အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်မှာ အိမ်တစ်အိမ်မှာ ပါတီပွဲအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ

129

ရောင်နီ (NP News) - မတ် ၃၁
အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ပြည်နယ်၊ တာကိုမာ ရှိ အိမ်တစ်အိမ်မှာ နံနက်အစောပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ လူနှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက စနေနေ့ (မတ်လ ၂၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။
Pierce County Sheriff's Department မှ ဆိုရှယ်မီဒီယာမှာ ဖော်ပြထားချက်အရ ဒီဖြစ်ရပ်အတွက် သံသယရှိ လူငယ်တစ်ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စနေနေ့ (မတ်လ ၂၉ ရက်) နံနက် ၁၂း၃၀ ခန့်က နေအိမ်အတွင်း လူငယ် အယောက် ၃၀ မှ ၄၀ ကြားရှိတဲ့ ပါတီပွဲတစ်ခု ကျင်းပနေစဉ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖုန်းဆက်သတင်းပေးပို့ချက်တွေအရ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာချိန်မှာတော့ သံယသရှိသူတွေဟာ ထွက်ပြေးသွားခဲ့ပါတယ်။
အခင်းဖြစ်နေရာရှိ အမျိုးသားတစ်ဦးကို ကယ်ဆယ်ဖို့ တာဝန်ရှိသူတွေက ကြိုးပမ်းခဲ့ပေမယ့် နေရာမှာတင် သေဆုံးသွားခဲ့ပြီး အခြားအမျိုးသားတစ်ဦးဟာလည်း ဒဏ်ရာတွေနဲ့ ဆေးရုံမှာပဲ သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။ ကျန်လေးဦးဟာ ဒဏ်ရာပြင်းထန်ရခဲ့ပြီး ကုသမှုခံယူနေပါတယ်။ ပစ်ခတ်ခံရသူတွေဟာ အသက် ၁၆ နှစ်မှ ၂၁ နှစ်ကြားရှိသူတွေဖြစ်ပြီး ပစ်ခတ်မှုကြောင့် အနီးနားရှိ နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version:
အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ျပည္နယ္မွာ အိမ္တစ္အိမ္မွာ ပါတီပြဲအတြင္း ပစ္ခတ္မႈျဖစ္ပြားၿပီး ၂ ဦး ေသဆုံးကာ ၄ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - မတ္ ၃၁
အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ ျပည္နယ္၊ တာကိုမာ ရွိ အိမ္တစ္အိမ္မွာ နံနက္အေစာပိုင္းက ပစ္ခတ္မႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ လူႏွစ္ဦး ေသဆုံးၿပီး ေလးဦး ဒဏ္ရာရခဲ့တယ္လို႔ အာဏာပိုင္ေတြက စေနေန႔ (မတ္လ ၂၉ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
Pierce County Sheriff's Department မွ ဆိုရွယ္မီဒီယာမွာ ေဖာ္ျပထားခ်က္အရ ဒီျဖစ္ရပ္အတြက္ သံသယရွိ လူငယ္တစ္ဦးကို ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။ စေနေန႔ (မတ္လ ၂၉ ရက္) နံနက္ ၁၂း၃၀ ခန႔္က ေနအိမ္အတြင္း လူငယ္ အေယာက္ ၃၀ မွ ၄၀ ၾကားရွိတဲ့ ပါတီပြဲတစ္ခု က်င္းပေနစဥ္မွာ ပစ္ခတ္မႈ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ဖုန္းဆက္သတင္းေပးပို႔ခ်က္ေတြအရ သိရပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြ ေရာက္လာခ်ိန္မွာေတာ့ သံယသရွိသူေတြဟာ ထြက္ေျပးသြားခဲ့ပါတယ္။
အခင္းျဖစ္ေနရာရွိ အမ်ိဳးသားတစ္ဦးကို ကယ္ဆယ္ဖို႔ တာဝန္ရွိသူေတြက ႀကိဳးပမ္းခဲ့ေပမယ့္ ေနရာမွာတင္ ေသဆုံးသြားခဲ့ၿပီး အျခားအမ်ိဳးသားတစ္ဦးဟာလည္း ဒဏ္ရာေတြနဲ႔ ေဆး႐ုံမွာပဲ ေသဆုံး သြားခဲ့တယ္လို႔ သိရပါတယ္။ က်န္ေလးဦးဟာ ဒဏ္ရာျပင္းထန္ရခဲ့ၿပီး ကုသမႈခံယူေနပါတယ္။ ပစ္ခတ္ခံရသူေတြဟာ အသက္ ၁၆ ႏွစ္မွ ၂၁ ႏွစ္ၾကားရွိသူေတြျဖစ္ၿပီး ပစ္ခတ္မႈေၾကာင့္ အနီးနားရွိ ေနအိမ္ေတြနဲ႔ ေမာ္ေတာ္ယာဥ္ေတြလည္း ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။