လောင်းကစားလုပ်ငန်းများ တရားဝင်ခွင့်ပြုထားသည့် လားရှိုးတွင် အပေါင်ဆိုင်များ တိုးလာ

 339

Pearl ( NP News ) ဧပြီ-၉
လောင်းကစားလုပ်ငန်းများ တရားဝင်ခွင့်ပြုထားသည့် လားရှိုးတွင် အပေါင်ဆိုင်လုပ်ငန်းများ များပြားလာ ကြောင်းဒေသခံများထံ NP News မှ မေးမြန်းထားသည့်အချက်များအရ သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် MNDAA က လောင်းကစားလုပ်ငန်းများ ၊ ပြည့်တန်ဆာလုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများကို တရားဝင်ပုံစံဖြင့် ခွင့်ပြုပေးထားသဖြင့် နောက်ဆက်တွဲအနေဖြင့် လူမှုစီးပွားကျ ဆင်း လာပြီးအရွယ် ရောက်ပြီး သား၊ သမီးများရှိသည့်မိဘများအနေဖြင့် လည်း စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရ သည်။
“လောင်းကစားရဲ့နောက်ဆက်တွဲကတော့ လူမှုစီးပွားပေါ့နော်။ ပြည်သူလူထုအပေါ် တကယ်စိတ်ရင်းမှန် သာဆိုရင် ဒါမျိုးတွေ ခွင့်မပြုသင့်ဘူးလို့ မြင်တယ်။ အခုကတော့ တော်တော်များများ ကြီးကို ခွင့်ပြုထားတာဖြစ်တဲ့ အတွက် တော်တော်လေး ထိခိုက်တယ်‌ပေါ့နော်။ အပေါင်ဆိုင်လို့ပဲ ခေါ်ခေါ်၊ ကျွန်တော်တို့ ဒီဘက်မှာခေါ်တာတော့ အငှားဆိုင်လို့ ခေါ်တာပေါ့နော်။ ပစ္စည်းပေးတယ် ပိုက်ဆံယူတယ်။ အချိန်ကာလကြာရင် မရွေးနိုင်ရင် ဆုံးတယ်ပေါ့နော်။ အဲဒါမျိုးတွေများလာတယ်။ ဒီ တရားဝင် လောင်းကစားတွေကို လုပ်လာတဲ့အတွက် အခြေအနေကတော့ ဆိုးလာတယ်။ လူမှုစီးပွားကျလာတဲ့ ဘက်မှာတော့ တွေ့ရပါတယ်။ အရွယ်ရောက်ပြီးသား သားသမီးတွေ ပိုင်ဆိုင်ထားတဲ့ မိဘတွေ အနေနဲ့ကတော့ လောင်းကစား၊ မူးယစ် ဆေးနဲ့ပတ်သက်ပြီးတော့ စိုးရိမ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် လားရှိုးမြို့၌ လောင်းကစားလုပ်ငန်း များကြောင့် အပေါင်ဆိုင် (ခေါ်) အငှားဆိုင် လုပ်ငန်း များတွင် မော်တော်ဆိုင်ကယ်များအပါအဝင် တန်ဖိုးရှိ ပစ္စည်းများ လာရောက်ပေါင်နှံမှုများပြားလာသည့် အပြင် အပေါင်ဆိုင် လုပ်ငန်း လုပ်ကိုင်သူလည်း များပြားလာကြောင်း သိရသည်။
“အပေါင်ဆိုင်တွေမှာဆိုရင် ဆိုင်ကယ်တွေ တန်းစီနေတာပဲ။ စီးပွားရေးအရတော့ ဘယ်လို ပြောရမလဲ။ အခြေခံ လူတန်းစားတွေအတွက်တော့ အငိုမျက်လုံးတွေပါဗျာ။ မြန်မာပြည်သူတွေက ရိုးလွန်းပါတယ်။ အပျော်နဲ့ဆွယ်လည်း ပါတယ် ညာသံ ပေးလည်းပါတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

