အမေရိကန်ရဲ့အခွန်ကောက်ခံမှုအသစ်နဲ့ပတ်သက်ပြီး သိသာတဲ့အကျိုးသက်ရောက်မှုတွေကို ဂျပန်အစိုးရ သတိပေး

 537

Pika (NP News) - မတ် ၂၉

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကားတင်သွင်းခွန်များကောက်ခံမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့် ၎င်း၏ စီးပွားရေးဆက်ဆံမှုများ၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများတွင် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများကို ဂျပန်အစိုးရက သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။
ဂျပန်သည် အမေရိကန်၏အနီးကပ်ဆုံး စီးပွားရေးနှင့် မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၎င်း၏ကုမ္ပဏီများသည် အမေရိကန်တွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူများဖြစ်ကာ ဂျပန်နိုင်ငံတွင်းရှိ အလုပ်အကိုင်(၁၀)ခုတွင် (၁)ခုသည် ကားကဏ္ဍနှင့်ဆက်စပ်နေကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်က အမေရိကန်တွင် မထုတ်လုပ်ရသေးသော ကားအားလုံးအပေါ် အခွန်(၂၅)ရာခိုင်နှုန်း ကောက်ခံ သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်မတ်လ(၂၆)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဒေါ်နယ်ထရမ့်၏ ထုတ်ပြန် ကြေညာချက်နှင့်ပတ်သက်ပြီး ဂျပန်အစိုးရက သင့်လျော်သောတုံ့ပြန်မှုများကို သုံးသပ်မှုများလုပ်ဆောင်နေ ကြောင်း ဂျပန်ဝန်ကြီးချုပ်ရှီဂဲရုအီရှီဘာက ပြောကြားခဲ့သည်။
ရှီဂဲရုအီရှီဘာက “ဂျပန်က အမေရိကန်မှာ ထင်ရှားတဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထင်ရှားတဲ့အလုပ်အကိုင်ဖန်တီးမှုတွေ ကို ပြုလုပ်ထားပါတယ်။ ကျွန်တော်တို့ဟာ အမေရိကန်ရဲ့ရင်းနှီးမြှုပ်နှံမှုမှာ နံပါတ်တစ်နိုင်ငံပဲဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့လက်ရှိဆောင်ရွက်ချက်တွေနဲ့ အခြားကျယ်ပြန့်တဲ့အခြေခံကုန်သွယ်မှု ကန့်သတ်ချက် တွေဟာ ဂျပန်နဲ့ အမေရိကန်ကြား စီးပွားရေးဆက်ဆံရေးအပြင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ နိုင်ငံစုံကုန်သွယ်မှု စနစ်အပေါ်သိသာတဲ့အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီထုတ်ပြန်ကြေညာ ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အခွန်ကောက်ခံမှုအသစ်ဟာ ဝမ်းနည်ဖွယ်ကောင်းတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကို အမေရိကန်အစိုးရကို ကျွန်တော်တို့ပြောခဲ့ပါတယ်။ဒီအခွန်ကောက်ခံမှုအသစ်တွေကနေ ဂျပန်ကိုဖယ်ထုတ်ဖို့ အမေရိကန်ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန်တိုက်တွန်းခဲ့ပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
အေမရိကန္ရဲ႕အခြန္ေကာက္ခံမႈအသစ္နဲ႔ပတ္သက္ၿပီး သိသာတဲ့အက်ိဳးသက္ေရာက္မႈေတြကို ဂ်ပန္အစိုးရ သတိေပး
Pika (NP News) - မတ္ ၂၉

