သြစတြေးလျကမ်းရိုးတန်းမှာ လှိုင်းကြီးလို့ ရေနစ်သေဆုံးသူ ခြောက်ဦးရှိ

178

ရောင်နီ (NP News) - ဧပြီ ၂၁
ဩစတြေးလျနိုင်ငံ၊ အရှေ့ဘက်ကမ်းရိုးတန်းမှာ လှိုင်းကြီးပြီး လှိုင်းလုံးကြီးတွေ ရိုက်ခတ်မှုကြောင့် ဆစ်ဒနီမြို့အနီး ဧပြီ ၂၀ ရက်က ငါးဖမ်းနေသူတစ်ဦး သေဆုံးခဲ့ကာ လှိုင်းကြောင့် သေဆုံးသူ ၆ ဦးထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ဝက်တာမိုလာ ကမ်းခြေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၂ ဦး ရေထဲပြုတ်ကျခဲ့ကာ ၁ ဦးဟာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ရေလွှာလျှောစီးသူတွေဖြစ်ပြီး ကျောက်တုံးတွေ ရေထဲပစ်ကာ ငါးဖမ်းနေခဲ့ကြ တာဖြစ်ပါတယ်။ အသက်ရှင် ကျန်ရစ်သူဟာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး ဆေးရုံတက်နေရ ကာ လက်ရှိအခြေအနေတည်ငြိမ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့ ၂ ဦးဟာ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။
Surf Life Saving Australia (SLSA) က ပြောကြားချက်အရ နယူးဆောက်ဝေးလ်နဲ့ ဗစ်တိုးရီးယား ကမ်းရိုးတန်း တစ်လျှောက် ရေလွှာလျှောစီးမှု အဆမတန် များပြားနေခြင်းဟာ ဒအန္တရာယ်ရှိတဲ့အခြေအနေတွေကို ဖန်တီးနိုင် တယ်လို့ ကြာသပတေးနေ့(ဧပြီ ၁၇ ရက်) က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ နယူးဆောက်ဝေးလ်ပြည်နယ် မှာလည်း သောကြာနေ့(ဧပြီ ၁၈ ရက်) က လူသုံးဦး ရေနစ်ခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ စနေနေ့(ဧပြီ ၁၉ ရက်) ကလည်း ၃.၅ မီတာအထိ မြင့်တက်လာတဲ့ လှိုင်းတွေကြောင့် ငါးဖမ်းနေသူတစ်ဦး နယူးဆောက်ဝေးလ် တောင်ပိုင်းရှိ ကျောက်ဆောင်တွေထဲမှာ မျောပါသေဆုံးသွားခဲ့ပါတယ်။
ဩစတြေးလျကမ်းခြေတွေမှာ ၁၀ နှစ်တာ အတွင်း လူပေါင်း ၆၃၀ ထိ သေဆုံးခဲ့ပြီဖြစ်တယ်လို့ SLSA က ထုတ်ပြန်တဲ့ဒေတာတွေအရ သိရပါတယ်။

Zawgyi Version:
ၾသစေၾတးလ်ကမ္း႐ိုးတန္းမွာ လႈိင္းႀကီးလို႔ ေရနစ္ေသဆုံးသူ ေျခာက္ဦးရွိ
ေရာင္နီ (NP News) - ဧၿပီ ၂၁
ဩစေၾတးလ်ႏိုင္ငံ၊ အေရွ႕ဘက္ကမ္း႐ိုးတန္းမွာ လႈိင္းႀကီးၿပီး လႈိင္းလုံးႀကီးေတြ ႐ိုက္ခတ္မႈေၾကာင့္ ဆစ္ဒနီၿမိဳ႕အနီး ဧၿပီ ၂၀ ရက္က ငါးဖမ္းေနသူတစ္ဦး ေသဆုံးခဲ့ကာ လႈိင္းေၾကာင့္ ေသဆုံးသူ ၆ ဦးထိ ရွိလာၿပီျဖစ္တယ္လို႔ သိရပါတယ္။
ဝက္တာမိုလာ ကမ္းေျခမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး လူ ၂ ဦး ေရထဲျပဳတ္က်ခဲ့ကာ ၁ ဦးဟာ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးလုံးဟာ ေရလႊာေလွ်ာစီးသူေတြျဖစ္ၿပီး ေက်ာက္တုံးေတြ ေရထဲပစ္ကာ ငါးဖမ္းေနခဲ့ၾက တာျဖစ္ပါတယ္။ အသက္ရွင္ က်န္ရစ္သူဟာ အသက္ ၁၄ ႏွစ္အ႐ြယ္ ေယာက္်ားေလးျဖစ္ၿပီး ေဆး႐ုံတက္ေနရ ကာ လက္ရွိအေျခအေနတည္ၿငိမ္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ ၎တို႔ ၂ ဦးဟာ ဆစ္ဒနီနဲ႔ မဲလ္ဘုန္းၿမိဳ႕မွာ ေနထိုင္ၾကသူေတြျဖစ္ပါတယ္။
Surf Life Saving Australia (SLSA) က ေျပာၾကားခ်က္အရ နယူးေဆာက္ေဝးလ္နဲ႔ ဗစ္တိုးရီးယား ကမ္း႐ိုးတန္း တစ္ေလွ်ာက္ ေရလႊာေလွ်ာစီးမႈ အဆမတန္ မ်ားျပားေနျခင္းဟာ ဒအႏၲရာယ္ရွိတဲ့အေျခအေနေတြကို ဖန္တီးႏိုင္ တယ္လို႔ ၾကာသပေတးေန႔(ဧၿပီ ၁၇ ရက္) က သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ နယူးေဆာက္ေဝးလ္ျပည္နယ္ မွာလည္း ေသာၾကာေန႔(ဧၿပီ ၁၈ ရက္) က လူသုံးဦး ေရနစ္ခဲ့ၿပီး အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ပါတယ္။ စေနေန႔(ဧၿပီ ၁၉ ရက္) ကလည္း ၃.၅ မီတာအထိ ျမင့္တက္လာတဲ့ လႈိင္းေတြေၾကာင့္ ငါးဖမ္းေနသူတစ္ဦး နယူးေဆာက္ေဝးလ္ ေတာင္ပိုင္းရွိ ေက်ာက္ေဆာင္ေတြထဲမွာ ေမ်ာပါေသဆုံးသြားခဲ့ပါတယ္။
ဩစေၾတးလ်ကမ္းေျခေတြမွာ ၁၀ ႏွစ္တာ အတြင္း လူေပါင္း ၆၃၀ ထိ ေသဆုံးခဲ့ၿပီျဖစ္တယ္လို႔ SLSA က ထုတ္ျပန္တဲ့ေဒတာေတြအရ သိရပါတယ္။