လက်ဘနွန်ကနေ ပစ်လွှတ်လိုက်တဲ့ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်ဘက်ပြော

 135

Pika (NP News) - မတ် ၂၉

လက်ဘနွန်နိုင်ငံကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးက မတ်လ (၂၈)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အစ္စရေးနိုင်ငံရဲ့လုံခြုံရေးကို ကာကွယ်ဖို့အတွက် ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ အစ္စရေးက ကတိပြုပြောဆိုခဲ့ပါတယ်။
အစ္စရေးနိုင်ငံမြောက်ပိုင်း Galilee ဧရိယာကို ပစ်လွှတ်ခဲ့တဲ့ဒုံးကျည်အတွက် လက်ဘနွန်နိုင်ငံမှာ တာဝန်ရှိတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်ဇ်က ပြောကြားခဲ့ပါတယ်။ အစ္စရေးကတ်ဇ်က ”Galilee ဧရိယာမှာ နေထိုင်တဲ့သူတွေရဲ့လုံခြုံရေးကို ကျွန်တော်တို့အာမခံပြီး ခြိမ်းခြောက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန်လက်တုံ့ ပြန်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် လက်ဘနွန်ကနေပစ်လွှတ်လိုက်တဲ့ ဒုတိယမြောက်ဒုံးကျည်တစ်စင်းဟာ လက်ဘနွန်နိုင်ငံအတွင်းကိုပဲ ကျရောက်သွားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လက်ဘနွန်အစိုးရ ဒါမှမဟုတ် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ချက်ချင်း မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လက်ဘနွန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို အမြောက်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
လက္ဘႏြန္ကေန ပစ္လႊတ္လိုက္တဲ့ဒုံးက်ည္ေတြကို ၾကားျဖတ္ဟန႔္တားခဲ့တယ္လို႔ အစၥေရးစစ္ဘက္ေျပာ
Pika (NP News) - မတ္ ၂၉

လက္ဘႏြန္ႏိုင္ငံကေန ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္တစ္စင္းကို ၾကားျဖတ္ဟန႔္တားခဲ့တယ္လို႔ အစၥေရးက မတ္လ (၂၈)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အစၥေရးႏိုင္ငံရဲ႕လုံၿခဳံေရးကို ကာကြယ္ဖို႔အတြက္ ျပင္းထန္တဲ့ လက္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ အစၥေရးက ကတိျပဳေျပာဆိုခဲ့ပါတယ္။
အစၥေရးႏိုင္ငံေျမာက္ပိုင္း Galilee ဧရိယာကို ပစ္လႊတ္ခဲ့တဲ့ဒုံးက်ည္အတြက္ လက္ဘႏြန္ႏိုင္ငံမွာ တာဝန္ရွိတယ္လို႔ အစၥေရးကာကြယ္ေရးဝန္ႀကီးအစၥေရးကတ္ဇ္က ေျပာၾကားခဲ့ပါတယ္။ အစၥေရးကတ္ဇ္က ”Galilee ဧရိယာမွာ ေနထိုင္တဲ့သူေတြရဲ႕လုံၿခဳံေရးကို ကြၽန္ေတာ္တို႔အာမခံၿပီး ၿခိမ္းေျခာက္မႈမွန္သမွ်ကို ျပင္းျပင္းထန္ထန္လက္တုံ႔ ျပန္သြားမွာပါ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ လက္ဘႏြန္ကေနပစ္လႊတ္လိုက္တဲ့ ဒုတိယေျမာက္ဒုံးက်ည္တစ္စင္းဟာ လက္ဘႏြန္ႏိုင္ငံအတြင္းကိုပဲ က်ေရာက္သြားခဲ့တယ္လို႔ အစၥေရးစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး လက္ဘႏြန္အစိုးရ ဒါမွမဟုတ္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ခ်က္ခ်င္း မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ လက္ဘႏြန္က အစၥေရးကို ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရးက လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို အေျမာက္ေတြနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.