(၄)နှစ်ကျော်အတွင်း အကြမ်းဖက်သတ်ဖြတ်ခံရသူ (၇၀ဝဝ) နီးပါးရှိခဲ့

583

သန့်ဇင် (NP News) ဧပြီ-၁၀
(၄)နှစ်ကျော်ကာလအတွင်း အကြမ်းဖက် သတ်ဖြတ်ခံရသူ (၇၀ဝဝ)နီးပါးရှိခဲ့သဖြင့် သတ်ဖြတ်မှုများ ရပ်တန့် သင့်ပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက NP News သို့ပြောသည်။
(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄)ရက်အထိ နိုင်ငံတစ်ဝန်းအကြမ်း ဖက်သတ်ဖြတ်ခံရသူ (၆၉၅၈)ဦးရှိခဲ့ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုကော်မတီက ကောက်ယူထားသည့် သတင်းအချက်အလက်များအရ သိရသည်။
အဆိုပါ သတ်ဖြတ်မှုများသည် မဖြစ်သင့် သောလုပ်ရပ်များဖြစ်ပြီး တိုင်းပြည်ဆင်းရဲနေခြင်း သည်လည်း ထိုသို့ ကျဉ်းမြောင်းသော အယူဝါဒများ ကြောင့်ပင်ဖြစ်ကြောင်း ဦးလှသိန်းက ဆိုသည်။
“လူတွေအားလုံးက ဒီအချိန်မှာ ဘာတွေ အရေးကြီးသလဲ။ အခု ငလျင်ဖြစ်တယ်။ ကမ္ဘာမှာ အဆိုးရွားဆုံးကို ရင်ဆိုင်နေရတာပါ။ ဟိုတစ်နေ့ကလည်း စစ်ကိုင်းကိုကယ်ဆယ်ရေးသွားတာကို ဝိုင်းပစ်တယ်။ ဒါကနိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ တော်လှန်ရေးလုပ်တာမဟုတ်ဘူး။ ဒါကို တမင်တကာကို ယန္တရားတစ်ခုလုံး လူမျိုးတစ်ခုလုံးကို ပျက်စီးရာ ပျက်စီးကြောင်းလုပ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ အမှန်တကယ် တိုင်းပြည်ကို ကောင်းစေချင်တယ်ဆိုရင် နိုင်ငံ တော်အစိုးရလည်းဖွင့်ထားပေးတာပဲ။ ပါတီလုပ်ပြီးတော့ အနိုင်ရအောင်ကြိုးစား။ ကြိုးစားပြီး လူထုထောက်ခံမှုနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင်ပုံဖော်ပါ”ဟု ၎င်းကပြောသည်။
ထို့ကြောင့် အကြမ်းဖက်သတ်ဖြတ်မှုများကို ရပ်တန်းကရပ်သင့်ပြီဖြစ်ရာ အကြမ်းဖက်သတ် ဖြတ်မှုကျူးလွန် နေသူများသည်လည်း ကိုယ်တိုင် ပြန်လည်သုံးသပ်သင့်ပြီဖြစ်ကြောင်း ဦးလှသိန်းက ဆိုသည်။
