ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ

1032

စော(NP News)- ဧပြီ ၂၂
မတ်လ ၂၈ ရက်က အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတက္ကသိုလ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့်နေပြည်တော်တို့မှ စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် ဇွန်လ ၁၆ရက်မှ ၂၁ရက်နေ့၊ နံနက် (၉)နာရီမှ (၁၂)နာရီအထိ ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံးဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက(ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂)ရွှေဘို၊ အထက(၁)ရေဦး၊ အထက(ဗန်းမောက်)၊ အထက(ဝန်းသို)၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်)နှင့်အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများသည် ပြန်လည်ဖြေဆိုရန် မလိုကြောင်း ထုတ်ပြန်ထားသည်။
ယခုနှစ်၊ မတ်လက ကျင်းပခဲ့သော စစ်ဆေးစာစစ်ဌာနများအနက် စစ်ကိုင်းတိုင်းဒေသကြီးရှိ စာစစ်ဌာန နှစ်ခု၊ မန္တလေးတိုင်းဒေသကြီးရှိ စာစစ်ဌာန (၁၉)ခုနှင့် နေပြည်တော်ရှိ စာစစ်ဌာန (၁၀)ခုများသည် ဖော်ပြထားသော စာစစ်ဌာနများတွင် ပြောင်းလဲဖြေဆိုရမည်ဖြစ်ပြီး မဖော်ပြသည့် ကျန်စာစစ်ဌာနများမှာ မူလစာစစ်ဌာနများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ယခုပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ဇွန် ၁ရက်နေ့မှ ၁၅ရက်နေ့အတွင်းတိုက်ရိုက်ထုတ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
(၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်း စာစစ်ဌာနပေါင်း (၈၁၇) ခုဖွင့်လှစ်ကာ မတ်လ(၁၇)ရက်မှ (၂၂)ရက် အထိစစ်ဆေးခဲ့ရာတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသူ ကျောင်းသူ၊ ကျောင်းသား (၂)သိန်းကျော် လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ သို့သော် PDF များ အပါအဝင် လက်နက်ကိုင်များကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲကြုံခဲ့ရသည့် ဒေသများလည်းရှိခဲ့ပြီး လုံးဝမဖြေလိုက်ရသူများလည်းရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိနေသည့် (၂၀၂၄-၂၀၂၅) တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀၉၄၀)အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁)ဦး၏ အဖြေလွှာအုပ် ရေ (၄၃၈၂၇) အုပ်၊ ကချင်ပြည်နယ်မှဖြေဆိုသူဦးရေ (၈၆၉၉)ဦး၏ အဖြေလွှာအုပ်ရေ (၅၂၁၈၉)အုပ်တို့ သည် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့ရသော Grade-12အဖြေလွှာများအား အအောင်ပေးသင့်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ယမန်နေ့(ဧပြီလ ၂၁ရက်)တွင် အကြံပြုချက်ထုတ်ပြန်ထားသည့်အပြင် စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ကလည်း လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာက တဆင့်ပြန်လည်ဖြေဆိုခိုင်းမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသေးသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ မီးေလာင္ပ်က္စီးခဲ့ေသာ အေျဖလႊာမ်ားႏွင့္ပတ္သက္၍ စာေမးပြဲျပန္စစ္မည့္ရက္ကို ေၾကညာ
ေစာ(NP News)- ဧၿပီ ၂၂
