ငလျင်ဘေး သတင်းလာယူလိုသော ပြည်ပသတင်းထောက်များအား ပြည်ဝင်ခွင့်ဗီဇာပေးရန်အခက်အခဲရှိနေ

 4587

သန့်ဇင်(NP News)-မတ် ၃၁

မြန်မာ့ငလျင်ဘေးအား သတင်းလာယူလိုသော ပြည်ပသတင်းထောက်များအား ပြည်ဝင်ခွင့်ဗီဇာပေးရန်အခက်အခဲရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆော်ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆော်ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(မတ်လ ၃၀ရက်)က မီဒီယာများအား ပြောကြားစဉ်အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်းမြေငလျင်နှင့်ပတ်သက်၍ ပြည်ပသတင်း ထောက်များသည် မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့် ရရှိရန် ပြည်ဝင်ခွင့်ဗီဇာများကို နည်းအမျိုးမျိုးနှင့် တောင်းခံလာခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“တစ်ချို့ နိုင်ငံခြားသတင်းထောက်များအနေနဲ့ မြန်မာနိုင်ငံဝင်ရောက်ဖို့အတွက် ပြည်ဝင်ခွင့် ဗီဇာကို နည်းအမျိုးမျိုးနဲ့တောင်းခံလာတာတွေ ရှိပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အောက်ခြေကစပြီး အားလုံးဆောင်ရွက်နေတာ ဖြစ်တယ်။ အားလုံးအလုပ်များနေတာ ဖြစ် တယ်။ အဲဒါကြောင့်မို့ နိုင်ငံခြားသတင်းဌာနတွေ အနေနဲ့ မီဒီယာနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံမှာ သတင်းဌာနတွေ အနေနဲ့ ကိုယ်စား လှယ် ရုံးတွေလည်း ရှိပြီးဖြစ်တယ်။ သတင်းထောက်တွေလည်း ရှိပြီးဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

လက်ရှိတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ကြိုးပမ်းလုပ်ဆောင်နေချိန်ဖြစ်သည့်အတွက် နိုင်ငံခြားသတင်းထောက်များအား ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးနိုင်ခြင်းမရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“နိုင်ငံခြားသတင်းထောက်များကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့အခက်အခဲရှိပါတယ်။ အားလုံးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အာဏာပိုင် အဆင့်ဆင့်က အားသွန်ခွန်စိုက် ကြိုးပမ်းနေတာဖြစ်လို့ သူတို့နဲ့လည်း ကျနော်တို့ ဆက်သွယ်ဖို့ ခဲယမ်းတယ်။ ပြည်ဝင်ခွင့်ဗီဇာတွေကို ပေးနိုင်ခြင်းမရှိတာကိုလည်း နားလည်စေချင်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲသည့် မတ်လ ၂၈ရက်၊ မွန်းလွဲ ၁၂နာရီ ၅၁မိနစ်အချိန်ခန့်က လှုပ်ခတ်သွားသော အင်အားပြင်းမြေငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ (၁၇၀၀)ကျော်ရှိပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Zawgyi Version:
ငလ်င္ေဘး သတင္းလာယူလိုေသာ ျပည္ပသတင္းေထာက္မ်ားအား ျပည္ဝင္ခြင့္ဗီဇာေပးရန္အခက္အခဲရွိေန

သန႔္ဇင္(NP News)-မတ္ ၃၁

ျမန္မာ့ငလ်င္ေဘးအား သတင္းလာယူလိုေသာ ျပည္ပသတင္းေထာက္မ်ားအား ျပည္ဝင္ခြင့္ဗီဇာေပးရန္အခက္အခဲရွိေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသတင္းမွန္ျပန္ၾကားေရးအဖြဲ႕ေခါင္းေဆာ္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသတင္းမွန္ျပန္ၾကားေရးအဖြဲ႕ေခါင္းေဆာ္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔(မတ္လ ၃၀ရက္)က မီဒီယာမ်ားအား ေျပာၾကားစဥ္အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္ႏိုင္ငံတြင္ျဖစ္ပြားခဲ့သည့္ အင္အားျပင္းေျမငလ်င္ႏွင့္ပတ္သက္၍ ျပည္ပသတင္း ေထာက္မ်ားသည္ ျမန္မာႏိုင္ငံအတြင္းဝင္ေရာက္ခြင့္ ရရွိရန္ ျပည္ဝင္ခြင့္ဗီဇာမ်ားကို နည္းအမ်ိဳးမ်ိဳးႏွင့္ ေတာင္းခံလာခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“တစ္ခ်ိဳ႕ ႏိုင္ငံျခားသတင္းေထာက္မ်ားအေနနဲ႔ ျမန္မာႏိုင္ငံဝင္ေရာက္ဖို႔အတြက္ ျပည္ဝင္ခြင့္ ဗီဇာကို နည္းအမ်ိဳးမ်ိဳးနဲ႔ေတာင္းခံလာတာေတြ ရွိပါတယ္။ ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြ ေအာက္ေျခကစၿပီး အားလုံးေဆာင္႐ြက္ေနတာ ျဖစ္တယ္။ အားလုံးအလုပ္မ်ားေနတာ ျဖစ္ တယ္။ အဲဒါေၾကာင့္မို႔ ႏိုင္ငံျခားသတင္းဌာနေတြ အေနနဲ႔ မီဒီယာနဲ႔ ပတ္သတ္ၿပီး ျမန္မာႏိုင္ငံမွာ သတင္းဌာနေတြ အေနနဲ႔ ကိုယ္စား လွယ္ ႐ုံးေတြလည္း ရွိၿပီးျဖစ္တယ္။ သတင္းေထာက္ေတြလည္း ရွိၿပီးျဖစ္တယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

လက္ရွိတြင္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားအား ႀကိဳးပမ္းလုပ္ေဆာင္ေနခ်ိန္ျဖစ္သည့္အတြက္ ႏိုင္ငံျခားသတင္းေထာက္မ်ားအား ျပည္ဝင္ခြင့္ဗီဇာထုတ္ေပးႏိုင္ျခင္းမရွိေသးေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“ႏိုင္ငံျခားသတင္းေထာက္မ်ားကို ျပည္ဝင္ခြင့္ဗီဇာေပးဖို႔အခက္အခဲရွိပါတယ္။ အားလုံးကူညီကယ္ဆယ္ေရးလုပ္ငန္းေတြကို အာဏာပိုင္ အဆင့္ဆင့္က အားသြန္ခြန္စိုက္ ႀကိဳးပမ္းေနတာျဖစ္လို႔ သူတို႔နဲ႔လည္း က်ေနာ္တို႔ ဆက္သြယ္ဖို႔ ခဲယမ္းတယ္။ ျပည္ဝင္ခြင့္ဗီဇာေတြကို ေပးႏိုင္ျခင္းမရွိတာကိုလည္း နားလည္ေစခ်င္တယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ၿပီးခဲသည့္ မတ္လ ၂၈ရက္၊ မြန္းလြဲ ၁၂နာရီ ၅၁မိနစ္အခ်ိန္ခန႔္က လႈပ္ခတ္သြားေသာ အင္အားျပင္းေျမငလ်င္ေၾကာင့္ ႏိုင္ငံတစ္ဝန္း ေသဆုံးသူ (၁၇၀၀)ေက်ာ္ရွိၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.