ရှမ်းမြောက်တွင် လက်နက်ကိုင်အဖွဲ့များ စီးပွားရေးအမြတ်ထုတ်မှု ပိုမိုများပြားလာ

 1530

Pearl (NP News)ဧပြီ- ၉
ရှမ်းမြောက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများက အဘက်ဘက်မှစီးပွားရေးအရ အမြတ် ထုတ်မှုများ ပိုမိုများပြားလာကြောင်း ဒေသများထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့် အချက် အလက်များအရ သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နှင့် ကွတ်ခိုင်မြို့အနီးရှိတွင် လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ဆက်စပ်သူများက သစ်တောကြိုးဝိုင်းများမှ ကျွန်းသစ်များ၊ သစ်မာသားများကို ခုတ်၍ ကား များ ဖြင့် တန့်ယန်းမြို့ဘက်မှတစ်ဆင့် ဝ ဒေသဘက်သို့ သယ်ယူရောင်းချများပြုလုပ်နေကြောင်း ဒေသခံ များ က ဆိုသည်။
“လားရှိုး - မန္တလေး ၊ ပြည်ထောင်စု လမ်းမကြီးဘေးမှာ တည်ရှိတဲ့ရွာပေါ့နော်။ နားမ ခေါ် ကျေး ရွာပေါ့။ အဲဒီနားမှာတော့ သစ်ပင်ကြီးတွေ ခုတ်ပြီးတော့ စီးပွားဖြစ်လုပ်နေတယ်ဆိုတာ ကြားတယ်။ တချို့ကလည်း ထော်လာဂျီအကြီးစားကားမျိုးတွေနဲ့တိုက်ပြီးတော့ သစ်တွေခွဲပြီးတော့ ရောင်းကြတာ လည်းရှိသလို၊ တချို့ကလည်း အလုံးလိုက်နဲ့ လုပ်ကြတာလည်း ရှိတယ်။ လုပ်တဲ့အခါမှာ အဖွဲ့အစည်းနဲ့ ပိုင်တဲ့သူတွေကလည်း ပိုင်တဲ့အလျောက် ယူနေကြတာရှိတယ်။ လက်နက်ကိုင်နဲ့ဆက်စပ်တဲ့ လူတွေပဲ ခုတ်ကြတာ။ လက်နက်ကိုင်ကလည်း SSPP ပေါ့။ သူတို့နဲ့ဆက်စပ်တာပဲပေါ့။ ရောင်းတဲ့အခါမှာ တောင် ပိုင်းကို ပို့တာရှိတယ်၊ တန့်ယန်းဘက်ကနေ သယ်ပြီး တော့ ဝ ဒေသကို သွားတာလည်းရှိတယ်” ဟု သီပေါ ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သစ်တောကြိုးဝိုင်းများမှ သစ်များကို တရားမဝင်ခုတ်ယူမှုပိုမိုများ ပြားလာသည့်အပြင် သတ္တုတွင်းများလည်း လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့နှင့်နီးစပ်သူ များကို တရားမဝင်လုပ်ပိုင်ခွင့်ပေးထားပြီး စီးပွားရေးအရ လက်ဝါးကြီးအုပ်မှုများ များပြားလာကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
“လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းက ပွင့်ပွင့်လင်းလင်းပြောရရင် သူတစ်လူ ငါတစ်မင်းနဲ့ အဖွဲ့ အစည်းကလည်း များတဲ့အခါမှာ နဂိုအစိုးရက ထိန်းသိမ်းကာကွယ်ခဲ့တဲ့ သစ်တောကြိုးဝိုင်းတွေ၊ နောက် ပြီးတော့ အစိုးရက တရားဝင်ဖွင့်ခဲ့တဲ့ သတ္တု တူးဖော်ရေးတွေ ဆောက်ရွက်ခဲ့တဲ့နေရာတွေမှာ လက်နက် ကိုင်တွေက သူတို့နဲ့ နီးစပ်တဲ့လူတွေကို ပေးလုပ်ပြီးတော့ စီးပွားရေးအရ လက်ဝါးကြီးအုပ် တာတွေက များလာတယ်။ ဒေသခံတွေကို လုပ်ခွင့် မပေးဘူး။ ခြုံပြီးတော့ပြောရရင် ရှမ်းမြောက်မှာ လက်နက်ကိုင် တွေက အဘက်ဘက်ကပေါ့နော် စီးပွား ရေးအရ အမြတ်ထုတ်တာတွေ များလာတာ တွေ့လာရတယ်။ ဒေသခံတိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်တွေနဲ့ကလည်း ခဏခဏပဋိပက္ခတွေ ဖြစ်ကြတာလည်း အားလုံးသိကြမှာပါ။ သစ်တောတွေ ပြုန်းတီးလို့ ရေတွေလည်းကြီးခဲ့တယ်၊ မြေကြီးတွေပြိုတဲ့ ဖြစ်စဉ် တွေလည်းဖြစ်ခဲ့တယ်ပေါ့နော် သီပေါမှာ။ ဒါတွေလည်း ခံစားပြီးပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုကြောင့် ဒေသခံအချို့သေဆုံးမှုများ၊ လယ် ဧက (၅၀ဝ)နီးပါးရေနစ်မြုပ်ပျက်စီးခဲ့သည့် ဖြစ်စဉ် များလည်း ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version:
ရွမ္းေျမာက္တြင္ လက္နက္ကိုင္အဖြဲ႕မ်ား စီးပြားေရးအျမတ္ထုတ္မႈ ပိုမိုမ်ားျပားလာ
Pearl (NP News)ဧၿပီ- ၉
ရွမ္းေျမာက္တြင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားက အဘက္ဘက္မွစီးပြားေရးအရ အျမတ္ ထုတ္မႈမ်ား ပိုမိုမ်ားျပားလာေၾကာင္း ေဒသမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္ အလက္မ်ားအရ သိရသည္။
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕ႏွင့္ ကြတ္ခိုင္ၿမိဳ႕အနီးရွိတြင္ လက္နက္ကိုင္အဖြဲ႕အစည္း မ်ားႏွင့္ ဆက္စပ္သူမ်ားက သစ္ေတာႀကိဳးဝိုင္းမ်ားမွ ကြၽန္းသစ္မ်ား၊ သစ္မာသားမ်ားကို ခုတ္၍ ကား မ်ား ျဖင့္ တန႔္ယန္းၿမိဳ႕ဘက္မွတစ္ဆင့္ ဝ ေဒသဘက္သို႔ သယ္ယူေရာင္းခ်မ်ားျပဳလုပ္ေနေၾကာင္း ေဒသခံ မ်ား က ဆိုသည္။
“လားရႈိး - မႏၲေလး ၊ ျပည္ေထာင္စု လမ္းမႀကီးေဘးမွာ တည္ရွိတဲ့႐ြာေပါ့ေနာ္။ နားမ ေခၚ ေက်း ႐ြာေပါ့။ အဲဒီနားမွာေတာ့ သစ္ပင္ႀကီးေတြ ခုတ္ၿပီးေတာ့ စီးပြားျဖစ္လုပ္ေနတယ္ဆိုတာ ၾကားတယ္။ တခ်ိဳ႕ကလည္း ေထာ္လာဂ်ီအႀကီးစားကားမ်ိဳးေတြနဲ႔တိုက္ၿပီးေတာ့ သစ္ေတြခြဲၿပီးေတာ့ ေရာင္းၾကတာ လည္းရွိသလို၊ တခ်ိဳ႕ကလည္း အလုံးလိုက္နဲ႔ လုပ္ၾကတာလည္း ရွိတယ္။ လုပ္တဲ့အခါမွာ အဖြဲ႕အစည္းနဲ႔ ပိုင္တဲ့သူေတြကလည္း ပိုင္တဲ့အေလ်ာက္ ယူေနၾကတာရွိတယ္။ လက္နက္ကိုင္နဲ႔ဆက္စပ္တဲ့ လူေတြပဲ ခုတ္ၾကတာ။ လက္နက္ကိုင္ကလည္း SSPP ေပါ့။ သူတို႔နဲ႔ဆက္စပ္တာပဲေပါ့။ ေရာင္းတဲ့အခါမွာ ေတာင္ ပိုင္းကို ပို႔တာရွိတယ္၊ တန႔္ယန္းဘက္ကေန သယ္ၿပီး ေတာ့ ဝ ေဒသကို သြားတာလည္းရွိတယ္” ဟု သီေပါ ေဒသခံတစ္ဦးက ေျပာသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ သစ္ေတာႀကိဳးဝိုင္းမ်ားမွ သစ္မ်ားကို တရားမဝင္ခုတ္ယူမႈပိုမိုမ်ား ျပားလာသည့္အျပင္ သတၱဳတြင္းမ်ားလည္း လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ ၎တို႔ႏွင့္နီးစပ္သူ မ်ားကို တရားမဝင္လုပ္ပိုင္ခြင့္ေပးထားၿပီး စီးပြားေရးအရ လက္ဝါးႀကီးအုပ္မႈမ်ား မ်ားျပားလာေၾကာင္း အထက္ပါ ေဒသခံက ဆိုသည္။
“လက္ရွိ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ပြင့္ပြင့္လင္းလင္းေျပာရရင္ သူတစ္လူ ငါတစ္မင္းနဲ႔ အဖြဲ႕ အစည္းကလည္း မ်ားတဲ့အခါမွာ နဂိုအစိုးရက ထိန္းသိမ္းကာကြယ္ခဲ့တဲ့ သစ္ေတာႀကိဳးဝိုင္းေတြ၊ ေနာက္ ၿပီးေတာ့ အစိုးရက တရားဝင္ဖြင့္ခဲ့တဲ့ သတၱဳ တူးေဖာ္ေရးေတြ ေဆာက္႐ြက္ခဲ့တဲ့ေနရာေတြမွာ လက္နက္ ကိုင္ေတြက သူတို႔နဲ႔ နီးစပ္တဲ့လူေတြကို ေပးလုပ္ၿပီးေတာ့ စီးပြားေရးအရ လက္ဝါးႀကီးအုပ္ တာေတြက မ်ားလာတယ္။ ေဒသခံေတြကို လုပ္ခြင့္ မေပးဘူး။ ၿခဳံၿပီးေတာ့ေျပာရရင္ ရွမ္းေျမာက္မွာ လက္နက္ကိုင္ ေတြက အဘက္ဘက္ကေပါ့ေနာ္ စီးပြား ေရးအရ အျမတ္ထုတ္တာေတြ မ်ားလာတာ ေတြ႕လာရတယ္။ ေဒသခံတိုင္းရင္းသားေတြနဲ႔ လက္နက္ကိုင္ေတြနဲ႔ကလည္း ခဏခဏပဋိပကၡေတြ ျဖစ္ၾကတာလည္း အားလုံးသိၾကမွာပါ။ သစ္ေတာေတြ ျပဳန္းတီးလို႔ ေရေတြလည္းႀကီးခဲ့တယ္၊ ေျမႀကီးေတြၿပိဳတဲ့ ျဖစ္စဥ္ ေတြလည္းျဖစ္ခဲ့တယ္ေပါ့ေနာ္ သီေပါမွာ။ ဒါေတြလည္း ခံစားၿပီးၿပီ” ဟု ၎က ဆက္လက္ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္က ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား၊ ေျမၿပိဳမႈေၾကာင့္ ေဒသခံအခ်ိဳ႕ေသဆုံးမႈမ်ား၊ လယ္ ဧက (၅၀ဝ)နီးပါးေရနစ္ျမဳပ္ပ်က္စီးခဲ့သည့္ ျဖစ္စဥ္ မ်ားလည္း ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.