TikTok ကို ရောင်းချခွင့်ပေးရန် အမေရိကန်အစိုးရနှင့် အပေးအယူလုပ်မည်ဆိုသောသတင်းများကို တရုတ်အစိုးရ ငြင်းဆန်

136

ဂျန်ဇက် (NP News) - မတ် ၂၉
ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်သော TikTok ကို ရောင်းချခြင်းကို တရုတ်အစိုးရမှ ခွင့်ပြုပေးရန်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ခွန်ကောက်ခံခြင်းကို လျော့ချဖွယ်ရှိနေသည် ဆိုသောသတင်များကို တရုတ်အစိုးရက ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က အမေရိကန် နိုင်ငံရှိ စီးပွားရေးလုပ်ငန်းစုလေးခုသည် TikTok ကို ဝယ်ယူရရှိရန်အတွက် ဆွေးနွေးခဲ့ကြောင်း မတ်လအစောပိုင်း က ထုတ်ဖော်ပြောဆိုခဲ့ပြီး အမေရိကန်နိုင်ငံအတွင်း TikTok အသုံးပြုခွင့်ရရှိရန် ပိုမိုမရေမရာဖြစ်လာခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္ပဏီ၏ TikTok ကို အမေရိကန်နိုင်ငံ အတွင်း အသုံးပြုခြင်းကိုပိတ်ပင်ရန်ဆုံးဖြတ်ခဲ့ပြီး၊ အဆိုပါလူမှုကွန်ရက်ကို အသုံးပြုပြီးတရုတ်အစိုးရက အမေရိကန်နိုင်ငံသားများ၏ အချက်လက်များကို ခိုးယူရန်ကြိုးပမ်းနေကြောင်း စွပ်စွဲချက်များလည်း ထွက်ပေါ်ခဲ့ သည်။
အမေရိကန်တရားရုံးက TikTok ကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုမှုပိတ်ပင်ခြင်းကို ဇန်နဝါရီလ ၁၉ ရက်တွင် စတင်မည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ဒေါ်နယ်ထရမ့်က သမ္မတအဖြစ်တာဝန်ယူပြီးချိန်တွင် တရားရုံး၏ အမိန့်ကို ဧပြီ ၅ ရက်အထိ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က "TikTok ရောင်းချခြင်းကို စာချုပ်ချုပ် နိုင်အောင် လုပ်ဆောင်နေတယ်။ တရုတ်အစိုးရဟာ TikTok လူမှုကွန်ရက်ရောင်းချခြင်းလုပ်ငန်းစဉ်မှာ အဓိကနေရာက ပါဝင်လာဖွယ်ရှိနေပါတယ်။ တရုတ်အစိုးရကခွင့်ပြုမယ်ဆိုရင် အားလုံးလုပ်ဆောင်နိုင်မှာပါ" ဟု ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်သမ္မတ၏ပြောဆိုချက်များကို ငြင်းဆန်ပယ်ချထားပြီး TikTok နှင့်ပတ်သက်သော ၎င်းတို့ရပ်တည်ချက်ကို ထပ်မံပြောဆိုလိုကြောင်း၊ အခွန်ထပ်မံကောက်ခံခြင်း နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်က တသတ်မတ်တည်း ဆက်ရှိမည်ဖြစ်ကြောင်း ပြောသည်။
TikTok လူမှုကွန်ရက်ကို ဇန်နဝါရီလအတွင်း အသုံးပြုမှုဆိုင်းငံ့ခြင်းများ ပိတ်သိမ်းခြင်းများ စတင်လုပ်ဆောင်ခဲ့ပြီး app stores များတွင် TikTok လူမှုကွန်ရက်အက်ပလီကေးရှင်းများကို ဖော်ပြခဲ့ခြင်းမရှိတော့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက်ရက်ပိုင်းအကြာတွင် TikTok လူမှုကွန်ရက်အား အမေရိကန်နိုင်ငံအတွင်း ပြန်လည်ရောင်းချခြင်းကို နှစ်လခွဲအတွင်း အပြီးသတ်လုပ်ဆောင်ရန်သတ်မှတ်ခဲ့ကြောင်း သိရသည်။ အမေရိကန် Artificial intelligence (AI) startup Perplexity ကုမ္ပဏီက TikTok လူမှုကွန်ရက်ကို ပြန်လည်ဝယ်ယူရန် စိတ်ဝင်စားခဲ့ကြောင်း ပြောခဲ့ဖူးသည်။

