တောင်ကိုရီးယားမှာ တောမီးငြိမ်းသတ်မှုလုပ်ဆောင်နေတဲ့ ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်မှူးသေဆုံး

130

Pika
ဧပြီလ(၆)ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဒဲဂူမြို့မှာ တောမီးလောင်ကျွမ်းမှုကို မီးငြိမ်းသတ်မှုတွေလုပ်ဆောင်နေတဲ့ မီးသတ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့လက တောင်ကိုရီးယားနိုင်ငံမှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ယခုလိုပျက်ကျမှုထွက်ပေါ်လာတာဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ တောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံးလူ(၃၀)ဦးသေဆုံးခဲ့ပြီး သစ်တောဟက်တာ(၄၈၀၀၀)ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ အစိုးရရဲ့ ဒေတာအချက်အလက်တွေအရသိရပါတယ်။လေယာဉ်မှူးတစ်ဦးပဲလိုက်ပါလာတဲ့ မီးသတ်ရဟတ်ယာဉ်ဟာ ဧပြီလ(၆)ရက်နေ့ မွန်းလွဲပိုင်းမှာ တောမီးငြိမ်းသတ်မှုတွေ လုပ်ဆောင်နေစဉ်အချိန်အတွင်း ပျက်ကျခဲ့တာဖြစ်တယ်လို့ Yonhapသတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ဒဲဂူမီးသတ်ဌာနက ပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ပြီးခဲ့တဲ့လကစတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ လေပြင်းတိုက်ခတ်မှုနဲ့ အလွန်ခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် ပိုမိုဆိုးရွားလာခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမွာ ေတာမီးၿငိမ္းသတ္မႈလုပ္ေဆာင္ေနတဲ့ ရဟတ္ယာဥ္ပ်က္က်ခဲ့ၿပီး ေလယာဥ္မႉးေသဆုံး
Pika
ဧၿပီလ(၆)ရက္ေန႔က ေတာင္ကိုရီးယားႏိုင္ငံ ဒဲဂူၿမိဳ႕မွာ ေတာမီးေလာင္ကြၽမ္းမႈကို မီးၿငိမ္းသတ္မႈေတြလုပ္ေဆာင္ေနတဲ့ မီးသတ္ရဟတ္ယာဥ္တစ္စင္း ပ်က္က်ခဲ့ရာ ေလယာဥ္မႉးတစ္ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့လက ေတာင္ကိုရီးယားႏိုင္ငံမွာ သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံး ေတာမီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ ယခုလိုပ်က္က်မႈထြက္ေပၚလာတာျဖစ္ပါတယ္။ေတာင္ကိုရီးယားႏိုင္ငံမွာ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ အနည္းဆုံးလူ(၃၀)ဦးေသဆုံးခဲ့ၿပီး သစ္ေတာဟက္တာ(၄၈၀၀၀)ေက်ာ္ မီးေလာင္ကြၽမ္းခဲ့တယ္လို႔ အစိုးရရဲ႕ ေဒတာအခ်က္အလက္ေတြအရသိရပါတယ္။ေလယာဥ္မႉးတစ္ဦးပဲလိုက္ပါလာတဲ့ မီးသတ္ရဟတ္ယာဥ္ဟာ ဧၿပီလ(၆)ရက္ေန႔ မြန္းလြဲပိုင္းမွာ ေတာမီးၿငိမ္းသတ္မႈေတြ လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ပ်က္က်ခဲ့တာျဖစ္တယ္လို႔ Yonhapသတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို ဒဲဂူမီးသတ္ဌာနက ျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ၿပီးခဲ့တဲ့လကစတင္ေလာင္ကြၽမ္းခဲ့တဲ့ ေတာမီးဟာ ေလျပင္းတိုက္ခတ္မႈနဲ႔ အလြန္ေျခာက္ေသြ႕တဲ့ အေျခအေနေတြေၾကာင့္ ပိုမိုဆိုး႐ြားလာခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။