နိုင်ငံတကာမှအကူအညီတောင်းခံရာတွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံး ပစ္စည်းများပါ ထည့်သွင်းတောင်းခံရန် နစကဥက္ကဋ္ဌ မှာကြား

 7350

ယွန်း (NP News) - မတ် ၃ဝ

နိုင်ငံတကာမှအကူအညီတောင်းခံရာတွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများပါ ထည့်သွင်းတောင်းခံရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားသည်။

နစကဥက္ကဋ္ဌက ယနေ့(မတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဧည့်ခန်း၌ ကျင်းပခဲ့သည့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားနိုင်ရေး အထူးအစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် အပျက်အစီးများအား ရှင်းလင်းဖယ်ထုတ်ခြင်းအပိုင်း၊ ပြိုကျပျက်စီးနေဆဲအဆောက်အဦများအား ဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျရှင်းလင်းဖယ်ရှားခြင်းအပိုင်း၊ ပြန်လည် တည်ဆောက်ခြင်းအပိုင်းဟူ၍ အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် လမ်းတံတားများ၊ နိုင်ငံပိုင် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်သွားရန်နှင့် ငွေကြေးအင်အား၊ လူအင်အား၊ ယာဉ်ယန္တရားအင်အားများစွာကို သုံးစွဲဆောင်ရွက်သွားရန်လည်း နစကဥက္ကဋ္ဌက အသိပေး‌ပြောကြားသည်။

အလားတူ ပုဂ္ဂလိတည်ဆောက်ရေးလုပ်ငန်းများကိုလည်း ထောက်ပံ့ပေးရန်လိုအပ်ခြင်းကြောင့် နိုင်ငံတကာမှ အကူအညီများတောင်းခံရာတွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများကိုလည်း ထည့်သွင်းတောင်းခံသွားရန်လည်း မှာကြားထားသည်။

ထို့ပြင် အဆောက်အဦး အာမခံလုပ်ငန်းများတွင် အာမခံထားရှိမှုများကိုလည်း စနစ်တကျစိစစ်၍ အာမခံငွေကြေးများရရှိရေးအတွက်လည်း ဆောင်ရွက်ပေးရန်လည်း အသိပေးပြောကြားထားသည်။

နိုင်ငံတကာမှလာရောက်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များအတွက် နေရေး၊ စားရေး အဆင်ပြေစေရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးရန်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးယခင်အခြေအနေအတိုင်း ပြန်လည်သွားလာနိုင်ရေးအတွက်လည်း ဆောင်ရွက်ရေးကိုလည်း တိုက်တွန်းပြောကြားသည်။

အလားတူ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင်လည်း ငလျင်ဘေးဒဏ်သင့်ခဲ့ရသူများ အားလုံး၊ ရသင့်ရထိုက်သူများ အားလုံးရရှိစေရေး စနစ်တကျ စာရင်းပြုစုဆောင်ရွက်သွားရန်လိုပြီး စားရေး၊ သောက်ရေး အဆင်ပြေအောင်ဆောင်ရွက်ရန် အသိပေး မှာကြားသည်။

ပြီးခဲ့သည့် မတ်လ(၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် (၁၆၄၄) ဦးနှင့် ဒဏ်ရာရသူ (၃၄၀၈) ဦးအထိ ရှိလာပြီး (၁၃၉) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ (၂၉) ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

Zawgyi Version:
ႏိုင္ငံတကာမွအကူအညီေတာင္းခံရာတြင္ ျပန္လည္တည္ေဆာက္ေရးအတြက္ လိုအပ္သည့္ ေဆာက္လုပ္ေရးသုံး ပစၥည္းမ်ားပါ ထည့္သြင္းေတာင္းခံရန္ နစကဥကၠ႒ မွာၾကား
ယြန္း (NP News) - မတ္ ၃ဝ

ႏိုင္ငံတကာမွအကူအညီေတာင္းခံရာတြင္ ျပန္လည္တည္ေဆာက္ေရးအတြက္ လိုအပ္သည့္ ေဆာက္လုပ္ေရးသုံးပစၥည္းမ်ားပါ ထည့္သြင္းေတာင္းခံရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အသိေပးေျပာၾကားသည္။

နစကဥကၠ႒က ယေန႔(မတ္လ ၃၀ ရက္) နံနက္အေစာပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး၊ ဧည့္ခန္း၌ က်င္းပခဲ့သည့္ ငလ်င္ေဘးဒဏ္သင့္ခဲ့ရသည့္ေဒသမ်ား၌ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား အျမန္ဆုံးေဆာင္႐ြက္သြားႏိုင္ေရး အထူးအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