Zawgyi Version:
ေလာင္းကစားလုပ္ငန္းမ်ား တရားဝင္ခြင့္ျပဳထားသည့္ လားရႈိးတြင္ အေပါင္ဆိုင္မ်ား တိုးလာ
Pearl ( NP News ) ဧၿပီ-၉
ေလာင္းကစားလုပ္ငန္းမ်ား တရားဝင္ခြင့္ျပဳထားသည့္ လားရႈိးတြင္ အေပါင္ဆိုင္လုပ္ငန္းမ်ား မ်ားျပားလာ ေၾကာင္းေဒသခံမ်ားထံ NP News မွ ေမးျမန္းထားသည့္အခ်က္မ်ားအရ သိရသည္။
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ MNDAA က ေလာင္းကစားလုပ္ငန္းမ်ား ၊ ျပည့္တန္ဆာလုပ္ငန္းမ်ား၊ မူးယစ္ေဆးဝါးလုပ္ငန္းမ်ားကို တရားဝင္ပုံစံျဖင့္ ခြင့္ျပဳေပးထားသျဖင့္ ေနာက္ဆက္တြဲအေနျဖင့္ လူမႈစီးပြားက် ဆင္း လာၿပီးအ႐ြယ္ ေရာက္ၿပီး သား၊ သမီးမ်ားရွိသည့္မိဘမ်ားအေနျဖင့္ လည္း စိုးရိမ္မႈမ်ား ျဖစ္ေပၚေနေၾကာင္းလည္း သိရ သည္။
“ေလာင္းကစားရဲ႕ေနာက္ဆက္တြဲကေတာ့ လူမႈစီးပြားေပါ့ေနာ္။ ျပည္သူလူထုအေပၚ တကယ္စိတ္ရင္းမွန္ သာဆိုရင္ ဒါမ်ိဳးေတြ ခြင့္မျပဳသင့္ဘူးလို႔ ျမင္တယ္။ အခုကေတာ့ ေတာ္ေတာ္မ်ားမ်ား ႀကီးကို ခြင့္ျပဳထားတာျဖစ္တဲ့ အတြက္ ေတာ္ေတာ္ေလး ထိခိုက္တယ္‌ေပါ့ေနာ္။ အေပါင္ဆိုင္လို႔ပဲ ေခၚေခၚ၊ ကြၽန္ေတာ္တို႔ ဒီဘက္မွာေခၚတာေတာ့ အငွားဆိုင္လို႔ ေခၚတာေပါ့ေနာ္။ ပစၥည္းေပးတယ္ ပိုက္ဆံယူတယ္။ အခ်ိန္ကာလၾကာရင္ မေ႐ြးႏိုင္ရင္ ဆုံးတယ္ေပါ့ေနာ္။ အဲဒါမ်ိဳးေတြမ်ားလာတယ္။ ဒီ တရားဝင္ ေလာင္းကစားေတြကို လုပ္လာတဲ့အတြက္ အေျခအေနကေတာ့ ဆိုးလာတယ္။ လူမႈစီးပြားက်လာတဲ့ ဘက္မွာေတာ့ ေတြ႕ရပါတယ္။ အ႐ြယ္ေရာက္ၿပီးသား သားသမီးေတြ ပိုင္ဆိုင္ထားတဲ့ မိဘေတြ အေနနဲ႔ကေတာ့ ေလာင္းကစား၊ မူးယစ္ ေဆးနဲ႔ပတ္သက္ၿပီးေတာ့ စိုးရိမ္ေနတယ္” ဟု ေဒသခံတစ္ဦးကေျပာသည္။
ထို႔ျပင္ လားရႈိးၿမိဳ႕၌ ေလာင္းကစားလုပ္ငန္း မ်ားေၾကာင့္ အေပါင္ဆိုင္ (ေခၚ) အငွားဆိုင္ လုပ္ငန္း မ်ားတြင္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအပါအဝင္ တန္ဖိုးရွိ ပစၥည္းမ်ား လာေရာက္ေပါင္ႏွံမႈမ်ားျပားလာသည့္ အျပင္ အေပါင္ဆိုင္ လုပ္ငန္း လုပ္ကိုင္သူလည္း မ်ားျပားလာေၾကာင္း သိရသည္။
“အေပါင္ဆိုင္ေတြမွာဆိုရင္ ဆိုင္ကယ္ေတြ တန္းစီေနတာပဲ။ စီးပြားေရးအရေတာ့ ဘယ္လို ေျပာရမလဲ။ အေျခခံ လူတန္းစားေတြအတြက္ေတာ့ အငိုမ်က္လုံးေတြပါဗ်ာ။ ျမန္မာျပည္သူေတြက ႐ိုးလြန္းပါတယ္။ အေပ်ာ္နဲ႔ဆြယ္လည္း ပါတယ္ ညာသံ ေပးလည္းပါတယ္” ဟု အျခားေဒသခံတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.