အမေရိကန်နှင့် သွယ်ဝိုက်သောနည်းလမ်းများဖြင့် ဆွေးနွေးမှုများလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဟု အီရန် အစိုးရပြော

158

Pika (NP News) - မတ် ၂၉
အမေရိကန်နိုင်ငံနှင့် သွယ်ဝိုက်သောနည်းလမ်းများဖြင့် ဆွေးနွေးမှုများလုပ်ဆောင်ရန် အီရန်နိုင်ငံက အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း အီရန်ထိပ်တန်းအကြီးအကဲအလီခါမေနီ၏ အကြံပေးပုဂ္ဂိုလ် Kamal Kharrazi က ထုတ်ဖော်ပြောခဲ့သည်။ Kamal Kharrazi က “အီရန်ဟာ တစ်ဖက်နဲ့တစ်ဖက် အကဲဖြတ်မှုတွေလုပ်ဆောင်ဖို့၊ ကိုယ်ပိုင်အခြေအနေတွေကို တင်ပြပြီး သင့်လျော်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် သွယ်ဝိုက်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ပြောခဲ့သည်။
မတ်လ(၇)ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် နျူကလီးယားဆွေးနွေးပွဲအသစ်များကို တောင်းဆို သည့်စာတစ်စောင်ကို အလီခါမေနီထံပေးပို့ခဲ့ကြောင်း သိရသည်။ အီရန်က အမေရိကန်၏ တောင်းဆိုမှုများကို ငြင်းဆိုခဲ့မည်ဆိုပါက စစ်ရေးအရ အရေးယူမှုများလုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့်က သတိပေးခဲ့ကြောင်း လည်း သိရသည်။ အဆိုပါစာစောင်ကို ယူအေအီးသမ္မတအကြံပေး Anwar Gargash က မတ်လ(၁၂)ရက်တွင် အီရန်ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင် ဒေါ်နယ်ထရမ့်သည် ၎င်းတို့ဘက်က ဆွေးနွေးပွဲများကို လုပ်ဆောင်ရန် လမ်းဖွင့်ထားပြီး အီရန်ကို အတားအဆီးတစ်ခုအဖြစ် ပုံဖော်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ လူထုအမြင် ကို လှည့်ဖြားရန် ကြိုးပမ်းနေကြောင်း အလီခါမေနီက စွပ်စွဲပြောဆိုခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ပေးပို့ခဲ့သော ဒေါ်နယ်ထရမ့်၏စာစောင်သည် ခြိမ်းခြောက်မှုတစ်ခုထက်ပို ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ Abbas Araghchi က “ဒေါ်နယ်ထရမ့်ပေးပို့ခဲ့တဲ့စာစောင်ဟာ ခြိမ်းခြောက်မှုတစ်ခုထက်ပိုပေမယ့် အခွင့်အလမ်း တွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ဟာ စာထဲမှာပါတဲ့အချက်အလက်အားလုံးကို အာရုံစိုက်သွားမှာဖြစ်ပြီး တုံ့ပြန်မှုတွေလုပ်ဆောင်ရာမှာ ခြိမ်းခြောက်မှုနဲ့အခွင့်အလမ်းနှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားသွားမှာပါ” ဟု ပြောခဲ့သည်။

Zawgyi Version:
အေမရိကန္ႏွင့္ သြယ္ဝိုက္ေသာနည္းလမ္းမ်ားျဖင့္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ အဆင္သင့္ျဖစ္ေနၿပီဟု အီရန္ အစိုးရေျပာ
Pika (NP News) - မတ္ ၂၉
အေမရိကန္ႏိုင္ငံႏွင့္ သြယ္ဝိုက္ေသာနည္းလမ္းမ်ားျဖင့္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ အီရန္ႏိုင္ငံက အဆင္သင့္ ျဖစ္ေနၿပီျဖစ္ေၾကာင္း အီရန္ထိပ္တန္းအႀကီးအကဲအလီခါေမနီ၏ အႀကံေပးပုဂၢိဳလ္ Kamal Kharrazi က ထုတ္ေဖာ္ေျပာခဲ့သည္။ Kamal Kharrazi က “အီရန္ဟာ တစ္ဖက္နဲ႔တစ္ဖက္ အကဲျဖတ္မႈေတြလုပ္ေဆာင္ဖို႔၊ ကိုယ္ပိုင္အေျခအေနေတြကို တင္ျပၿပီး သင့္ေလ်ာ္တဲ့ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္ဖို႔အတြက္ သြယ္ဝိုက္တဲ့ ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ” ဟု ေျပာခဲ့သည္။
မတ္လ(၇)ရက္တြင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ န်ဴကလီးယားေဆြးေႏြးပြဲအသစ္မ်ားကို ေတာင္းဆို သည့္စာတစ္ေစာင္ကို အလီခါေမနီထံေပးပို႔ခဲ့ေၾကာင္း သိရသည္။ အီရန္က အေမရိကန္၏ ေတာင္းဆိုမႈမ်ားကို ျငင္းဆိုခဲ့မည္ဆိုပါက စစ္ေရးအရ အေရးယူမႈမ်ားလုပ္ေဆာင္သြားမည္ဟု ေဒၚနယ္ထရမ့္က သတိေပးခဲ့ေၾကာင္း လည္း သိရသည္။ အဆိုပါစာေစာင္ကို ယူေအအီးသမၼတအႀကံေပး Anwar Gargash က မတ္လ(၁၂)ရက္တြင္ အီရန္ကို ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ ၎တို႔ဘက္က ေဆြးေႏြးပြဲမ်ားကို လုပ္ေဆာင္ရန္ လမ္းဖြင့္ထားၿပီး အီရန္ကို အတားအဆီးတစ္ခုအျဖစ္ ပုံေဖာ္ျခင္းျဖင့္ ကမာၻလုံးဆိုင္ရာ လူထုအျမင္ ကို လွည့္ျဖားရန္ ႀကိဳးပမ္းေနေၾကာင္း အလီခါေမနီက စြပ္စြဲေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ေပးပို႔ခဲ့ေသာ ေဒၚနယ္ထရမ့္၏စာေစာင္သည္ ၿခိမ္းေျခာက္မႈတစ္ခုထက္ပို ေၾကာင္း အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Abbas Araghchi က ၿပီးခဲ့သည့္သီတင္းပတ္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ Abbas Araghchi က “ေဒၚနယ္ထရမ့္ေပးပို႔ခဲ့တဲ့စာေစာင္ဟာ ၿခိမ္းေျခာက္မႈတစ္ခုထက္ပိုေပမယ့္ အခြင့္အလမ္း ေတြလည္း ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ဟာ စာထဲမွာပါတဲ့အခ်က္အလက္အားလုံးကို အာ႐ုံစိုက္သြားမွာျဖစ္ၿပီး တုံ႔ျပန္မႈေတြလုပ္ေဆာင္ရာမွာ ၿခိမ္းေျခာက္မႈနဲ႔အခြင့္အလမ္းႏွစ္ခုစလုံးကို ထည့္သြင္းစဥ္းစားသြားမွာပါ” ဟု ေျပာခဲ့သည္။