ရုရှားနဲ့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ စစ်သား(၉၀၉)ဦးရဲ့ရုပ်အလောင်းတွေကို ပြန်လည်လက်ခံရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရပြော

2077

Pika (NP News) - ဧပြီ ၂ဝ
ရုရှားနဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သားရာချီရဲ့ရုပ်အလောင်းတွေကို ပြန်လည်လက်ခံရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အဲဒီလက်ခံရရှိမှုဟာ သီတင်းပတ်သုံးပတ်အတွင်း ဒုတိယအကြိမ်မြောက် ရုပ်အလောင်းတွေကို ပြန်လည်လက်ခံရရှိမှုတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
အကျဉ်းသားတွေနဲ့ စစ်သားရုပ်အလောင်းတွေ လဲလှယ်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ နယ်ပယ်အနည်းငယ်တွေထဲက တစ်ခုဖြစ်တယ်လို့ လည်း သိရပါတယ်။ ယူကရိန်းအစိုးရက ”ရုရှားနဲ့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သား(၉၀၉)ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်လက်ခံရရှိခဲ့ပါတယ်” လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ ပြီးခဲ့တဲ့မတ်လ(၂၈)ရက်က အလားတူလဲလှယ်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီး ယူကရိန်းဘက်က ရုပ်အလောင်း(၉၀၉)ခုကို လက်ခံရရှိခဲ့ပြီး ရုရှားဘက်က ရုပ်အလောင်း(၄၃)ခုကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးအကြိမ်လုပ်ဆောင်ခဲ့တဲ့လဲလှယ်မှုနဲ့ပတ်သက်ပြီး ရုရှားဘက်က မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔တိုက္ပြဲအတြင္း က်ဆုံးသြားခဲ့တဲ့ စစ္သား(၉၀၉)ဦးရဲ႕႐ုပ္အေလာင္းေတြကို ျပန္လည္လက္ခံရရွိခဲ့တယ္လို႔ ယူကရိန္းအစိုးရေျပာ
Pika (NP News) - ဧၿပီ ၂ဝ
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္း ေသဆုံးသြားခဲ့တဲ့ ယူကရိန္းစစ္သားရာခ်ီရဲ႕႐ုပ္အေလာင္းေတြကို ျပန္လည္လက္ခံရရွိခဲ့တယ္လို႔ ယူကရိန္းအစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီလက္ခံရရွိမႈဟာ သီတင္းပတ္သုံးပတ္အတြင္း ဒုတိယအႀကိမ္ေျမာက္ ႐ုပ္အေလာင္းေတြကို ျပန္လည္လက္ခံရရွိမႈတစ္ခု ျဖစ္တယ္လို႔လည္း သိရပါတယ္။
အက်ဥ္းသားေတြနဲ႔ စစ္သား႐ုပ္အေလာင္းေတြ လဲလွယ္မႈဟာ ႐ုရွား-ယူကရိန္းစစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ပိုင္း ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ခဲ့တဲ့ နယ္ပယ္အနည္းငယ္ေတြထဲက တစ္ခုျဖစ္တယ္လို႔ လည္း သိရပါတယ္။ ယူကရိန္းအစိုးရက ”႐ုရွားနဲ႔တိုက္ပြဲအတြင္း က်ဆုံးသြားခဲ့တဲ့ ယူကရိန္းစစ္သား(၉၀၉)ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ျပန္လည္လက္ခံရရွိခဲ့ပါတယ္” လို႔ သတင္းထုတ္ျပန္ထားပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ၿပီးခဲ့တဲ့မတ္လ(၂၈)ရက္က အလားတူလဲလွယ္မႈတစ္ခုကိုျပဳလုပ္ခဲ့ၿပီး ယူကရိန္းဘက္က ႐ုပ္အေလာင္း(၉၀၉)ခုကို လက္ခံရရွိခဲ့ၿပီး ႐ုရွားဘက္က ႐ုပ္အေလာင္း(၄၃)ခုကို လက္ခံရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးအႀကိမ္လုပ္ေဆာင္ခဲ့တဲ့လဲလွယ္မႈနဲ႔ပတ္သက္ၿပီး ႐ုရွားဘက္က မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။