မြန်မာငလျင်ဘေးအတွက် ထိုင်းအစိုးရက ဒွန်းမောင်း နိုင်ငံတကာလေဆိပ်ကိုအသုံးပြုခွင့်ပေးဖို့ ကမ်းလှမ်း

 5091

ဂျန်ဇက် (NP News) - ဧပြီ ၈

ထိုင်းအစိုးရဟာ မြန်မာနိုင်ငံကို နိုင်ငံတကာရဲ့လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးပို့နိုင်ဖို့ အတွက် ဒွမ်းမောင်းနိုင်ငံတကာလေဆိပ်ကို အသုံးပြုခွင့်ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီး ဒွန်းမောင်းလေဆိပ်ကိုအသုံးပြုခွင့်ပေးဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက "ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရဲ့ငလျင်ဘေးအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူညီအတွေအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကူညီထောက်ပံ့ပေးဖို့ ကတိပြုခဲ့တယ်။ ဒါ့ပြင် ထိုင်းဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံကို နိုင်ငံကာအကူအညီတွေပေးပို့နိုင်အောင် ဒွန်းမောင်းလေဆိပ်ကိုလည်း အသုံးပြုခွင့်ပေးဖို့ ကမ်းလှမ်းခဲ့တယ်"လို့ ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ မွေးမြူရေးလုပ်ငန်တွေ ကျွမ်းကျင်မှုမျှဝေဖို့ ထိုင်းဝန် ကြီးချုပ်က ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက "ဒီပူးပေါင်းဆောင်ရွက်မှုက စိုက်ပျိုးရေးထွက်ကုန်မြှင့်တင်ရေး၊ မြန်မာတောင် သူလယ်သမားတွေအတွက် ဝင်ငွေတည်ငြိမ်စေရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေး အလေ့အကျင့်တွေကို မြှင့်တင်ပေးမှာဖြစ်ပြီး ပွင့်လင်းစွာ မီးရှို့ခြင်းကြောင့်ဖြစ်ရတဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူတွေကို လျှော့ချနိုင်မှာပါ"လို့ ပြောပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကိုစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရုရှားအပါအဝင် နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း အနည်းဆုံး (၁၅၀၀)ကျော်စေလွှတ်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

zawgyi version
ျမန္မာငလ်င္ေဘးအတြက္ ထိုင္းအစိုးရက ဒြန္းေမာင္း ႏိုင္ငံတကာေလဆိပ္ကိုအသုံးျပဳခြင့္ေပးဖို႔ ကမ္းလွမ္း
ဂ်န္ဇက္ (NP News) - ဧၿပီ ၈

ထိုင္းအစိုးရဟာ ျမန္မာႏိုင္ငံကို ႏိုင္ငံတကာရဲ႕လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြေပးပို႔ႏိုင္ဖို႔ အတြက္ ဒြမ္းေမာင္းႏိုင္ငံတကာေလဆိပ္ကို အသုံးျပဳခြင့္ေပးဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဘင္းစတက္ထိပ္သီးအစည္းအေဝးမွာ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ျမန္မာငလ်င္ေဘးနဲ႔ပတ္သက္ၿပီး ဒြန္းေမာင္းေလဆိပ္ကိုအသုံးျပဳခြင့္ေပးဖို႔ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက "ထိုင္းအစိုးရဟာ ျမန္မာႏိုင္ငံရဲ႕ငလ်င္ေဘးအတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီအေတြအျပင္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြအတြက္ ကူညီေထာက္ပံ့ေပးဖို႔ ကတိျပဳခဲ့တယ္။ ဒါ့ျပင္ ထိုင္းဝန္ႀကီးခ်ဳပ္ဟာ ျမန္မာႏိုင္ငံကို ႏိုင္ငံကာအကူအညီေတြေပးပို႔ႏိုင္ေအာင္ ဒြန္းေမာင္းေလဆိပ္ကိုလည္း အသုံးျပဳခြင့္ေပးဖို႔ ကမ္းလွမ္းခဲ့တယ္"လို႔ ေျပာပါတယ္။ ထိုင္း-ျမန္မာနယ္စပ္တေလွ်ာက္ရွိ ေခတ္မီစိုက္ပ်ိဳးေရးလုပ္ငန္းေတြနဲ႔ ေမြးျမဴေရးလုပ္ငန္ေတြ ကြၽမ္းက်င္မႈမွ်ေဝဖို႔ ထိုင္းဝန္ ႀကီးခ်ဳပ္က ဆႏၵရွိေနတယ္လို႔လည္း သိရပါတယ္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက "ဒီပူးေပါင္းေဆာင္႐ြက္မႈက စိုက္ပ်ိဳးေရးထြက္ကုန္ျမႇင့္တင္ေရး၊ ျမန္မာေတာင္ သူလယ္သမားေတြအတြက္ ဝင္ေငြတည္ၿငိမ္ေစေရး၊ သဘာဝပတ္ဝန္းက်င္နဲ႔ သဟဇာတျဖစ္တဲ့ လယ္ယာစိုက္ပ်ိဳးေရး အေလ့အက်င့္ေတြကို ျမႇင့္တင္ေပးမွာျဖစ္ၿပီး ပြင့္လင္းစြာ မီးရႈိ႕ျခင္းေၾကာင့္ျဖစ္ရတဲ့ နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴေတြကို ေလွ်ာ့ခ်ႏိုင္မွာပါ"လို႔ ေျပာပါတယ္။ ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာ ငလ်င္လႈပ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြကိုေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ႐ုရွားအပါအဝင္ ႏိုင္ငံတကာက ကယ္ဆယ္ေရးအဖြဲ႕ဝင္ေပါင္း အနည္းဆုံး (၁၅၀၀)ေက်ာ္ေစလႊတ္ကူညီေပးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.