မြန်မာလုပ်သား (၃၀)ကို ရုရှားသို့ ဒုတိယအသုတ်အဖြစ် သင်္ကြန်မတိုင်မီ စေလွှတ်မည်

 324

Pearl (NP News) - ဧပြီ ၁

ရုရှားနိုင်ငံသို့ ဒုတိယအသုတ်အဖြစ် မြန်မာလုပ်သား (၃၀)ကို သင်္ကြန်မတိုင်မီ စေလွှတ်မည်ဖြစ် ကြောင်း အလုပ်သမားပို့ဆောင်ရေးအေဂျင်စီတစ် ခုထံမှ သိရသည်။ ရုရှားနိုင်ငံသို့ မြန်မာလုပ်သား (၅၄) ဦးကို Pilot Project အနေဖြင့် ပထမဆုံးအကြိမ်စေလွှတ်မည်ဖြစ်ရာ မတ်လ (၅ ) ရက်တွင် လုပ်သား (၂၄) ဦး ကို ကနဦးစေလွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်သား (၅၄)ဦး အနက် ကျန်ရှိသည့် မြန်မာလုပ်သား (၃၀) ဦးကို ဒုတိယအသုတ်အဖြစ် သင်္ကြန်ကာလမတိုင်မီ ထပ်မံစေလွှတ်မည်ဖြစ်ကြောင်းလည်း သိရသည်။ “(၅၄)ယောက်မှာ (၂၄) ယောက်တော့ ဟိုကိုရောက်ရှိနေပြီ။ နောက်ထပ် အယောက် (၃၀)ကတော့ ဧပြီလထဲ သွားပါမယ်။ ကျွန်မတို့အားလုံးစီစဉ်ပြီးပါပြီ။ ဗီဇာတွေလည်း ရပါတော့မယ်။ ဘာကြောင့် (၂)သုတ်ခွဲ လွှတ်လိုက် ရသလဲဆိုတော့ လွှတ်ဖို့စီစဉ်နေတဲ့အချိန်အတော အတွင်းမှာ မြန်မာနိုင်ငံမှာက အပြောင်းအလဲတွေ အများကြီးဖြစ်တယ်။ Risk အရမ်းများလို့ ခွဲပြီးလွှတ် လိုက်တာပါ။ လောလောဆယ်ကတော့ Approved ဖြစ်ပြီးသားမို့ ကျန်တဲ့ကလေးတွေ သွားရတော့မယ်။ ရောက်တဲ့လူတွေကလည်း အလုပ်စဝင်ပါတော့ မယ်” ဟု အထက်ပါအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် ရုရှားနိုင်ငံအနေဖြင့် လုပ်သားလို အပ်ချက်မြင့်တက်နေပြီး နိုင်ငံတော်အနေဖြင့်လည်း ရုရှားနိုင်ငံသို့ မြန်မာလုပ်သားစေလွှတ်ခြင်းကို သေချာစိစစ်၍ စေလွှတ်နေကြောင်းသိရသည်။

“ရုရှားက အသစ်ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ Pilot Project ပြီးရင် ထပ်ပြီးစေလွှတ်မယ် ဆိုတာ သိထားတယ်။ ဒါပေမဲ့ စေလွှတ်တဲ့ပုံစံကိုတော့ အခုလောလောဆယ်အလုပ်သမားဝန်ကြီးဌာန ကတော့ သေချာစိစစ်ပြီးတော့ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ရုရှားနိုင်ငံ၌ မြန်မာလုပ်သားများသည် လုပ်ခလစာအနေဖြင့် အနည်းဆုံး ဒေါ်လာ(၇၀ဝ)မှ ဒေါ် လာ(၂၀ဝဝ) အထိ ရရှိမည်ဖြစ်ပြီး ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်း တို့၌ လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာလုပ္သား (၃၀)ကို ႐ုရွားသို႔ ဒုတိယအသုတ္အျဖစ္ သၾကၤန္မတိုင္မီ ေစလႊတ္မည္
Pearl (NP News) - ဧၿပီ ၁

