ကမ္ဘာ့ ပထမဆုံး သိုရီယမ်နျူကလီးယားဓာတ်ပေါင်းဖိုကို တရုတ်နိုင်ငံတွင် အောင်မြင်စွာ လည်ပတ်နိုင်ခဲ့

 619

Htay Oung (NP News) - ဧပြီ ၂၅

တရုတ်နိုင်ငံသိပ္ပံပညာရှင်များဟာ သိုရီယမ်အရည်ကို အခြေခံတဲ့ နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်နေစဉ် လောင်စာအသစ်ကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ သန့်ရှင်းတဲ့ စွမ်းအင်နည်းပညာမှာ မှတ်တိုင်တစ်ခုဖြစ်လာပါတယ်။ ယူရေနီယမ်ထက် ပိုမိုဘေးကင်းပြီး ပမာဏပိုမိုကြွယ်ဝစွာတွေ့ရှိရတဲ့ သိုရီယမ်ကို အသုံးပြုရေး နိုင်ငံတကာယှဉ်ပြိုင်ပွဲမှာ တရုတ်နိုင်ငံကို ရှေ့တန်းသို့တွန်းပို့လိုက်ခြင်းပဲဖြစ်တယ်လို့ “ဆောက်သ်ချိုင်းနားမောနင်းပို့စ်” က ဧပြီလ ၁၇ ရက်မှာ ရေးသားပါတယ်။

သိုရီယမ်ဒြပ်စင်ဟာ ငွေရောင် သတ္တုတစ်မျိုးဖြစ်ပြီး အတန်အသင့် ပျော့ပြောင်းပါတယ်။ အရွယ်အစားချင်းတူရင် ခဲသတ္တုထက် ပိုမိုလေးလံပြီး လေနဲ့ထိတွေ့တဲ့အခါ သံလွင်ရောင် ပြောင်းလဲသွားတတ်ပါတယ်။ ၁၈၂၈-ခုနှစ် ဆွီဒင်ဓါတုသိပ္ပံပညာရှင်တစ်ဦးက သိုရီယမ်ကို တွေ့ရှိခဲ့ပါတယ်။ နော့ဒစ်တို့ရဲ့ "မိုးကြိုးနဲ့စစ်နတ် ဘုရား" Thor "သောရ်" ကို အစွဲပြုပြီး "သိုရီယမ်" လို့ အမည်ပေးခဲ့ပါတယ်။ Thor ဆိုတဲ့ အမည်ကိုတော့ ယနေ့ ခေတ် “မာဘယ်လ်စီးရီး” သိပ္ပံဆန်းကြယ် ဇာတ်လမ်းတွဲများကြောင့် လူသိများပါလိမ့်မယ်။ သိုရီယမ်ဟာ ရေဒီယိုသတ္တိကြွသတ္တုဖြစ်သော်လည်း ယူရေနီယံထက်စာလျှင် အလွန်နည်းပါးပါတယ်။ ခြောက် သွေ့တဲ့ လေထုမဲ့ပတ်ဝန်းကျင် (ဥပမာ - အာဂွန် ဓာတ်ငွေ့) မှာ စိတ်ချလုံခြုံစွာ သိမ်းဆည်းထားနိုင်ပါတယ်။ သိုရီယမ်ကို အသုံးပြုရန် ပြင်ဆင်မှု အထူးတလည် မလိုအပ်ပဲ Th-232 အဖြစ် တည်ငြိမ်စွာထားရှိနိုင်ပါတယ်။

ယူရေနီယမ်နဲ့ မတူဘဲ သိုရီယမ်ဟာ သဘာဝအတိုင်း နျူလီယာကွင်းဆက် တုံ့ပြန်မှု (chain reaction) ဖြစ် ပေါ်စေခြင်း မရှိတဲ့အတွက် မတော်တဆမီးလောင်/ပေါက်ကွဲ/ရေဒီယို ဓါတ်ရောင်ခြည်သင့်မှု အန္တရာယ် မရှိသလောက်နည်းပါးပါတယ်။ အပူချိန် အလွန်မြင့်မားတဲ့အခါ မီးမလောင်ပဲ ဓါတ်တိုးမှုသာ ဖြစ်စေတဲ့အတွက် လက်ရှိ နျူကလီယာဓါတ်ပေါင်း ဖိုများကဲ့သို့ အရည်ပျော်ကျခြင်း မဖြစ်နိုင်ပါဘူး။ ယနေ့ခေတ် နျူကလီယာနည်းပညာသုံး ယူရေနီယံဟာ သိုယီယမ်ထက် ပိုမိုရှားပါးပြီး အဏုမြူလောင်စာ အဖြစ်အသုံးပြုနိုင်တဲ့ အိုင်ဆိုတုပ် U-235 ဖြစ်လာဖို့ ချဲ့ထွင်ပြုပြင်ပေးရပါတယ်။ သိုရီယမ်ကို နျုကလီယာ ပစ္စည်းအဖြစ် အသုံးပြုခဲ့ရင် ထွက်ပေါ်လာတဲ့ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်း ပမာဏဟာ ယူရေနီယမ်နဲ့ ယှဉ်လျှင် အလွန်နည်းပါတယ်။ သက်တမ်းအားဖြင့်လည်း တိုတောင်းပြီး နှစ် ၅၀၀ အတွင်း သူ့ဖာသာ ၉၀% လျောနည်းသွားပါတယ်။

