အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ လူပေါင်း ၆ ဒသမ ၃ သန်း အရေးပေါ်အကူအညီလိုအပ်နေဟု ကုလသမဂ္ဂပြော

 1273

ဂျန်ဇက် (NP News) - ဧပြီ ၂ဝ

မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီး ၃ ပတ်ကျော် ကြာခဲ့ပြီဖြစ်ပြီး လူပေါင်း ၆ ဒသမ ၃ သန်းဟာ အရေးပေါ်အကူအညီနဲ့ အကာအကွယ်တွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ခန့်မှန်းထားပါတယ်။
အထူးသဖြင့် ကလေးတွေနဲ့ အမျိုးသမီးတွေဟာ အပူဒဏ်လွန်ကဲမှု၊ သန့်ရှင်းတဲ့ ရေ အကန့်အသတ်နဲ့သာ ရရှိမှုနဲ့ တခြားအခြေအနေတွေကြောင့် ကျန်းမာရေးအခြေအနေ သိသိသာသာ ဆိုးဝါးလာနိုင်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရ တယ်လို့ UNICEF က ပြောပါတယ်။ အာဟာရချို့တဲ့မှုကို အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ဆက်လက် ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
မတ်လ ၂၈ ရက်မှာ လှုပ်ခဲ့တဲ့ငလျင်ဗဟိုချက်အနီးက စစ်ကိုင်းတိုင်းဒေသကြီးအပြင် မန္တလေးနဲ့ တခြားနေရာ တွေကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေဟာ ငလျင်ဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ဟာ နိုင်ငံတကာအသိုက်အဝန်းဆီကနေ အကူအညီတွေရရှိဖို့ ဆက်လက် တောင်းဆိုနေပါတယ်။ ငလျင်ကြောင့် လူ ၃,၇၀၀ ကျော်သေဆုံးပြီး ၁၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ နစကအစိုးရအဖွဲ့က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်ခဲ့ပြီးနောက် လူအများအပြားဟာ အဆောက်အအုံပြင်ပမှာ နေထိုင်နေကြဆဲဖြစ်သလို အချိန်ကြာမြင့်စွာ တိမ်းရှောင်နေထိုင်နေရတဲ့အနေအထားမှာ ကျန်းမာရေးအခြေအနေ ပိုဆိုးလာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေ မြင့်မားလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Zawgyi Version:
အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံမွာ လူေပါင္း ၆ ဒသမ ၃ သန္း အေရးေပၚအကူအညီ လိုအပ္ ေနဟု ကုလသမဂၢေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂ဝ

ျမန္မာႏိုင္ငံအလယ္ပိုင္းမွာ အင္အားျပင္းငလ်င္ႀကီး လႈပ္ခတ္ၿပီး ၃ ပတ္ေက်ာ္ ၾကာခဲ့ၿပီျဖစ္ၿပီး လူေပါင္း ၆ ဒသမ ၃ သန္းဟာ အေရးေပၚအကူအညီနဲ႔ အကာအကြယ္ေတြ လိုအပ္ေနတယ္လို႔ ကုလသမဂၢကေလးမ်ားရန္ပုံေငြအဖြဲ႕ (UNICEF) က ခန႔္မွန္းထားပါတယ္။
အထူးသျဖင့္ ကေလးေတြနဲ႔ အမ်ိဳးသမီးေတြဟာ အပူဒဏ္လြန္ကဲမႈ၊ သန႔္ရွင္းတဲ့ ေရ အကန႔္အသတ္နဲ႔သာ ရရွိမႈနဲ႔ တျခားအေျခအေနေတြေၾကာင့္ က်န္းမာေရးအေျခအေန သိသိသာသာ ဆိုးဝါးလာႏိုင္တဲ့အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရ တယ္လို႔ UNICEF က ေျပာပါတယ္။ အာဟာရခ်ိဳ႕တဲ့မႈကို အထူးသျဖင့္ အသက္ ၅ ႏွစ္ေအာက္ ကေလးေတြ၊ ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ေတြ ဆက္လက္ ရင္ဆိုင္ေနရတယ္လို႔ ကုလသမဂၢကေလးမ်ားရန္ပုံေငြအဖြဲ႕က ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။
မတ္လ ၂၈ ရက္မွာ လႈပ္ခဲ့တဲ့ငလ်င္ဗဟိုခ်က္အနီးက စစ္ကိုင္းတိုင္းေဒသႀကီးအျပင္ မႏၲေလးနဲ႔ တျခားေနရာ ေတြကို ျပင္းျပင္းထန္ထန္ ထိခိုက္ပ်က္စီးေစခဲ့ပါတယ္။ ကုလသမဂၢေအဂ်င္စီေတြနဲ႔ ေစတနာ့ဝန္ထမ္းအဖြဲ႕ေတြဟာ ငလ်င္ေဘးသင့္ေဒသေတြမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္။
ကုလသမဂၢကေလးမ်ားရန္ပုံေငြအဖြဲ႕ ဟာ ႏိုင္ငံတကာအသိုက္အဝန္းဆီကေန အကူအညီေတြရရွိဖို႔ ဆက္လက္ ေတာင္းဆိုေနပါတယ္။ ငလ်င္ေၾကာင့္ လူ ၃,၇၀၀ ေက်ာ္ေသဆုံးၿပီး ၁၂၀ ေက်ာ္ ေပ်ာက္ဆုံးေနတယ္လို႔ နစကအစိုးရအဖြဲ႕က ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာ အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ေနာက္ဆက္တြဲ ငလ်င္ငယ္ေတြ လႈပ္ခတ္ခဲ့ၿပီးေနာက္ လူအမ်ားအျပားဟာ အေဆာက္အအုံျပင္ပမွာ ေနထိုင္ေနၾကဆဲျဖစ္သလို အခ်ိန္ၾကာျမင့္စြာ တိမ္းေရွာင္ေနထိုင္ေနရတဲ့အေနအထားမွာ က်န္းမာေရးအေျခအေန ပိုဆိုးလာႏိုင္တဲ့အေပၚ စိုးရိမ္မႈေတြ ျမင့္မားလာဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.