“ဒါကြောင့် ဒီလိုလုပ်ရပ်မျိုးတွေကို ရပ်တန်းကရပ်သင့်ပြီလို့ မြင်တယ်။ ဒီလိုအဖွဲ့တွေကို လည်း ကျွန်တော်မေး ချင်တယ်။ ဘာကြောင့် အဲဒီ လိုလုပ်သလဲဆိုတာ သူတို့ကိုယ်တိုင်က သူတို့အဖြေကို သိလိမ့်မယ်။ သူတို့နောက်ကွယ် ကနေကြိုးကိုင်ထား တဲ့အဖွဲ့အစည်းတွေရှိမှာပေါ့။ အဲဒီ PDF တွေ NUG တွေကတော့ သူတို့စတင်ဖွဲ့စည်းထားတဲ့ ပင်မက အမာခံတာဝန်ခံတွေပဲ။ ဘာကြောင့် သူတို့လုပ်သလဲ ဆိုတာ သူတို့ကိုယ်သူတို့ သိလိမ့်မယ်။ အဲဒီထဲမှာ အုတ်ရောရော ကျောက်ရောရောနဲ့ တကယ်ကို အသိပညာနုနယ်သေးတဲ့သူတွေကြောင့် တိုင်းပြည်က အလိုလို နစ်နာပါတယ်”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင်လည်း အကြမ်းဖက်သတ်ဖြတ် ခံရမှုများရှိနေဆဲဖြစ်ပြီး နစကဥက္ကဋ္ဌကအတိအလင်း ကြေညာထား သည့် ရွေးကောက်ပွဲကာလတွင်လည်း အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အထစ်အငေါ့ များဖြစ်ပွားလာနိုင်ကြောင်း ပြည်သူ့ပါတီမှ ရန်ကုန် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးကဆိုသည်။
“အထစ်အငေါ့တွေတော့ ဖြစ်လာနိုင် တယ်။ ဒါကလည်း ကျွန်တော်တို့ အခုမှတင်မဟုတ် ပါဘူး။ ကျွန်တော်တို့ရဲ့ မိဘဘိုးဘွားတွေလက် ထက်ပေါ့နော်။ အရင်ရွေးကောက်ပွဲကာလတွေမှာ လည်း အထူးသဖြင့်နယ်စွန်နယ်ဖျားတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေထိ ခိုက်ခံရတာမျိုးရှိခဲ့တယ်လေ။ ကျွန်တော်တို့ လတ်တ လောအခြေ အနေကလည်း ပဋိပက္ခတွေရှိနေတဲ့ အခြေအနေဖြစ်တယ်။ ပဋိပက္ခတွေလျော့ကျသွား ရင်တော့ အကောင်းဆုံးအခြေ အနေပေါ့ဗျာ။ ပဋိပက္ခ တွေကတော့ ပျောက်မသွားပါဘူး။ ရှိနေတုန်းပါပဲ။ ရွေးကောက်ပွဲဆိုတာကလည်း တစ်ဖက်က လည်း အတိအလင်းပြောထားပြီဖြစ်တဲ့အတွက် ကျင်းပမယ်ဆိုတာက သေချာနေပြီလို့ ပြောလို့ရပါတယ်။ စင်းလုံးချော တော့မလွယ်ကူလှပါဘူး။ အဲဒီလိုပဲ အခက်အခဲတွေအထစ်အငေါ့တွေတော့ ဖြတ်သန်း ရပါဦးမယ်}ဟု ဦးလှဌေးက ပြောသည်။
အကြမ်းဖက်သတ်ဖြတ်ခံရသူများအတွင်း ရဟန်းသံဃာနှင့် သီလရှင်(၈၇)ပါး၊ အရပ်သား၊ စစ်မှုထမ်းဟောင်းနှင့် နိုင်ငံရေးပါတီဝင် (၆၄၈၉) ဦး၊ ကျောင်းဆရာ၊ ဆရာမ(၇၆)ဦး၊ ကျန်းမာရေး ဝန်ထမ်း (၁၇)ဦးနှင့် အခြားသောဝန်ထမ်း (၂၈၉)ဦးတို့ ပါဝင်ကြောင်း သိရသည်။

Zawgyi Version:
(၄)ႏွစ္ေက်ာ္အတြင္း အၾကမ္းဖက္သတ္ျဖတ္ခံရသူ (၇၀ဝဝ) နီးပါးရွိခဲ့