သဘာဝအလျောက် သိုရီယမ်ကို ယူရေနီယမ်ထက် ၃-၄ ဆ ပိုမိုပြီး ပေါများစွာတွေ့ရှိရပါတယ်။ အိန္ဒိယ၊ သြစ တြေးလျ၊ ဘရာဇီးနဲ့ အမေရိကန်တို့မှာ အဓိက တွေ့ရှိရပြီး အပူချိန်အလွန်မြင့်မားစွာ ပေးရတဲ့ မီးစာဖူးလို ပစ္စည်းများမှာ အသုံးပြုနေကြပါတယ်။ အောင်မြင်မှုကို ဧပြီလ ၈ ရက် တရုတ်သိပ္ပံအကယ်ဒမီမှာ ကျင်းပခဲ့တဲ့ တံခါးပိတ်အစည်း အဝေးတစ်ခုမှာ အဲ့ဒီ ပရောဂျက်ရဲ့ ဦးဆောင်သိပ္ပံပညာရှင် ရှူဟုန်ကျီးက ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနောက်ပိုင်း ဂိုဘီကန္တာ ရမှာ တည်ရှိတဲ့ အဲ့ဒီ စမ်းသပ်ဓာတ်ပေါင်းဖိုဟာ ရေဒီယိုသတ္တိကြွဒြပ်စင် သိုရီယမ်ကို လောင်စာအဖြစ် အသုံး ပြုထားကြောင်း၊ “အရည်ပျော်ဆား“ ကို လောင်စာသယ်ဆောင်တဲ့ ပစ္စည်းအဖြစ်၎င်း၊ အအေးခံပစ္စည်းအဖြစ်၎င်း အသုံးပြုပြီး အပူစွမ်းအင် ၂-မီဂွါဝပ်ကို တည်ငြိမ်စွာ ထုတ်လုပ်နိုင်တယ်လို့ သတင်းများက ဖော်ပြပါတယ်။ အဲဒီ နည်းပညာဟာ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို ရှောင်ရှားလိုတဲ့ နောက်မျိုးဆက်အတွက် စွမ်းအင်တော်လှန်ရေးအဖြစ် ကျွမ်းကျင်သူအချို့က ရှု့မြင်ကြပြီး သီအိုရီအရ မွန်ဂို လီးယားအတွင်းပိုင်း သိုရီယမ်ကြွယ်ဝတဲ့ သတ္တုတွင်းတစ်ခုတည်းဖြင့်ပင် တရုတ်နိုင်ငံ၏ စွမ်း အင်လိုအပ်ချက်ကို နှစ်ပေါင်း ထောင်ချီ၍ ဖြည့်ဆည်းနိုင်မှာဖြစ်ကြောင်း၊ ရေဒီယိုသတ္တိကြွမှု နည်းပါးတဲ့ စွန့်ပစ်ပစ္စည်းများသာ ထွက်ရှိတဲ့အတွက် ကိုင်တွယ်ထိန်းသိမ်းရန် အလွန်လွယ်ကူကြောင်း သိရှိရပါတယ်။

ယခုအခါ တရုတ်နိုင်ငံဟာ "ကမ္ဘာ့အဆင့်မီ နည်းပညာများကို ဦးဆောင်နေပြီ" လို့ ဧပြီ ၈ ရက်အစည်း အဝေးမှာ ရှူဟုန်ကျီးက ပြောကြားခဲ့ကြောင်း ကွမ်မင်း နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။

zawgyi version
ကမာၻ႔ ပထမဆုံး သိုရီယမ္န်ဴကလီးယားဓာတ္ေပါင္းဖိုကို တ႐ုတ္ႏိုင္ငံတြင္ ေအာင္ျမင္စြာ လည္ပတ္ႏိုင္ခဲ့
Htay Oung (NP News) - ဧၿပီ ၂၅

တ႐ုတ္ႏိုင္ငံသိပၸံပညာရွင္မ်ားဟာ သိုရီယမ္အရည္ကို အေျခခံတဲ့ န်ဴကလီးယားဓာတ္ေပါင္းဖို လည္ပတ္ေနစဥ္ ေလာင္စာအသစ္ကို ေအာင္ျမင္စြာ ထည့္သြင္းႏိုင္ခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာမ်ားက ေဖာ္ျပခဲ့ပါတယ္။ ဒီျဖစ္ရပ္ဟာ သန႔္ရွင္းတဲ့ စြမ္းအင္နည္းပညာမွာ မွတ္တိုင္တစ္ခုျဖစ္လာပါတယ္။ ယူေရနီယမ္ထက္ ပိုမိုေဘးကင္းၿပီး ပမာဏပိုမိုႂကြယ္ဝစြာေတြ႕ရွိရတဲ့ သိုရီယမ္ကို အသုံးျပဳေရး ႏိုင္ငံတကာယွဥ္ၿပိဳင္ပြဲမွာ တ႐ုတ္ႏိုင္ငံကို ေရွ႕တန္းသို႔တြန္းပို႔လိုက္ျခင္းပဲျဖစ္တယ္လို႔ “ေဆာက္သ္ခ်ိဳင္းနားေမာနင္းပို႔စ္” က ဧၿပီလ ၁၇ ရက္မွာ ေရးသားပါတယ္။

