္ဟု သိရေၾကာင္း နစကဥကၠ႒ က ေျပာသည္။

"ေသဆုံးမႈနဲ႔ဒဏ္ရာရရွိမႈကေတာ့ ဒီထက္ တိုးလာစရာ ရွိပါတယ္။ အခ်ိဳ႕ေနရာေတြမွာလည္း တိုက္ေတြ ၿပိဳက်တဲ့အတြက္ေၾကာင့္ ဒီတိုက္ေတြကိုလည္း ျပန္ၿပီးေတာ့မွ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ကြၽန္ေတာ္တို႔ လုပ္ေနဆဲျဖစ္ပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ေရာက္ရွိၾကည့္ရႈၿပီးလည္းျဖစ္ပါတယ္။ မိဘျပည္သူမ်ားအေနျဖင့္လည္း သဘာဝေဘးေၾကာင့္ျဖစ္လာတဲ့ ဒီငလ်င္ဒဏ္ကို ကယ္ဆယ္ေရးလုပ္ငန္းေတြ က်ယ္ျပန႔္စြာလုပ္ဖို႔ရွိတဲ့အတြက္ေၾကာင့္ တတ္ႏိုင္သေလာက္ ဝိုင္းဝန္း ကူညီ ေဆာင္႐ြက္ေပးဖို႔ ေမတၱာရပ္ခံလိုပါတယ္" ဟု နစကဥကၠ႒က ေျပာသည္။

မိမိအေနျဖင့္ ျဖစ္ပြားေသာေဒသအားလုံးကိုလည္း အေရးေပၚအေျခအေနေၾကညာထားၿပီး ျပည္ပအကူအညီမ်ားေပးႏိုင္ရန္လည္း လမ္းဖြင့္ေပးထားၿပီးျဖစ္ေၾကာင္း နစကဥကၠ႒ က ဆိုသည္။

"မၾကာေသးမီကပဲ AHA စင္တာကေနၿပီးေတာ့ မနက္ျဖန္မွာ အေရးေပၚကယ္ဆယ္ေရးပစၥည္းေတြ ပို႔ဖို႔နဲ႔ အိႏၵိယႏိုင္ငံကလည္း မနက္ျဖန္မွာ ကူညီကယ္ဆယ္ေရးပစၥည္းေတြ ပို႔ဖို႔ ကမ္းလွမ္းလာတာရွိတဲ့အတြက္ ခြင့္ျပဳထားၿပီးျဖစ္ေၾကာင္း ကြၽန္ေတာ္ ေျပာလိုပါတယ္။ မည္သည့္ႏိုင္ငံ၊ မည္သည့္အဖြဲ႕အစည္းမဆို ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ ရဟန္း၊ ရွင္လူ မိဘျပည္သူ မည္သူမွ်မဆို လာေရာက္ကူညီႏိုင္ဖို႔ ကြၽန္ေတာ္ ဖိတ္ၾကားလိုပါတယ္" ဟု နစကဥကၠ႒ က ဆိုသည္။

Related news

© 2021. All rights reserved.