သန႔္ဇင္ (NP News) ဧၿပီ-၁၀
(၄)ႏွစ္ေက်ာ္ကာလအတြင္း အၾကမ္းဖက္ သတ္ျဖတ္ခံရသူ (၇၀ဝဝ)နီးပါးရွိခဲ့သျဖင့္ သတ္ျဖတ္မႈမ်ား ရပ္တန႔္ သင့္ၿပီျဖစ္ေၾကာင္း ျပည္ေထာင္စုႀကံ့ ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ဦးလွသိန္းက NP News သို႔ေျပာသည္။
(၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ကာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၁၄)ရက္အထိ ႏိုင္ငံတစ္ဝန္းအၾကမ္း ဖက္သတ္ျဖတ္ခံရသူ (၆၉၅၈)ဦးရွိခဲ့ေၾကာင္း အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္း ေရးေဖာ္ေဆာင္မႈေကာ္မတီက ေကာက္ယူထားသည့္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ သတ္ျဖတ္မႈမ်ားသည္ မျဖစ္သင့္ ေသာလုပ္ရပ္မ်ားျဖစ္ၿပီး တိုင္းျပည္ဆင္းရဲေနျခင္း သည္လည္း ထိုသို႔ က်ဥ္းေျမာင္းေသာ အယူဝါဒမ်ား ေၾကာင့္ပင္ျဖစ္ေၾကာင္း ဦးလွသိန္းက ဆိုသည္။
“လူေတြအားလုံးက ဒီအခ်ိန္မွာ ဘာေတြ အေရးႀကီးသလဲ။ အခု ငလ်င္ျဖစ္တယ္။ ကမာၻမွာ အဆိုး႐ြားဆုံးကို ရင္ဆိုင္ေနရတာပါ။ ဟိုတစ္ေန႔ကလည္း စစ္ကိုင္းကိုကယ္ဆယ္ေရးသြားတာကို ဝိုင္းပစ္တယ္။ ဒါကႏိုင္ငံေရးလုပ္တာ မဟုတ္ဘူး။ ေတာ္လွန္ေရးလုပ္တာမဟုတ္ဘူး။ ဒါကို တမင္တကာကို ယႏၲရားတစ္ခုလုံး လူမ်ိဳးတစ္ခုလုံးကို ပ်က္စီးရာ ပ်က္စီးေၾကာင္းလုပ္တယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္။ အမွန္တကယ္ တိုင္းျပည္ကို ေကာင္းေစခ်င္တယ္ဆိုရင္ ႏိုင္ငံ ေတာ္အစိုးရလည္းဖြင့္ထားေပးတာပဲ။ ပါတီလုပ္ၿပီးေတာ့ အႏိုင္ရေအာင္ႀကိဳးစား။ ႀကိဳးစားၿပီး လူထုေထာက္ခံမႈနဲ႔ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ကို တိုင္းျပည္အတြက္ အေကာင္းဆုံးျဖစ္ေအာင္ပုံေဖာ္ပါ”ဟု ၎ကေျပာသည္။
ထို႔ေၾကာင့္ အၾကမ္းဖက္သတ္ျဖတ္မႈမ်ားကို ရပ္တန္းကရပ္သင့္ၿပီျဖစ္ရာ အၾကမ္းဖက္သတ္ ျဖတ္မႈက်ဴးလြန္ ေနသူမ်ားသည္လည္း ကိုယ္တိုင္ ျပန္လည္သုံးသပ္သင့္ၿပီျဖစ္ေၾကာင္း ဦးလွသိန္းက ဆိုသည္။