Zawgyi Version:
TikTok ကို ေရာင္းခ်ခြင့္ေပးရန္ အေမရိကန္အစိုးရႏွင့္ အေပးအယူလုပ္မည္ဆိုေသာသတင္းမ်ားကို တ႐ုတ္အစိုးရ ျငင္းဆန္
ဂ်န္ဇက္ (NP News) - မတ္ ၂၉
ကမာၻေက်ာ္လူမႈကြန္ရက္တစ္ခုျဖစ္ေသာ TikTok ကို ေရာင္းခ်ျခင္းကို တ႐ုတ္အစိုးရမွ ခြင့္ျပဳေပးရန္အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ တ႐ုတ္ႏိုင္ငံအေပၚ ကုန္သြယ္ခြန္ေကာက္ခံျခင္းကို ေလ်ာ့ခ်ဖြယ္ရွိေနသည္ ဆိုေသာသတင္မ်ားကို တ႐ုတ္အစိုးရက ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က အေမရိကန္ ႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းစုေလးခုသည္ TikTok ကို ဝယ္ယူရရွိရန္အတြက္ ေဆြးေႏြးခဲ့ေၾကာင္း မတ္လအေစာပိုင္း က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး အေမရိကန္ႏိုင္ငံအတြင္း TikTok အသုံးျပဳခြင့္ရရွိရန္ ပိုမိုမေရမရာျဖစ္လာခဲ့ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံတြင္ တ႐ုတ္ႏိုင္ငံအေျခစိုက္ ByteDance ကုမၸဏီ၏ TikTok ကို အေမရိကန္ႏိုင္ငံ အတြင္း အသုံးျပဳျခင္းကိုပိတ္ပင္ရန္ဆုံးျဖတ္ခဲ့ၿပီး၊ အဆိုပါလူမႈကြန္ရက္ကို အသုံးျပဳၿပီးတ႐ုတ္အစိုးရက အေမရိကန္ႏိုင္ငံသားမ်ား၏ အခ်က္လက္မ်ားကို ခိုးယူရန္ႀကိဳးပမ္းေနေၾကာင္း စြပ္စြဲခ်က္မ်ားလည္း ထြက္ေပၚခဲ့ သည္။
အေမရိကန္တရား႐ုံးက TikTok ကို အေမရိကန္ႏိုင္ငံအတြင္း အသုံးျပဳမႈပိတ္ပင္ျခင္းကို ဇန္နဝါရီလ ၁၉ ရက္တြင္ စတင္မည္ဟု သတင္းထုတ္ျပန္ခဲ့ေသာ္လည္း ေဒၚနယ္ထရမ့္က သမၼတအျဖစ္တာဝန္ယူၿပီးခ်ိန္တြင္ တရား႐ုံး၏ အမိန႔္ကို ဧၿပီ ၅ ရက္အထိ ေ႐ႊ႕ဆိုင္းခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က "TikTok ေရာင္းခ်ျခင္းကို စာခ်ဳပ္ခ်ဳပ္ ႏိုင္ေအာင္ လုပ္ေဆာင္ေနတယ္။ တ႐ုတ္အစိုးရဟာ TikTok လူမႈကြန္ရက္ေရာင္းခ်ျခင္းလုပ္ငန္းစဥ္မွာ အဓိကေနရာက ပါဝင္လာဖြယ္ရွိေနပါတယ္။ တ႐ုတ္အစိုးရကခြင့္ျပဳမယ္ဆိုရင္ အားလုံးလုပ္ေဆာင္ႏိုင္မွာပါ" ဟု ေျပာသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ အေမရိကန္သမၼတ၏ေျပာဆိုခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ထားၿပီး TikTok ႏွင့္ပတ္သက္ေသာ ၎တို႔ရပ္တည္ခ်က္ကို ထပ္မံေျပာဆိုလိုေၾကာင္း၊ အခြန္ထပ္မံေကာက္ခံျခင္း ႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံ၏ရပ္တည္ခ်က္က တသတ္မတ္တည္း ဆက္ရွိမည္ျဖစ္ေၾကာင္း ေျပာသည္။
TikTok လူမႈကြန္ရက္ကို ဇန္နဝါရီလအတြင္း အသုံးျပဳမႈဆိုင္းငံ့ျခင္းမ်ား ပိတ္သိမ္းျခင္းမ်ား စတင္လုပ္ေဆာင္ခဲ့ၿပီး app stores မ်ားတြင္ TikTok လူမႈကြန္ရက္အက္ပလီေကးရွင္းမ်ားကို ေဖာ္ျပခဲ့ျခင္းမရွိေတာ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္သမၼတျဖစ္လာခဲ့ၿပီးေနာက္ရက္ပိုင္းအၾကာတြင္ TikTok လူမႈကြန္ရက္အား အေမရိကန္ႏိုင္ငံအတြင္း ျပန္လည္ေရာင္းခ်ျခင္းကို ႏွစ္လခြဲအတြင္း အၿပီးသတ္လုပ္ေဆာင္ရန္သတ္မွတ္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္ Artificial intelligence (AI) startup Perplexity ကုမၸဏီက TikTok လူမႈကြန္ရက္ကို ျပန္လည္ဝယ္ယူရန္ စိတ္ဝင္စားခဲ့ေၾကာင္း ေျပာခဲ့ဖူးသည္။