စင်ကာပူ၊ ချန်ဂီလေဆိပ်မှာ စျေးဆိုင်တွေထဲက ပစ္စည်းခိုးယူခဲ့တဲ့အမျိုးသားတစ်ဦး တရားစွဲခံရ

165
ရောင်နီ (NP News) - ဧပြီ ၇
စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်ထဲမှာရှိတဲ့စျေးဆိုင်တွေထဲက ပစ္စည်းတွေ ခိုးယူမှုနဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို တရားစွဲလိုက်တယ်လို့ ဧပြီ ၇ ရက်က သိရပါတယ်။
လေဆိပ်ထဲက ဆိုင်တစ်ဆိုင်မှာ လက်ကိုင်အိတ် ပျောက်ဆုံးနေတဲ့တိုင်ကြားချက်ကို ရဲတပ်ဖွဲ့က မတ်၂၃ ရက် မှာ လက်ခံရရှိခဲ့ပါတယ်။ မိနစ် ၃၀ အတွင်းမှာပဲ လေဆိပ်ရဲဌာနမှ တာဝန်ရှိသူတွေက အဲဒီအမျိုးသားကို အိန္ဒိယ အမျိုးသားတစ်ဦးရဲ့မြေပြင်စုံစမ်းစစ်ဆေးမှု၊ CCTV မှတ်တမ်းတွေကနေတစ်ဆင့် ဖော်ထုတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ စင်ကာပူကနေ ထွက်ခွာခါနီးအချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအမျိုးသားဟာ လက်ပတ်နာရီတွေ၊ ရှပ်အင်္ကျီတွေ၊ ချောကလက်နဲ့ အခြားဆိုင်လေးဆိုင်မှ ဆက်စပ်ပစ္စည်း တွေလည်း ခိုးယူထားတာတွေ့ရပြီး ပစ္စည်း စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၆၇၀ ကျော်ထိ ရှိမယ်လို့ သိရပါတယ်။
အမျိုးသားကို ခိုးမှုနဲ့ စွဲချက်တင်ထားပြီး ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ခုနစ်နှစ်၊ ငွေဒဏ် (သို့) ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။