တောမီးလောင်ကျွမ်းမှု ပြန်လည်ဖြစ်ပွားလာမှုနဲ့အတူ ရဟတ်ယာဉ်တွေကို တောင်ကိုရီးယားအစိုးရ ဖြန့်ကျက်ချထား

335

Pika (NP News) - မတ် ၃ဝ
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ဘက်က ဧရိယာအများအပြားကို လောင်ကျွမ်းခဲ့တဲ့ နိုင်ငံရဲ့အကြီးမားဆုံး တောမီးဟာ ဒေသတွင်းက မြို့တစ်မြို့မှာ ထပ်မံလောင်းကျွမ်းခဲ့မှုနဲ့အတူ တောင်ကိုရီးယားမီးသတ်သမားတွေကို ရဟတ်ယာဉ်တွေကို ဖြန့်ကျက်ချထားခဲ့တယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်မှုနဲ့အတူ ခြောက်သွေ့မှုတွေကြောင့် နိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ တစ်ဒါဇင်ကျော်တဲ့ တောမီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၃၀)ဦးသေဆုံးကာ အခြားလူဒါဇင်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောကားခဲ့ပါတယ်။
တောမီးလောင်ကျွမ်းမှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့ North Gyeongsang ပြည်နယ် Andong မြို့မှာ မတ်လ(၂၉)ရက်က မီးလောင်ကျွမ်းမှုတွေ ပြန်လည်ဖြစ်ပွားခဲ့မှုနဲ့အတူ ရဟတ်ယာဉ်(၈)စီးကို ဖြန့်ကျက်ချထားခဲ့ တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးက “ကျန်ရှိနေတဲ့ မီးစတွေကနေ မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားခဲ့ပုံပေါ်ပါတယ်။ Andong မြို့က ဧရိယာတွေကို နောက်ထပ်ရဟတ်ယာဉ်တွေ ဖြန့်ကျက်ချထားဖို့ ကျွန်တော်တို့စီစဉ်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့မှုနဲ့အတူ နေအိမ် (၂၉၀၀)ကျော်လောက် လုံးဝပျက်စီးသွားခဲ့တယ်လို့ နောက်ဆုံးရကိန်းဂဏန်းတွေအရ သိရပါတယ်။

Zawgyi Version:
ေတာမီးေလာင္ကြၽမ္းမႈ ျပန္လည္ျဖစ္ပြားလာမႈနဲ႔အတူ ရဟတ္ယာဥ္ေတြကို ေတာင္ကိုရီးယားအစိုးရ ျဖန႔္က်က္ ခ်ထား
Pika (NP News) - မတ္ ၃ဝ
ေတာင္ကိုရီးယားႏိုင္ငံ အေရွ႕ေတာင္ဘက္က ဧရိယာအမ်ားအျပားကို ေလာင္ကြၽမ္းခဲ့တဲ့ ႏိုင္ငံရဲ႕အႀကီးမားဆုံး ေတာမီးဟာ ေဒသတြင္းက ၿမိဳ႕တစ္ၿမိဳ႕မွာ ထပ္မံေလာင္းကြၽမ္းခဲ့မႈနဲ႔အတူ ေတာင္ကိုရီးယားမီးသတ္သမားေတြကို ရဟတ္ယာဥ္ေတြကို ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔ သိရပါတယ္။
ေလျပင္းတိုက္ခတ္မႈနဲ႔အတူ ေျခာက္ေသြ႕မႈေတြေၾကာင့္ ႏိုင္ငံအေရွ႕ေတာင္ပိုင္းေဒသေတြမွာ တစ္ဒါဇင္ေက်ာ္တဲ့ ေတာမီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၃၀)ဦးေသဆုံးကာ အျခားလူဒါဇင္ေက်ာ္ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနအရာရွိတစ္ဦးက ေျပာကားခဲ့ပါတယ္။
ေတာမီးေလာင္ကြၽမ္းမႈဒဏ္ကို အဆိုး႐ြားဆုံးခံစားခဲ့ရတဲ့ North Gyeongsang ျပည္နယ္ Andong ၿမိဳ႕မွာ မတ္လ(၂၉)ရက္က မီးေလာင္ကြၽမ္းမႈေတြ ျပန္လည္ျဖစ္ပြားခဲ့မႈနဲ႔အတူ ရဟတ္ယာဥ္(၈)စီးကို ျဖန႔္က်က္ခ်ထားခဲ့ တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ တာဝန္ရွိသူတစ္ဦးက “က်န္ရွိေနတဲ့ မီးစေတြကေန မီးေလာင္ကြၽမ္းမႈ ထပ္မံျဖစ္ပြားခဲ့ပုံေပၚပါတယ္။ Andong ၿမိဳ႕က ဧရိယာေတြကို ေနာက္ထပ္ရဟတ္ယာဥ္ေတြ ျဖန႔္က်က္ခ်ထားဖို႔ ကြၽန္ေတာ္တို႔စီစဥ္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက ေတာင္ကိုရီးယားႏိုင္ငံအေရွ႕ေတာင္ပိုင္းမွာ ေတာမီးေလာင္ကြၽမ္းမႈစတင္ျဖစ္ပြားခဲ့မႈနဲ႔အတူ ေနအိမ္ (၂၉၀၀)ေက်ာ္ေလာက္ လုံးဝပ်က္စီးသြားခဲ့တယ္လို႔ ေနာက္ဆုံးရကိန္းဂဏန္းေတြအရ သိရပါတယ္။