ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တရုတ်ဂြိုလ်တုကုမ္ပဏီတစ်ခုက ထောက်ပံ့မှုတွေ လုပ်ဆောင်နေဟု အမေရိကန်အစိုးရပြော

346

Pika (NP News) - ဧပြီ ၁၉
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့အမေရိကန်အကျိုးစီးပွားတွေအပေါ် တိုက်ခိုက်မှုတွေကို တရုတ် ဂြိုလ်တုကုမ္ပဏီတစ်ခုက ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့က အသုံးပြုနေတဲ့ လောင်စာဆီဆိပ်ကမ်းတစ်ခုကို အမေရိကန်စစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အမေရိကန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံတဲ့အနေနဲ့ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့အတွင်း သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ပစ်မှတ် ထားတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် အမေရိကန်ဟာနိုင်ငံပေါင်းစုံပါဝင်တဲ့ ညွန့်ပေါင်းရေတပ်တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး တန်မီဘရုစ်က “Chang Guang ဂြိုလ်တု နည်းပညာကုမ္ပဏီဟာ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့အမေရိကန်အကျိုးစီးပွားတွေ အပေါ် တိုက်ခိုက်မှုတွေကို တိုက်ရိုက်ကူညီပံ့ပိုးပေးမှုတွေ လုပ်ဆောင်နေပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေနဲ့ Chang Guang ဂြိုလ်တုနည်းပညာကုမ္ပဏီအတွက် တရုတ်ရဲ့ထောက်ပံ့ပေးမှုတွေက တရုတ်အစိုးရက ငြိမ်းချမ်းရေးကို ထောက်ခံတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့တစ်ခြားစီဖြစ်နေတယ်ဆိုတာကို သက်သေပြနေတဲ့နောက်ထပ်ဥပမာ တစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြကို တ႐ုတ္ၿဂိဳလ္တုကုမၸဏီတစ္ခုက ေထာက္ပံ့မႈေတြ လုပ္ေဆာင္ေနဟု အေမရိကန္အစိုးရေျပာ
Pika (NP News) - ဧၿပီ ၁၉
ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕အေမရိကန္အက်ိဳးစီးပြားေတြအေပၚ တိုက္ခိုက္မႈေတြကို တ႐ုတ္ ၿဂိဳလ္တုကုမၸဏီတစ္ခုက ေထာက္ပံ့မႈေတြ လုပ္ေဆာင္ေပးေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ဟူသီလက္နက္ကိုင္အဖြဲ႕က အသုံးျပဳေနတဲ့ ေလာင္စာဆီဆိပ္ကမ္းတစ္ခုကို အေမရိကန္စစ္တပ္က တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း အေမရိကန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ပါလက္စတိုင္းျပည္သူေတြကို ေထာက္ခံတဲ့အေနနဲ႔ ပင္လယ္နီနဲ႔ ေအဒင္ပင္လယ္ေကြ႕တို႔အတြင္း သြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ပစ္မွတ္ ထားတိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြကို ရပ္တန႔္ဖို႔အတြက္ အေမရိကန္ဟာႏိုင္ငံေပါင္းစုံပါဝင္တဲ့ ၫြန႔္ေပါင္းေရတပ္တပ္ဖြဲ႕တစ္ခုကို ဖြဲ႕စည္းခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူအမ်ိဳးသမီး တန္မီဘ႐ုစ္က “Chang Guang ၿဂိဳလ္တု နည္းပညာကုမၸဏီဟာ အီရန္ေက်ာေထာက္ေနာက္ခံျပဳ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕အေမရိကန္အက်ိဳးစီးပြားေတြ အေပၚ တိုက္ခိုက္မႈေတြကို တိုက္႐ိုက္ကူညီပံ့ပိုးေပးမႈေတြ လုပ္ေဆာင္ေနပါတယ္။ သူတို႔ရဲ႕လုပ္ရပ္ေတြနဲ႔ Chang Guang ၿဂိဳလ္တုနည္းပညာကုမၸဏီအတြက္ တ႐ုတ္ရဲ႕ေထာက္ပံ့ေပးမႈေတြက တ႐ုတ္အစိုးရက ၿငိမ္းခ်မ္းေရးကို ေထာက္ခံတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြနဲ႔တစ္ျခားစီျဖစ္ေနတယ္ဆိုတာကို သက္ေသျပေနတဲ့ေနာက္ထပ္ဥပမာ တစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။