ငလ်င္ေဘးဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရမႈမ်ားကို ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာ၌ ၿပိဳက်ပ်က္စီးသြားေသာ အေဆာက္အဦမ်ားႏွင့္ အပ်က္အစီးမ်ားအား ရွင္းလင္းဖယ္ထုတ္ျခင္းအပိုင္း၊ ၿပိဳက်ပ်က္စီးေနဆဲအေဆာက္အဦမ်ားအား ေဘးအႏၲရာယ္မျဖစ္ေစေရး စနစ္တက်ရွင္းလင္းဖယ္ရွားျခင္းအပိုင္း၊ ျပန္လည္ တည္ေဆာက္ျခင္းအပိုင္းဟူ၍ အပိုင္း ၃ ပိုင္းျဖင့္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ငလ်င္ေဘးဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးဆုံးရႈံးခဲ့ရသည့္ လမ္းတံတားမ်ား၊ ႏိုင္ငံပိုင္ အေဆာက္အဦမ်ား ျပန္လည္တည္ေဆာက္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အင္တိုက္အားတိုက္ဆက္လက္ေဆာင္႐ြက္သြားရန္ႏွင့္ ေငြေၾကးအင္အား၊ လူအင္အား၊ ယာဥ္ယႏၲရားအင္အားမ်ားစြာကို သုံးစြဲေဆာင္႐ြက္သြားရန္လည္း နစကဥကၠ႒က အသိေပး‌ေျပာၾကားသည္။

အလားတူ ပုဂၢလိတည္ေဆာက္ေရးလုပ္ငန္းမ်ားကိုလည္း ေထာက္ပံ့ေပးရန္လိုအပ္ျခင္းေၾကာင့္ ႏိုင္ငံတကာမွ အကူအညီမ်ားေတာင္းခံရာတြင္ ျပန္လည္တည္ေဆာက္ေရးအတြက္ လိုအပ္သည့္ ေဆာက္လုပ္ေရးသုံးပစၥည္းမ်ားကိုလည္း ထည့္သြင္းေတာင္းခံသြားရန္လည္း မွာၾကားထားသည္။

ထို႔ျပင္ အေဆာက္အဦး အာမခံလုပ္ငန္းမ်ားတြင္ အာမခံထားရွိမႈမ်ားကိုလည္း စနစ္တက်စိစစ္၍ အာမခံေငြေၾကးမ်ားရရွိေရးအတြက္လည္း ေဆာင္႐ြက္ေပးရန္လည္း အသိေပးေျပာၾကားထားသည္။

ႏိုင္ငံတကာမွလာေရာက္သည့္ ကူညီကယ္ဆယ္ေရးအဖြဲ႕မ်ားအတြက္ ေနေရး၊ စားေရး အဆင္ေျပေစေရးအတြက္လည္း စီစဥ္ေဆာင္႐ြက္ေပးရန္ႏွင့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား အျမန္ဆုံးယခင္အေျခအေနအတိုင္း ျပန္လည္သြားလာႏိုင္ေရးအတြက္လည္း ေဆာင္႐ြက္ေရးကိုလည္း တိုက္တြန္းေျပာၾကားသည္။

အလားတူ ကူညီကယ္ဆယ္ေရးႏွင့္ ေထာက္ပံ့ေရးပစၥည္းမ်ား ေပးအပ္ရာတြင္လည္း ငလ်င္ေဘးဒဏ္သင့္ခဲ့ရသူမ်ား အားလုံး၊ ရသင့္ရထိုက္သူမ်ား အားလုံးရရွိေစေရး စနစ္တက် စာရင္းျပဳစုေဆာင္႐ြက္သြားရန္လိုၿပီး စားေရး၊ ေသာက္ေရး အဆင္ေျပေအာင္ေဆာင္႐ြက္ရန္ အသိေပး မွာၾကားသည္။

ၿပီးခဲ့သည့္ မတ္လ(၂၈)ရက္တြင္ လႈပ္ခတ္ခဲ့သည့္ အင္အားျပင္းငလ်င္ဒဏ္ေၾကာင့္ စုစုေပါင္း ေသဆုံးသူအေရအတြက္ (၁၆၄၄) ဦးႏွင့္ ဒဏ္ရာရသူ (၃၄၀၈) ဦးအထိ ရွိလာၿပီး (၁၃၉) ဦး ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ေရးအဖြဲ႕က မတ္လ (၂၉) ရက္ ညပိုင္းက သတင္းထုတ္ျပန္ခဲ့သည္။

Picture

Aung Aung

31/03/2025 08:56

ပြောတတ်လိုက်တာ 😁 လုပ်လိုက်ရင် တလွဲ 😠

Related news

© 2021. All rights reserved.