႐ုရွားႏိုင္ငံသို႔ ဒုတိယအသုတ္အျဖစ္ ျမန္မာလုပ္သား (၃၀)ကို သၾကၤန္မတိုင္မီ ေစလႊတ္မည္ျဖစ္ ေၾကာင္း အလုပ္သမားပို႔ေဆာင္ေရးေအဂ်င္စီတစ္ ခုထံမွ သိရသည္။ ႐ုရွားႏိုင္ငံသို႔ ျမန္မာလုပ္သား (၅၄) ဦးကို Pilot Project အေနျဖင့္ ပထမဆုံးအႀကိမ္ေစလႊတ္မည္ျဖစ္ရာ မတ္လ (၅ ) ရက္တြင္ လုပ္သား (၂၄) ဦး ကို ကနဦးေစလႊတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါလုပ္သား (၅၄)ဦး အနက္ က်န္ရွိသည့္ ျမန္မာလုပ္သား (၃၀) ဦးကို ဒုတိယအသုတ္အျဖစ္ သၾကၤန္ကာလမတိုင္မီ ထပ္မံေစလႊတ္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ “(၅၄)ေယာက္မွာ (၂၄) ေယာက္ေတာ့ ဟိုကိုေရာက္ရွိေနၿပီ။ ေနာက္ထပ္ အေယာက္ (၃၀)ကေတာ့ ဧၿပီလထဲ သြားပါမယ္။ ကြၽန္မတို႔အားလုံးစီစဥ္ၿပီးပါၿပီ။ ဗီဇာေတြလည္း ရပါေတာ့မယ္။ ဘာေၾကာင့္ (၂)သုတ္ခြဲ လႊတ္လိုက္ ရသလဲဆိုေတာ့ လႊတ္ဖို႔စီစဥ္ေနတဲ့အခ်ိန္အေတာ အတြင္းမွာ ျမန္မာႏိုင္ငံမွာက အေျပာင္းအလဲေတြ အမ်ားႀကီးျဖစ္တယ္။ Risk အရမ္းမ်ားလို႔ ခြဲၿပီးလႊတ္ လိုက္တာပါ။ ေလာေလာဆယ္ကေတာ့ Approved ျဖစ္ၿပီးသားမို႔ က်န္တဲ့ကေလးေတြ သြားရေတာ့မယ္။ ေရာက္တဲ့လူေတြကလည္း အလုပ္စဝင္ပါေတာ့ မယ္” ဟု အထက္ပါေအဂ်င္စီမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ႐ုရွားႏိုင္ငံအေနျဖင့္ လုပ္သားလို အပ္ခ်က္ျမင့္တက္ေနၿပီး ႏိုင္ငံေတာ္အေနျဖင့္လည္း ႐ုရွားႏိုင္ငံသို႔ ျမန္မာလုပ္သားေစလႊတ္ျခင္းကို ေသခ်ာစိစစ္၍ ေစလႊတ္ေနေၾကာင္းသိရသည္။

“႐ုရွားက အသစ္ျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္မတို႔ Pilot Project ၿပီးရင္ ထပ္ၿပီးေစလႊတ္မယ္ ဆိုတာ သိထားတယ္။ ဒါေပမဲ့ ေစလႊတ္တဲ့ပုံစံကိုေတာ့ အခုေလာေလာဆယ္အလုပ္သမားဝန္ႀကီးဌာန ကေတာ့ ေသခ်ာစိစစ္ၿပီးေတာ့ လုပ္ေဆာင္ေနပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

႐ုရွားႏိုင္ငံ၌ ျမန္မာလုပ္သားမ်ားသည္ လုပ္ခလစာအေနျဖင့္ အနည္းဆုံး ေဒၚလာ(၇၀ဝ)မွ ေဒၚ လာ(၂၀ဝဝ) အထိ ရရွိမည္ျဖစ္ၿပီး ႐ုရွားႏိုင္ငံရွိ ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ အထည္ခ်ဳပ္လုပ္ငန္း တို႔၌ လုပ္ကိုင္ရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.