မတ္လ ၂၈ ရက္က အင္အားျပင္း မႏၲေလးငလ်င္ႀကီးလႈပ္ခတ္ခဲ့မႈေၾကာင့္ မႏၲေလးတကၠသိုလ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး ႏွင့္ေနျပည္ေတာ္တို႔မွ စာေမးပြဲအေျဖလႊာမ်ား ပ်က္စီးဆုံးရႈံးခဲ့သျဖင့္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ျပန္လည္က်င္းပမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေဒသမ်ားအတြက္ တကၠသိုလ္ဝင္စာေမးပြဲကို လာမည့္ ဇြန္လ ၁၆ရက္မွ ၂၁ရက္ေန႔၊ နံနက္ (၉)နာရီမွ (၁၂)နာရီအထိ ျပန္လည္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၿပီးခဲ့သည့္ မတ္လအတြင္းက စစ္ေဆးခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ဘာသာရပ္အားလုံးေျဖဆိုခဲ့သူမ်ားကိုသာ ျပန္လည္ေျဖဆိုခြင့္ျပဳမည္ျဖစ္ၿပီး ေျဖဆိုခြင့္ရရွိသူမ်ားစာရင္းကို သက္ဆိုင္ရာတိုင္းႏွင့္ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ပညာေရးမႉး႐ုံးမ်ားႏွင့္ စာစစ္ဌာနမ်ားတြင္ ေၾကညာေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ အထက(မင္းကင္း)၊ အထက(ပန္ဆက္)၊ အထက(၁)တမူး၊ အထက(၂)ေ႐ႊဘို၊ အထက(၁)ေရဦး၊ အထက(ဗန္းေမာက္)၊ အထက(ဝန္းသို)၊ အထက(ေမာ္လိုက္)၊ အထက(ကင္းတပ္)ႏွင့္အထက(အရာေတာ္) စာစစ္ဌာနမ်ားတြင္ ေျဖဆိုခဲ့သူမ်ားသည္ ျပန္လည္ေျဖဆိုရန္ မလိုေၾကာင္း ထုတ္ျပန္ထားသည္။
ယခုႏွစ္၊ မတ္လက က်င္းပခဲ့ေသာ စစ္ေဆးစာစစ္ဌာနမ်ားအနက္ စစ္ကိုင္းတိုင္းေဒသႀကီးရွိ စာစစ္ဌာန ႏွစ္ခု၊ မႏၲေလးတိုင္းေဒသႀကီးရွိ စာစစ္ဌာန (၁၉)ခုႏွင့္ ေနျပည္ေတာ္ရွိ စာစစ္ဌာန (၁၀)ခုမ်ားသည္ ေဖာ္ျပထားေသာ စာစစ္ဌာနမ်ားတြင္ ေျပာင္းလဲေျဖဆိုရမည္ျဖစ္ၿပီး မေဖာ္ျပသည့္ က်န္စာစစ္ဌာနမ်ားမွာ မူလစာစစ္ဌာနမ်ားတြင္ ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။
ယခုျပန္လည္က်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲအတြက္ ေျဖဆိုခြင့္ကတ္ျပားမ်ားကို မိမိတို႔ေျဖဆိုရမည့္ စာစစ္ဌာနမ်ားတြင္ သက္ဆိုင္ရာ တကၠသိုလ္ဝင္စာေမးပြဲႀကီးၾကပ္ေရးမႉးမ်ားထံမွ ဇြန္ ၁ရက္ေန႔မွ ၁၅ရက္ေန႔အတြင္းတိုက္႐ိုက္ထုတ္ယူရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
(၂၀၂၄-၂၀၂၅) ပညာသင္ႏွစ္ တကၠသိုလ္ ဝင္စာေမးပြဲကို ႏိုင္ငံတစ္ဝန္း စာစစ္ဌာနေပါင္း (၈၁၇) ခုဖြင့္လွစ္ကာ မတ္လ(၁၇)ရက္မွ (၂၂)ရက္ အထိစစ္ေဆးခဲ့ရာတြင္ စာေမးပြဲေျဖဆိုရန္ စာရင္းေပးသူ ေက်ာင္းသူ၊ ေက်ာင္းသား (၂)သိန္းေက်ာ္ လာေရာက္ေျဖဆိုခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ PDF မ်ား အပါအဝင္ လက္နက္ကိုင္မ်ားေၾကာင့္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုရန္ အခက္အခဲႀကဳံခဲ့ရသည့္ ေဒသမ်ားလည္းရွိခဲ့ၿပီး လုံးဝမေျဖလိုက္ရသူမ်ားလည္းရွိခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈေၾကာင့္ မႏၲေလးတကၠသိုလ္ ပင္မေဆာင္သို႔ ေရာက္ရွိေနသည့္ (၂၀၂၄-၂၀၂၅) တကၠသိုလ္ဝင္စာေမးပြဲအေျဖလႊာမ်ားျဖစ္သည့္ မႏၲေလးတိုင္းေဒသႀကီးမွ ေျဖဆိုသူဦးေရ (၄၆၉၄၄) ဦး၏ အေျဖလႊာအုပ္ေရ (၂၈၀၉၄၀)အုပ္၊ စစ္ကိုင္းတိုင္းေဒသႀကီးမွ ေျဖဆိုသူဦးေရ (၇၃၁၁)ဦး၏ အေျဖလႊာအုပ္ ေရ (၄၃၈၂၇) အုပ္၊ ကခ်င္ျပည္နယ္မွေျဖဆိုသူဦးေရ (၈၆၉၉)ဦး၏ အေျဖလႊာအုပ္ေရ (၅၂၁၈၉)အုပ္တို႔ သည္ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
ငလ်င္ေၾကာင့္ မီးေလာင္ပ်က္စီးခဲ့ရေသာ Grade-12အေျဖလႊာမ်ားအား အေအာင္ေပးသင့္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)က ယမန္ေန႔(ဧၿပီလ ၂၁ရက္)တြင္ အႀကံျပဳခ်က္ထုတ္ျပန္ထားသည့္အျပင္ စေတာ့ဟုမ္းၿငိမ္းခ်မ္းေရးဆုရွင္ IBEC ဆရာေတာ္ ကလည္း လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာက တဆင့္ျပန္လည္ေျဖဆိုခိုင္းမႈကို ကန႔္ကြက္ေၾကာင္း ထုတ္ျပန္ထားေသးသည္။