အေမရိကန္သမၼတေဒၚနယ္ထရမ့္က ကားတင္သြင္းခြန္မ်ားေကာက္ခံမည္ဟု ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံႏွင့္ ၎၏ စီးပြားေရးဆက္ဆံမႈမ်ား၊ ကမာၻလုံးဆိုင္ရာကုန္သြယ္မႈမ်ားတြင္ သိသာထင္ရွားေသာ အက်ိဳးသက္ေရာက္မႈမ်ားကို ဂ်ပန္အစိုးရက သတိေပးေျပာဆိုခဲ့ေၾကာင္း သိရသည္။
ဂ်ပန္သည္ အေမရိကန္၏အနီးကပ္ဆုံး စီးပြားေရးႏွင့္ မဟာဗ်ဴဟာေျမာက္မိတ္ဖက္ႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံျဖစ္ၿပီး ၎၏ကုမၸဏီမ်ားသည္ အေမရိကန္တြင္ အႀကီးမားဆုံးရင္းႏွီးျမႇဳပ္ႏွံသူမ်ားျဖစ္ကာ ဂ်ပန္ႏိုင္ငံတြင္းရွိ အလုပ္အကိုင္(၁၀)ခုတြင္ (၁)ခုသည္ ကားက႑ႏွင့္ဆက္စပ္ေနေၾကာင္း သိရသည္။

ေဒၚနယ္ထရမ့္က အေမရိကန္တြင္ မထုတ္လုပ္ရေသးေသာ ကားအားလုံးအေပၚ အခြန္(၂၅)ရာခိုင္ႏႈန္း ေကာက္ခံ သြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္မတ္လ(၂၆)ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။ ေဒၚနယ္ထရမ့္၏ ထုတ္ျပန္ ေၾကညာခ်က္ႏွင့္ပတ္သက္ၿပီး ဂ်ပန္အစိုးရက သင့္ေလ်ာ္ေသာတုံ႔ျပန္မႈမ်ားကို သုံးသပ္မႈမ်ားလုပ္ေဆာင္ေန ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ရွီဂဲ႐ုအီရွီဘာက ေျပာၾကားခဲ့သည္။
ရွီဂဲ႐ုအီရွီဘာက “ဂ်ပန္က အေမရိကန္မွာ ထင္ရွားတဲ့ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ ထင္ရွားတဲ့အလုပ္အကိုင္ဖန္တီးမႈေတြ ကို ျပဳလုပ္ထားပါတယ္။ ကြၽန္ေတာ္တို႔ဟာ အေမရိကန္ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈမွာ နံပါတ္တစ္ႏိုင္ငံပဲျဖစ္ပါတယ္။ အေမရိကန္အစိုးရရဲ႕လက္ရွိေဆာင္႐ြက္ခ်က္ေတြနဲ႔ အျခားက်ယ္ျပန႔္တဲ့အေျခခံကုန္သြယ္မႈ ကန႔္သတ္ခ်က္ ေတြဟာ ဂ်ပန္နဲ႔ အေမရိကန္ၾကား စီးပြားေရးဆက္ဆံေရးအျပင္ ကမာၻလုံးဆိုင္ရာစီးပြားေရးနဲ႔ ႏိုင္ငံစုံကုန္သြယ္မႈ စနစ္အေပၚသိသာတဲ့အက်ိဳးသက္ေရာက္မႈရွိႏိုင္တယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္။ ဒီထုတ္ျပန္ေၾကညာ ခ်က္ကို တုံ႔ျပန္တဲ့အေနနဲ႔ အခြန္ေကာက္ခံမႈအသစ္ဟာ ဝမ္းနည္ဖြယ္ေကာင္းတဲ့အရာတစ္ခုျဖစ္တယ္ဆိုတာကို အေမရိကန္အစိုးရကို ကြၽန္ေတာ္တို႔ေျပာခဲ့ပါတယ္။ဒီအခြန္ေကာက္ခံမႈအသစ္ေတြကေန ဂ်ပန္ကိုဖယ္ထုတ္ဖို႔ အေမရိကန္ကို ကြၽန္ေတာ္တို႔ ျပင္းျပင္းထန္ထန္တိုက္တြန္းခဲ့ပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.