ယူကရိန်းစစ်ပွဲအတွင်း ဘယ်ပါတီကိုမှ သေစေလောက်တဲ့လက်နက်တွေ ထောက်ပံ့ပေးတာမျိုး မရှိခဲ့ဘူးလို့ တရုတ်အစိုးရပြော

340

Pika (NP News) - ဧပြီ ၁၉
ယူကရိန်းစစ်ပွဲအတွင်းမှာ ဘယ်ပါတီကိုမှ သေစေလောက်တဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးတာမျိုး မရှိခဲ့ဘူးလို့ တရုတ်အစိုးရက ငြင်းဆိုလိုက်ပါတယ်။ တရုတ်ဟာ ရုရှားကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေ တယ်ဆိုတဲ့ သတင်းတွေကို ရရှိထားတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တရုတ် အစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူလင်းဂျီယန်က “တရုတ်အစိုးရဟာ ယူကရိန်းပဋိပက္ခအတွင်း မှာ ဘယ်ပါတီကိုမှ သေစေလောက်တဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တာမျိုး မရှိခဲ့ပါဘူး။ ပြီးတော့ အဲဒီစစ်လက်နက်ပစ္စည်းတွေကို တရုတ်အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ဇီလန်စကီးကဟာ ၎င်းရဲ့စွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ပေမယ့် လည်း အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေက အစပြောဖို့ ယူကရိန်းဘက်က အဆင်သင့် ဖြစ်နေပြီလို့ပဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကို ကူညီပေးဖို့အတွက် တရုတ်နိုင်ငံသား အနည်းဆုံး(၁၅၅)ဦးကို တရုတ် အစိုးရက စေလွှတ်ထားတယ်ဆိုတာကို ယူကရိန်းဘက်က သိရှိထားတယ်လို့ ဇီလန်စကီးက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပြီးတော့ အရှေ့ပိုင်း ဒွန်းညက်စ်ဒေသမှာ တရုတ်စစ်သားနှစ်ဦးကို ယူကရိန်းစစ်တပ် က ဖမ်းမိခဲ့တယ်လို့လည်း ဇီလန်စကီးက စွပ်စွဲပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းစစ္ပြဲအတြင္း ဘယ္ပါတီကိုမွ ေသေစေလာက္တဲ့လက္နက္ေတြ ေထာက္ပံ့ေပးတာမ်ိဳး မရွိခဲ့ဘူးလို႔ တ႐ုတ္အစိုးရေျပာ
Pika (NP News) - ဧၿပီ ၁၉
ယူကရိန္းစစ္ပြဲအတြင္းမွာ ဘယ္ပါတီကိုမွ ေသေစေလာက္တဲ့ စစ္လက္နက္ပစၥည္းေတြ ေထာက္ပံ့ေပးတာမ်ိဳး မရွိခဲ့ဘူးလို႔ တ႐ုတ္အစိုးရက ျငင္းဆိုလိုက္ပါတယ္။ တ႐ုတ္ဟာ ႐ုရွားကို စစ္လက္နက္ပစၥည္းေတြ ေထာက္ပံ့ေပးေန တယ္ဆိုတဲ့ သတင္းေတြကို ရရွိထားတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္ အစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူလင္းဂ်ီယန္က “တ႐ုတ္အစိုးရဟာ ယူကရိန္းပဋိပကၡအတြင္း မွာ ဘယ္ပါတီကိုမွ ေသေစေလာက္တဲ့ စစ္လက္နက္ပစၥည္းေတြ ေထာက္ပံ့ေပးခဲ့တာမ်ိဳး မရွိခဲ့ပါဘူး။ ၿပီးေတာ့ အဲဒီစစ္လက္နက္ပစၥည္းေတြကို တ႐ုတ္အစိုးရက တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဇီလန္စကီးကဟာ ၎ရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး အေသးစိတ္ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ေပမယ့္ လည္း အဲဒီကိစၥေတြနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြက အစေျပာဖို႔ ယူကရိန္းဘက္က အဆင္သင့္ ျဖစ္ေနၿပီလို႔ပဲေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြကို ကူညီေပးဖို႔အတြက္ တ႐ုတ္ႏိုင္ငံသား အနည္းဆုံး(၁၅၅)ဦးကို တ႐ုတ္ အစိုးရက ေစလႊတ္ထားတယ္ဆိုတာကို ယူကရိန္းဘက္က သိရွိထားတယ္လို႔ ဇီလန္စကီးက ၿပီးခဲ့တဲ့သီတင္းပတ္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ အေရွ႕ပိုင္း ဒြန္းညက္စ္ေဒသမွာ တ႐ုတ္စစ္သားႏွစ္ဦးကို ယူကရိန္းစစ္တပ္ က ဖမ္းမိခဲ့တယ္လို႔လည္း ဇီလန္စကီးက စြပ္စြဲေျပာဆိုခဲ့ပါတယ္။