ကမ္ဘောဇဖောင်ဒေးရှင်းနှင့် KBZ အုပ်စုတို့မှ ငလျင်ဘေးသင့်ဒေသများအတွက် ငွေကျပ်(၁၅)ဘီလျံကို ကနဦးမတည်လှူဒါန်း

1936

ယွန်း(NP News)- မတ် ၃၁
ကမ္ဘောဇဖောင်ဒေးရှင်းနှင့် KBZ Bank တို့မှ ငလျင်ဘေးသင့်ဒေသများအတွက် ငွေကျပ်(၁၅)ဘီလျံကို ကနဦးမတည်လှူဒါန်းမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးကြေညာထားသည်။
ကမ္ဘောဇဘဏ်မှ ယနေ့(မတ်လ ၃၁)ရက်တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံ နေရာဒေသအသီးသီး၌ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခံစားခဲ့ရခြင်းကြောင့် အကူအညီ လိုအပ်နေသူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်အနေဖြင့် အချိန်နှင့် တပြေးညီ အမြန်ဆုံးနှင့် ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့မှ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် မြန်မာကျပ်ငွေ (၁၅) ဘီလျံကို ကနဦး ထောက်ပံ့ကူညီလှူဒါန်းသွားမည်ဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပထမ ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့မှ ကူညီထောက်ပံ့လှူဒါန်းသွားမည့် ကျပ်ငွေ (၁၅) ဘီလျံကို ကယ်ဆယ်ရေး အပါအဝင် အကူအညီပေးခြင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ပြုပြင်ရေးတို့တွင် ခွဲဝေလှုဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆုံးရှုံး ပျက်စီး ထိခိုက်မှုအများဆုံးနှင့် လိုအပ်ချက်အများဆုံးနေရာဒေသများသို့ အမြန်ဆုံး ရောက်ရှိစေရန် ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်၍ ကာလတိုနှင့် ကာလရှည် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ကေမာၻဇေဖာင္ေဒးရွင္းႏွင့္ KBZ အုပ္စုတို႔မွ ငလ်င္ေဘးသင့္ေဒသမ်ားအတြက္ ေငြက်ပ္(၁၅)ဘီလ်ံကို ကနဦးမတည္လႉဒါန္း
ယြန္း(NP News)- မတ္ ၃၁
ကေမာၻဇေဖာင္ေဒးရွင္းႏွင့္ KBZ Bank တို႔မွ ငလ်င္ေဘးသင့္ေဒသမ်ားအတြက္ ေငြက်ပ္(၁၅)ဘီလ်ံကို ကနဦးမတည္လႉဒါန္းမည္ျဖစ္ေၾကာင္း ကေမာၻဇဘဏ္မွ ၎၏လူမႈကြန္ယက္စာမ်က္ႏွာတြင္ အသိေပးေၾကညာထားသည္။
ကေမာၻဇဘဏ္မွ ယေန႔(မတ္လ ၃၁)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ မတ္လ (၂၈) ရက္ ေန႔လယ္ပိုင္းတြင္ ျဖစ္ပြားခဲ့သည့္ အင္အားျပင္းငလ်င္ေၾကာင့္ ျမန္မာႏိုင္ငံ ေနရာေဒသအသီးသီး၌ ဆုံးရႈံးမႈမ်ားစြာ ႀကဳံေတြ႕ခံစားခဲ့ရျခင္းေၾကာင့္ အကူအညီ လိုအပ္ေနသူမ်ားအတြက္ အေရးေပၚကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားကိုလည္း ကေမာၻဇေဖာင္ေဒးရွင္းႏွင့္ ကေမာၻဇဘဏ္အေနျဖင့္ အခ်ိန္ႏွင့္ တေျပးညီ အျမန္ဆုံးႏွင့္ ထိေရာက္စြာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ကေမာၻဇေဖာင္ေဒးရွင္းႏွင့္ ကေမာၻဇဘဏ္တို႔မွ ကယ္ဆယ္ေရး၊ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို ပံ့ပိုးေပးႏိုင္ရန္အတြက္ ျမန္မာက်ပ္ေငြ (၁၅) ဘီလ်ံကို ကနဦး ေထာက္ပံ့ကူညီလႉဒါန္းသြားမည္ျဖစ္ၿပီး အေရးေပၚကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ပထမ ဦးစားေပးေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း အသိေပးထားသည္။
ကေမာၻဇေဖာင္ေဒးရွင္းႏွင့္ ကေမာၻဇဘဏ္တို႔မွ ကူညီေထာက္ပံ့လႉဒါန္းသြားမည့္ က်ပ္ေငြ (၁၅) ဘီလ်ံကို ကယ္ဆယ္ေရး အပါအဝင္ အကူအညီေပးျခင္း၊ ျပန္လည္ထူေထာင္ေရးႏွင့္ ျပန္လည္ျပဳျပင္ေရးတို႔တြင္ ခြဲေဝလႈဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဆုံးရႈံး ပ်က္စီး ထိခိုက္မႈအမ်ားဆုံးႏွင့္ လိုအပ္ခ်က္အမ်ားဆုံးေနရာေဒသမ်ားသို႔ အျမန္ဆုံး ေရာက္ရွိေစရန္ ကေမာၻဇဘဏ္ႏွင့္ မိတ္ဖက္မ်ား၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အဖြဲ႕အစည္းမ်ား၊ ေဆးဘက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္၍ ကာလတိုႏွင့္ ကာလရွည္ ျပန္လည္တည္ေဆာက္ေရး၊ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ားကိုလည္း ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။