ရေတပ်သင်္ဘောနဲ့ ငါးဖမ်းသင်္ဘောတို့ တိုက်မိမှုနဲ့ပတ်သက်ပြီး တရုတ်ရဲ့တိုင်ကြားချက်တွေကို တရုတ်(တိုင်ပေ) အစိုးရငြင်းဆန်

219

Pika (NP News) - မတ် ၂၉
ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်(တိုင်ပေ)ရေတပ်သင်္ဘောနဲ့ တရုတ်ငါးဖမ်းသင်္ဘောတစ်စီးတို့ တိုက်မိမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့တိုင်ကြားချက်တွေကို တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးက ငြင်းဆန်ပယ်ချခဲ့ တယ်လို့ သိရပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)အစိုးရဟာ စစ်ရေးလေ့ကျင့်မှုတွေကို အတားအဆီးမရှိ ဆက်လက်လုပ်ဆောင်သွားမယ် လို့ တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ တိုက်မိမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်(တိုင်ပေ)သင်္ဘောရဲ့လုပ်ရပ်တွေကို တရုတ်ရဲ့တရုတ်(တိုင်ပေ)ရေးရာရုံးက ပြစ်တင် ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက ”တရုတ်ရဲ့တရုတ်(တိုင်ပေ)ရေးရာရုံးက အမြဲတမ်း အဲဒီလိုမျိုးပြောပါတယ်။ ကျွန်တော်တို့လုပ်သင့်တဲ့လေ့ကျင့်ခန်းတွေကို ဆက်လုပ်သွားမယ်လို့ပဲ ပြောချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တရုတ်ငါးဖမ်းသင်္ဘောဟာ တရုတ်(တိုင်ပေ)ရေတပ်ရဲ့လုပ်ရပ်တွေကို စူးစမ်းမှုတွေလုပ်ဆောင်နေတာလား ဆိုတဲ့မေးခွန်းတွေကို ဝယ်လင်တန်ကူးက တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းက ”တရုတ်ငါးဖမ်း သင်္ဘောက ကျွန်တော်တို့ရဲ့စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရယူနိုင်ဖို့က မဖြစ်နိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေရတပ္သေဘၤာနဲ႔ ငါးဖမ္းသေဘၤာတို႔ တိုက္မိမႈနဲ႔ပတ္သက္ၿပီး တ႐ုတ္ရဲ႕တိုင္ၾကားခ်က္ေတြကို တ႐ုတ္(တိုင္ေပ) အစိုးရျငင္းဆန္
Pika (NP News) - မတ္ ၂၉
ထိုင္ဝမ္ေရလက္ၾကားမွာ တ႐ုတ္(တိုင္ေပ)ေရတပ္သေဘၤာနဲ႔ တ႐ုတ္ငါးဖမ္းသေဘၤာတစ္စီးတို႔ တိုက္မိမႈနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕တိုင္ၾကားခ်က္ေတြကို တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးက ျငင္းဆန္ပယ္ခ်ခဲ့ တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)အစိုးရဟာ စစ္ေရးေလ့က်င့္မႈေတြကို အတားအဆီးမရွိ ဆက္လက္လုပ္ေဆာင္သြားမယ္ လို႔ တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။ ထိုင္ဝမ္ေရလက္ၾကားမွာ တိုက္မိမႈေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ တ႐ုတ္(တိုင္ေပ)သေဘၤာရဲ႕လုပ္ရပ္ေတြကို တ႐ုတ္ရဲ႕တ႐ုတ္(တိုင္ေပ)ေရးရာ႐ုံးက ျပစ္တင္ ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
တ႐ုတ္(တိုင္ေပ)ကာကြယ္ေရးဝန္ႀကီး ဝယ္လင္တန္ကူးက ”တ႐ုတ္ရဲ႕တ႐ုတ္(တိုင္ေပ)ေရးရာ႐ုံးက အၿမဲတမ္း အဲဒီလိုမ်ိဳးေျပာပါတယ္။ ကြၽန္ေတာ္တို႔လုပ္သင့္တဲ့ေလ့က်င့္ခန္းေတြကို ဆက္လုပ္သြားမယ္လို႔ပဲ ေျပာခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တ႐ုတ္ငါးဖမ္းသေဘၤာဟာ တ႐ုတ္(တိုင္ေပ)ေရတပ္ရဲ႕လုပ္ရပ္ေတြကို စူးစမ္းမႈေတြလုပ္ေဆာင္ေနတာလား ဆိုတဲ့ေမးခြန္းေတြကို ဝယ္လင္တန္ကူးက တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ၎က ”တ႐ုတ္ငါးဖမ္း သေဘၤာက ကြၽန္ေတာ္တို႔ရဲ႕စစ္ေရးလႈပ္ရွားမႈနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ရယူႏိုင္ဖို႔က မျဖစ္ႏိုင္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။