တိုးဂိတ်တွင် စစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသည့်ယာဉ်နှစ်စီးပေါ်မှ ကျပ်(၈ ဒသမ၅)ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

 1294

စော (NP News) - ဧပြီ ၂၀

လွိုင်လင်တိုးဂိတ်တွင် စစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသည့် ယာဉ်နှစ်စီးပေါ်မှ ငွေကျပ် (၈ ဒသမ ၅) ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ယမန်နေ့ (ဧပြီလ ၁၉ ရက်) တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက် ၊ ညနေ ၆ နာရီအချိန်တွင် လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ လွိုင်လင်တိုးဂိတ်တွင် ကျော်အာကာသိန်း မောင်းနှင်လာသည့် TOYOTA ALPHARD ယာဉ် နှင့် သက်နိုင် မောင်းနှင်လာသည့် TOYOTA ALPHARD ယာဉ်တို့ကို သတင်းအရ စစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ရပ်တန့်ခိုင်းစဉ် ကျော်အာကာသိန်း မောင်းနှင်သည့်ယာဉ်မှာ တောင်ကြီးဘက်သို့ မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ လွိုင်လင်-တောင်ကြီးသွားလမ်းရှိ ချိုခမ်းကျေးရွာအဝင်တွင် ဖမ်းဆီးရမိခဲ့၍ အဆိုပါ ယာဉ်နှစ်စီးပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်(၈ ဒသမ ၅) ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးကက်တမင်း (၁,၀၀၀) ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်၊ နံနက် ၁၁ နာရီအချိန်က ကျိုင်းတုံမြို့၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းရွာအနီးတွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် အဓိကပါဝင်သူများဖြစ်သည့် ရန်အောင်ကျော်(ခ)အိုက်ကျိုင်း နှင့် ထွန်းကိုကို(ခ)အိုက်လုံ တို့အား TOYOTA PRADO မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထပ်မံ၍ စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါ ကက်တမင်းများကို ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှ ရန်ကုန်သို့ သယ်ဆောင်ခြင်းဖြစ်ပြီး ကျူးလွန်သူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အသိပေးထားသည်။

Zawgyi Version:
တိုးဂိတ္တြင္ စစ္ေဆးမခံဘဲ ေမာင္းႏွင္ထြက္ေျပးသည့္ယာဥ္ႏွစ္စီးေပၚမွ က်ပ္(၈ ဒသမ၅)ဘီလ်ံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိ
ေစာ (NP News) - ဧၿပီ ၂၀

လြိဳင္လင္တိုးဂိတ္တြင္ စစ္ေဆးမခံဘဲ ေမာင္းႏွင္ထြက္ေျပးသည့္ ယာဥ္ႏွစ္စီးေပၚမွ ေငြက်ပ္ (၈ ဒသမ ၅) ဘီလ်ံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ယမန္ေန႔ (ဧၿပီလ ၁၉ ရက္) တြင္ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ ဧၿပီလ ၁၃ ရက္ ၊ ညေန ၆ နာရီအခ်ိန္တြင္ လြိဳင္လင္-ေတာင္ႀကီးသြားကားလမ္း၊ လြိဳင္လင္တိုးဂိတ္တြင္ ေက်ာ္အာကာသိန္း ေမာင္းႏွင္လာသည့္ TOYOTA ALPHARD ယာဥ္ ႏွင့္ သက္ႏိုင္ ေမာင္းႏွင္လာသည့္ TOYOTA ALPHARD ယာဥ္တို႔ကို သတင္းအရ စစ္ေဆးရန္ရပ္တန႔္ခိုင္းခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရပ္တန႔္ခိုင္းစဥ္ ေက်ာ္အာကာသိန္း ေမာင္းႏွင္သည့္ယာဥ္မွာ ေတာင္ႀကီးဘက္သို႔ ေမာင္းႏွင္ထြက္ေျပးသျဖင့္ ပိတ္ဆို႔ဖမ္းဆီးခဲ့ရာ လြိဳင္လင္-ေတာင္ႀကီးသြားလမ္းရွိ ခ်ိဳခမ္းေက်း႐ြာအဝင္တြင္ ဖမ္းဆီးရမိခဲ့၍ အဆိုပါ ယာဥ္ႏွစ္စီးေပၚမွ ေဒသကာလတန္ဖိုး ေငြက်ပ္(၈ ဒသမ ၅) ဘီလီယံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးကက္တမင္း (၁,၀၀၀) ကီလိုကို သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ ၿပီးခဲ့သည့္ ဧၿပီလ ၁၄ ရက္၊ နံနက္ ၁၁ နာရီအခ်ိန္က က်ိဳင္းတုံၿမိဳ႕၊ ယန္းေလာေက်း႐ြာအုပ္စု၊ က်ိဳင္းေဖာင္း႐ြာအနီးတြင္ စိတ္ေျပာင္းေဆးဝါးမ်ား သယ္ေဆာင္ရာတြင္ အဓိကပါဝင္သူမ်ားျဖစ္သည့္ ရန္ေအာင္ေက်ာ္(ခ)အိုက္က်ိဳင္း ႏွင့္ ထြန္းကိုကို(ခ)အိုက္လုံ တို႔အား TOYOTA PRADO ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဆက္လက္ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ထပ္မံ၍ စစ္ေဆးေပၚေပါက္ခ်က္အရ အဆိုပါ ကက္တမင္းမ်ားကို ကြန္ဟိန္းၿမိဳ႕နယ္၊ ကာလိၿမိဳ႕မွ ရန္ကုန္သို႔ သယ္ေဆာင္ျခင္းျဖစ္ၿပီး က်ဴးလြန္သူမ်ားကို မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က အသိေပးထားသည္။

Related news

© 2021. All rights reserved.