KNDF သိမ်းပိုက်ခဲ့ဖူးသော မိုးဗြဲမြို့ကို နစက က လူထုထံပြန်လည်အပ်နှံနိုင်တော့မည်

227

သန့်ဇင် (NP News)
KNDF ပူးပေါင်းအဖွဲ့တို့ ထိန်းချုပ်ခဲ့သော ကယားပြည်နယ် မိုးဗြဲမြို့ကို တပ်မတော်ကပြန်လည် တိုက်ခိုက်သိမ်းပိုက်ကာ ပြည်သူလူထုထံ ပြန်လည် အပ်နှံပေးနိုင်တော့မည်ဖြစ်ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
မိုးဗြဲမြို့ကို KNDF လက်နက်ကိုင်အဖွဲ့ (၁)နှစ်ကျော်အကြာ ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော် က ပြီးခဲ့သည့်ဧပြီလက စတင်ကာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် ဇူလိုင်လဆန်းပိုင်း တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ မကြာမီအချိန်တွင် ပြည် သူလူထုများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်တော့ မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒေသခံတွေကတော့ ပြန်ဝင်တော့မယ်။ ဒေသခံတွေကိုပဲ မြို့ကိုပြန်အပ်တော့မယ်။ မိုးဗြဲမြို့ မှာ တော့ အခုလည်း တချို့တစ်ဝက်ပြန်ဝင်နေကြ တယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ မိုးဗြဲ မြို့ သည် ပင်လောင်း-မိုးဗြဲ-လွိုင်ကော် လမ်းပေါ်တွင်တည်ရှိပြီး ကယားပြည်နယ်အတွင်း ကုန်စည် စီးဆင်း ရေးအရ အရေးပါသည့် မြို့ဖြစ်သည့်အတွက် တပ်မတော်ပြန်လည်သိမ်းပိုက်ပြီးနောက် လမ်းပန်း ဆက် သွယ်ရေးမှာ များစွာပြန်လည်အဆင်ပြေသွားနိုင်ကြောင်း အထက်ပါဒေသခံက ဆိုသည်။
“အခုလို တပ်မတော်က ပြန်သိမ်းနိုင်တော့ ပင်လောင်း -ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော် လမ်းပြန်ပွင့် သွားတဲ့အတွက် ကုန်ကားကြီးတွေလည်း ပြန်လာကြတော့မှာပါ။ ကုန်စည်စီးဆင်းမှုတွေ ပိုပြီးအဆင် ပြေသွားနိုင်တယ်။ အဲဒီလမ်းမကောင်းတုန်းက အခက်အခဲတွေကိုတော့ ကျော်လွှားနိုင်တာပေါ့”ဟု ၎င်း က ဆက်ပြောသည်။ မိုးဗြဲမြို့ကို တပ်မတော်ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ချိန်အတွင်း KNDF အဖွဲ့၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ လွိုင်ကော် PDF နှင့် အခြား လက်နက်ကိုင်အဖွဲ့များစွာက အတွင်းစည်း၊ အပြင် စည်းဖြင့် ပြန်လည်ခုခံခဲ့သော်လည်း ခံစစ်အများစုတွင် PDF များကိုသာ ထားသောကြောင့် သေဆုံးသူ ရာနှင့်ချီရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“သူတို့က