ယာယီအပစ်ခတ်ရပ်ထားသော်လည်း မွန်ပြည်နယ်ရှိ ရထားလမ်းပိုင်းကို KNLA နှင့် PDFတို့က မိုင်းထောင်ဖောက်ခွဲ

 504

ချယ်ရီ(NP News)- ဧပြီ ၆
ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး၌ ယာယီအပစ်ခတ်ရပ်စဲထားသော်လည်း မွန်ပြည်နယ်ရှိ မော်လမြိုင်-ရန်ကုန်သွား မီးရထားလမ်းကို KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၅ ရက်)၊ နံနက် (၇) နာရီအချိန်ခန့်က ဘီးလင်းမြို့၏ အနောက်မြောက်ဘက် မီတာ (၁၁,၀၀၀) ခန့်အကွာ၊ မိုင်တိုင်အမှတ် ၁၀၇မိုင်၉ဖာလုံနှင့် ၁၀ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော ငလျင်ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားတို့က အရှည် ပေ၄၀ရှိသော အမှတ်(၅၉)နေရာ မော်လမြိုင်- ရန်ကုန်သွား သံဘောင်အမျိုးအစားတံတား မီးရထားလမ်းအား လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတားအောက်ခြေတိုင် (၂) ပေခွဲခန့် ကွဲအက်ပျက်စီးခဲ့သော်လည်း လက်ရှိတွင် မီးရထားများ ဖြတ်သန်းသွားလာမှုကို မထိခိုက်ဘဲ ကောင်းမွန်စွာ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။
ငလျင်ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ထိုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများ၌ အကြမ်းဖက်လုပ်ဆောင်ခြင်းများသည် ပြည်သူများအား ပိုမိုအထိတ်တလန့်ဖြစ်စေပြီး ကြောက်ရွံ့လာစေရန်၊ သွားလာမှုခက်ခဲ စေရန်နှင့် ကုန်စည် စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းများသာဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ယာယီအပစ္ခတ္ရပ္ထားေသာ္လည္း မြန္ျပည္နယ္ရွိ ရထားလမ္းပိုင္းကို KNLA ႏွင့္ PDFတို႔က မိုင္းေထာင္ေဖာက္ခြဲ
ခ်ယ္ရီ(NP News)- ဧၿပီ ၆
ငလ်င္ဒဏ္ေၾကာင့္ တစ္ႏိုင္ငံလုံး၌ ယာယီအပစ္ခတ္ရပ္စဲထားေသာ္လည္း မြန္ျပည္နယ္ရွိ ေမာ္လၿမိဳင္-ရန္ကုန္သြား မီးရထားလမ္းကို KNLA ႏွင့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၅ ရက္)၊ နံနက္ (၇) နာရီအခ်ိန္ခန႔္က ဘီးလင္းၿမိဳ႕၏ အေနာက္ေျမာက္ဘက္ မီတာ (၁၁,၀၀၀) ခန႔္အကြာ၊ မိုင္တိုင္အမွတ္ ၁၀၇မိုင္၉ဖာလုံႏွင့္ ၁၀ဖာလုံၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္တြင္ ျဖစ္ေပၚလ်က္ရွိေသာ ငလ်င္ေဘးဒဏ္ေၾကာင့္ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္ရန္ ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလကို ထုတ္ျပန္ထားၿပီး ျဖစ္ေသာ္လည္း KNLA အဖြဲ႕မွ အၾကမ္းဖက္မႈလိုလားသူမ်ားႏွင့္ NUG၊ CRPH တို႔၏ လက္ေဝခံ PDF အမည္ခံ အၾကမ္းဖက္သမားတို႔က အရွည္ ေပ၄၀ရွိေသာ အမွတ္(၅၉)ေနရာ ေမာ္လၿမိဳင္- ရန္ကုန္သြား သံေဘာင္အမ်ိဳးအစားတံတား မီးရထားလမ္းအား လက္လုပ္မိုင္းမ်ားျဖင့္ မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထိုသို႔မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ တံတားေအာက္ေျခတိုင္ (၂) ေပခြဲခန႔္ ကြဲအက္ပ်က္စီးခဲ့ေသာ္လည္း လက္ရွိတြင္ မီးရထားမ်ား ျဖတ္သန္းသြားလာမႈကို မထိခိုက္ဘဲ ေကာင္းမြန္စြာ ျဖတ္သန္းသြားလာႏိုင္ေၾကာင္း သိရသည္။
ငလ်င္ေဘးဒဏ္ေၾကာင့္ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည့္ကာလအတြင္း ထိုကဲ့သို႔ စစ္ေရးႏွင့္မသက္ဆိုင္ေသာ ေနရာမ်ား၌ အၾကမ္းဖက္လုပ္ေဆာင္ျခင္းမ်ားသည္ ျပည္သူမ်ားအား ပိုမိုအထိတ္တလန႔္ျဖစ္ေစၿပီး ေၾကာက္႐ြံ႕လာေစရန္၊ သြားလာမႈခက္ခဲ ေစရန္ႏွင့္ ကုန္စည္ စီးဆင္းမႈကို ထိခိုက္ဆုံးရႈံးမႈျဖစ္ေစၿပီး တည္ၿငိမ္မႈပ်က္ျပားေစရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္းမ်ားသာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.