“ဒါေၾကာင့္ ဒီလိုလုပ္ရပ္မ်ိဳးေတြကို ရပ္တန္းကရပ္သင့္ၿပီလို႔ ျမင္တယ္။ ဒီလိုအဖြဲ႕ေတြကို လည္း ကြၽန္ေတာ္ေမး ခ်င္တယ္။ ဘာေၾကာင့္ အဲဒီ လိုလုပ္သလဲဆိုတာ သူတို႔ကိုယ္တိုင္က သူတို႔အေျဖကို သိလိမ့္မယ္။ သူတို႔ေနာက္ကြယ္ ကေနႀကိဳးကိုင္ထား တဲ့အဖြဲ႕အစည္းေတြရွိမွာေပါ့။ အဲဒီ PDF ေတြ NUG ေတြကေတာ့ သူတို႔စတင္ဖြဲ႕စည္းထားတဲ့ ပင္မက အမာခံတာဝန္ခံေတြပဲ။ ဘာေၾကာင့္ သူတို႔လုပ္သလဲ ဆိုတာ သူတို႔ကိုယ္သူတို႔ သိလိမ့္မယ္။ အဲဒီထဲမွာ အုတ္ေရာေရာ ေက်ာက္ေရာေရာနဲ႔ တကယ္ကို အသိပညာႏုနယ္ေသးတဲ့သူေတြေၾကာင့္ တိုင္းျပည္က အလိုလို နစ္နာပါတယ္”ဟု ၎ကဆက္ေျပာသည္။
လက္ရွိတြင္လည္း အၾကမ္းဖက္သတ္ျဖတ္ ခံရမႈမ်ားရွိေနဆဲျဖစ္ၿပီး နစကဥကၠ႒ကအတိအလင္း ေၾကညာထား သည့္ ေ႐ြးေကာက္ပြဲကာလတြင္လည္း အၾကမ္းဖက္သတ္ျဖတ္မႈမ်ားေၾကာင့္ အထစ္အေငါ့ မ်ားျဖစ္ပြားလာႏိုင္ေၾကာင္း ျပည္သူ႔ပါတီမွ ရန္ကုန္ တိုင္းေဒသႀကီးဥကၠ႒ ဦးလွေဌးကဆိုသည္။
“အထစ္အေငါ့ေတြေတာ့ ျဖစ္လာႏိုင္ တယ္။ ဒါကလည္း ကြၽန္ေတာ္တို႔ အခုမွတင္မဟုတ္ ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ မိဘဘိုးဘြားေတြလက္ ထက္ေပါ့ေနာ္။ အရင္ေ႐ြးေကာက္ပြဲကာလေတြမွာ လည္း အထူးသျဖင့္နယ္စြန္နယ္ဖ်ားေတြမွာ ေ႐ြးေကာက္ပြဲဝင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြထိ ခိုက္ခံရတာမ်ိဳးရွိခဲ့တယ္ေလ။ ကြၽန္ေတာ္တို႔ လတ္တ ေလာအေျခ အေနကလည္း ပဋိပကၡေတြရွိေနတဲ့ အေျခအေနျဖစ္တယ္။ ပဋိပကၡေတြေလ်ာ့က်သြား ရင္ေတာ့ အေကာင္းဆုံးအေျခ အေနေပါ့ဗ်ာ။ ပဋိပကၡ ေတြကေတာ့ ေပ်ာက္မသြားပါဘူး။ ရွိေနတုန္းပါပဲ။ ေ႐ြးေကာက္ပြဲဆိုတာကလည္း တစ္ဖက္က လည္း အတိအလင္းေျပာထားၿပီျဖစ္တဲ့အတြက္ က်င္းပမယ္ဆိုတာက ေသခ်ာေနၿပီလို႔ ေျပာလို႔ရပါတယ္။ စင္းလုံးေခ်ာ ေတာ့မလြယ္ကူလွပါဘူး။ အဲဒီလိုပဲ အခက္အခဲေတြအထစ္အေငါ့ေတြေတာ့ ျဖတ္သန္း ရပါဦးမယ္}ဟု ဦးလွေဌးက ေျပာသည္။
အၾကမ္းဖက္သတ္ျဖတ္ခံရသူမ်ားအတြင္း ရဟန္းသံဃာႏွင့္ သီလရွင္(၈၇)ပါး၊ အရပ္သား၊ စစ္မႈထမ္းေဟာင္းႏွင့္ ႏိုင္ငံေရးပါတီဝင္ (၆၄၈၉) ဦး၊ ေက်ာင္းဆရာ၊ ဆရာမ(၇၆)ဦး၊ က်န္းမာေရး ဝန္ထမ္း (၁၇)ဦးႏွင့္ အျခားေသာဝန္ထမ္း (၂၈၉)ဦးတို႔ ပါဝင္ေၾကာင္း သိရသည္။