အဖွဲ့ပေါင်း (၁၇)ဖွဲ့နဲ့ မဆုတ်တမ်း ခံစစ်နဲ့ခုခံခဲ့တာ။ ခုခံခဲ့ပေမယ့်လည်း တပ်မတော် ဘက် ဒရုန်းတွေ၊ အဝေးပစ်တွေကိုတော့ မခံနိုင်ခဲ့ဘူး။ မခံနိုင်တော့ နောက်ဆုံး ဆုတ်ပေးလိုက်တယ်ဆို တာ လွယ်လင့်တကူ ဆုတ်ပေးလိုက်ရတာမဟုတ်ဘူး။ ပေးဆပ်မှုများပြီးတော့ ဆုတ်ပေးလိုက်ရတာ။ မဆုတ်ရင်လည်း သေတော့မှာလေ။ တော်တော်များများကျပါတယ်။ အဲဒီမှာ PDF တွေ အများဆုံး ကျ တာ။ ရှေ့တန်းက နေရတာ။ တိုင်းရင်းသားတွေက နောက်ကနေတော့ မခံနိုင်ဘူး။ သေတာက PDF တင် ခန့်မှန်းခြေရာကြီးပိုင်းဂဏန်းလောက်ထိ ကျ တယ်။ ထုတ်ပြန်ရင်လည်း တိုင်းရင်သား အကြီးပိုင်း လောက်ပဲ ကျတယ်လို့ ထုတ်ပြန်ထားတာ”ဟု ၎င်းက ပြောသည်။
KNDF ၊ PDF လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့သည့် ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နှင့် မိုးဗြဲမြို့ကို (၁၁၁၁) စစ်ဆင်ရေး အမည် ဖြင့် (၂၀၂၃) ခုနှစ် နိုဝင်ဘာလက စတင်ကာ တိုက်ပွဲများ ဖော် ဆောင်ခဲ့ခြင်းဖြစ်ပြီး လပိုင်းအကြာတွင် လွိုင်ကော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ကြောင်း သိရသည်။

Zawgyi Version:
KNDF သိမ္းပိုက္ခဲ့ဖူးေသာ မိုးၿဗဲၿမိဳ႕ကို နစက က လူထုထံျပန္လည္အပ္ႏွံႏိုင္ေတာ့မည္
သန႔္ဇင္ (NP News)
KNDF ပူးေပါင္းအဖြဲ႕တို႔ ထိန္းခ်ဳပ္ခဲ့ေသာ ကယားျပည္နယ္ မိုးၿဗဲၿမိဳ႕ကို တပ္မေတာ္ကျပန္လည္ တိုက္ခိုက္သိမ္းပိုက္ကာ ျပည္သူလူထုထံ ျပန္လည္ အပ္ႏွံေပးႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
မိုးၿဗဲၿမိဳ႕ကို KNDF လက္နက္ကိုင္အဖြဲ႕ (၁)ႏွစ္ေက်ာ္အၾကာ ထိန္းခ်ဳပ္ခဲ့ျခင္းျဖစ္ၿပီး တပ္မေတာ္ က ၿပီးခဲ့သည့္ဧၿပီလက စတင္ကာ ျပန္လည္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည့္အတြက္ ဇူလိုင္လဆန္းပိုင္း တြင္ သိမ္းပိုက္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ နယ္ေျမရွင္းလင္းမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိရာ မၾကာမီအခ်ိန္တြင္ ျပည္ သူလူထုမ်ား ျပန္လည္ဝင္ေရာက္ေနထိုင္ႏိုင္ေတာ့ မည္ျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။ “ေဒသခံေတြကေတာ့ ျပန္ဝင္ေတာ့မယ္။ ေဒသခံေတြကိုပဲ ၿမိဳ႕ကိုျပန္အပ္ေတာ့မယ္။ မိုးၿဗဲၿမိဳ႕ မွာ ေတာ့ အခုလည္း တခ်ိဳ႕တစ္ဝက္ျပန္ဝင္ေနၾက တယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။ မိုးၿဗဲ ၿမိဳ႕ သည္ ပင္ေလာင္း-မိုးၿဗဲ-လြိဳင္ေကာ္ လမ္းေပၚတြင္တည္ရွိၿပီး ကယားျပည္နယ္အတြင္း ကုန္စည္ စီးဆင္း ေရးအရ အေရးပါသည့္ ၿမိဳ႕ျဖစ္သည့္အတြက္ တပ္မေတာ္ျပန္လည္သိမ္းပိုက္ၿပီးေနာက္ လမ္းပန္း ဆက္ သြယ္ေရးမွာ မ်ားစြာျပန္လည္အဆင္ေျပသြားႏိုင္ေၾကာင္း အထက္ပါေဒသခံက ဆိုသည္။
“အခုလို တပ္မေတာ္က ျပန္သိမ္းႏိုင္ေတာ့ ပင္ေလာင္း -ဖယ္ခုံ- မိုးၿဗဲ- လြိဳင္ေကာ္ လမ္းျပန္ပြင့္ သြားတဲ့အတြက္ ကုန္ကားႀကီးေတြလည္း ျပန္လာၾကေတာ့မွာပါ။ ကုန္စည္စီးဆင္းမႈေတြ ပိုၿပီးအဆင္ ေျပသြားႏိုင္တယ္။ အဲဒီလမ္းမေကာင္းတုန္းက အခက္အခဲေတြကိုေတာ့ ေက်ာ္လႊားႏိုင္တာေပါ့”ဟု ၎ က ဆက္ေျပာသည္။ မိုးၿဗဲၿမိဳ႕ကို တပ္မေတာ္ျပန္လည္ ထိုးစစ္ဆင္တိုက္ခိုက္ခ်ိန္အတြင္း KNDF အဖြဲ႕၊ မိုးၿဗဲ PDF ၊ ဖယ္ခုံ PDF ၊ လြိဳင္ေကာ္ PDF ႏွင့္ အျခား လက္နက္ကိုင္အဖြဲ႕မ်ားစြာက အတြင္းစည္း၊ အျပင္ စည္းျဖင့္ ျပန္လည္ခုခံခဲ့ေသာ္လည္း ခံစစ္အမ်ားစုတြင္ PDF မ်ားကိုသာ ထားေသာေၾကာင့္ ေသဆုံးသူ ရာႏွင့္ခ်ီရွိခဲ့ေၾကာင္း ေဒသတြင္း စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
“သူတို႔က အဖြဲ႕ေပါင္း (၁၇)ဖြဲ႕နဲ႔ မဆုတ္တမ္း ခံစစ္နဲ႔ခုခံခဲ့တာ။ ခုခံခဲ့ေပမယ့္လည္း တပ္မေတာ္ ဘက္ ဒ႐ုန္းေတြ၊ အေဝးပစ္ေတြကိုေတာ့ မခံႏိုင္ခဲ့ဘူး။ မခံႏိုင္ေတာ့ ေနာက္ဆုံး ဆုတ္ေပးလိုက္တယ္ဆို တာ လြယ္လင့္တကူ ဆုတ္ေပးလိုက္ရတာမဟုတ္ဘူး။ ေပးဆပ္မႈမ်ားၿပီးေတာ့ ဆုတ္ေပးလိုက္ရတာ။ မဆုတ္ရင္လည္း ေသေတာ့မွာေလ။ ေတာ္ေတာ္မ်ားမ်ားက်ပါတယ္။ အဲဒီမွာ PDF ေတြ အမ်ားဆုံး က် တာ။ ေရွ႕တန္းက ေနရတာ။ တိုင္းရင္းသားေတြက ေနာက္ကေနေတာ့ မခံႏိုင္ဘူး။ ေသတာက PDF တင္ ခန႔္မွန္းေျခရာႀကီးပိုင္းဂဏန္းေလာက္ထိ က် တယ္။ ထုတ္ျပန္ရင္လည္း တိုင္းရင္သား အႀကီးပိုင္း ေလာက္ပဲ က်တယ္လို႔ ထုတ္ျပန္ထားတာ”ဟု ၎က ေျပာသည္။
KNDF ၊ PDF လက္နက္ကိုင္ ပူးေပါင္းအဖြဲ႕တို႔သည့္ ကယားျပည္နယ္အတြင္းရွိ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ မိုးၿဗဲၿမိဳ႕ကို (၁၁၁၁) စစ္ဆင္ေရး အမည္ ျဖင့္ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလက စတင္ကာ တိုက္ပြဲမ်ား ေဖာ္ ေဆာင္ခဲ့ျခင္းျဖစ္ၿပီး လပိုင္းအၾကာတြင္ လြိဳင္ေကာ္ၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ ေၾကာင္း သိရသည္။