သိုရီယမ္ျဒပ္စင္ဟာ ေငြေရာင္ သတၱဳတစ္မ်ိဳးျဖစ္ၿပီး အတန္အသင့္ ေပ်ာ့ေျပာင္းပါတယ္။ အ႐ြယ္အစားခ်င္းတူရင္ ခဲသတၱဳထက္ ပိုမိုေလးလံၿပီး ေလနဲ႔ထိေတြ႕တဲ့အခါ သံလြင္ေရာင္ ေျပာင္းလဲသြားတတ္ပါတယ္။ ၁၈၂၈-ခုႏွစ္ ဆြီဒင္ဓါတုသိပၸံပညာရွင္တစ္ဦးက သိုရီယမ္ကို ေတြ႕ရွိခဲ့ပါတယ္။ ေနာ့ဒစ္တို႔ရဲ႕ "မိုးႀကိဳးနဲ႔စစ္နတ္ ဘုရား" Thor "ေသာရ္" ကို အစြဲျပဳၿပီး "သိုရီယမ္" လို႔ အမည္ေပးခဲ့ပါတယ္။ Thor ဆိုတဲ့ အမည္ကိုေတာ့ ယေန႔ ေခတ္ “မာဘယ္လ္စီးရီး” သိပၸံဆန္းၾကယ္ ဇာတ္လမ္းတြဲမ်ားေၾကာင့္ လူသိမ်ားပါလိမ့္မယ္။ သိုရီယမ္ဟာ ေရဒီယိုသတၱိႂကြသတၱဳျဖစ္ေသာ္လည္း ယူေရနီယံထက္စာလွ်င္ အလြန္နည္းပါးပါတယ္။ ေျခာက္ ေသြ႕တဲ့ ေလထုမဲ့ပတ္ဝန္းက်င္ (ဥပမာ - အာဂြန္ ဓာတ္ေငြ႕) မွာ စိတ္ခ်လုံၿခဳံစြာ သိမ္းဆည္းထားႏိုင္ပါတယ္။ သိုရီယမ္ကို အသုံးျပဳရန္ ျပင္ဆင္မႈ အထူးတလည္ မလိုအပ္ပဲ Th-232 အျဖစ္ တည္ၿငိမ္စြာထားရွိႏိုင္ပါတယ္။

ယူေရနီယမ္နဲ႔ မတူဘဲ သိုရီယမ္ဟာ သဘာဝအတိုင္း န်ဴလီယာကြင္းဆက္ တုံ႔ျပန္မႈ (chain reaction) ျဖစ္ ေပၚေစျခင္း မရွိတဲ့အတြက္ မေတာ္တဆမီးေလာင္/ေပါက္ကြဲ/ေရဒီယို ဓါတ္ေရာင္ျခည္သင့္မႈ အႏၲရာယ္ မရွိသေလာက္နည္းပါးပါတယ္။ အပူခ်ိန္ အလြန္ျမင့္မားတဲ့အခါ မီးမေလာင္ပဲ ဓါတ္တိုးမႈသာ ျဖစ္ေစတဲ့အတြက္ လက္ရွိ န်ဴကလီယာဓါတ္ေပါင္း ဖိုမ်ားကဲ့သို႔ အရည္ေပ်ာ္က်ျခင္း မျဖစ္ႏိုင္ပါဘူး။ ယေန႔ေခတ္ န်ဴကလီယာနည္းပညာသုံး ယူေရနီယံဟာ သိုယီယမ္ထက္ ပိုမိုရွားပါးၿပီး အဏုျမဴေလာင္စာ အျဖစ္အသုံးျပဳႏိုင္တဲ့ အိုင္ဆိုတုပ္ U-235 ျဖစ္လာဖို႔ ခ်ဲ႕ထြင္ျပဳျပင္ေပးရပါတယ္။ သိုရီယမ္ကို န်ဳကလီယာ ပစၥည္းအျဖစ္ အသုံးျပဳခဲ့ရင္ ထြက္ေပၚလာတဲ့ ေရဒီယိုသတၱိႂကြစြန႔္ပစ္ပစၥည္း ပမာဏဟာ ယူေရနီယမ္နဲ႔ ယွဥ္လွ်င္ အလြန္နည္းပါတယ္။ သက္တမ္းအားျဖင့္လည္း တိုေတာင္းၿပီး ႏွစ္ ၅၀၀ အတြင္း သူ႔ဖာသာ ၉၀% ေလ်ာနည္းသြားပါတယ္။

သဘာဝအေလ်ာက္ သိုရီယမ္ကို ယူေရနီယမ္ထက္ ၃-၄ ဆ ပိုမိုၿပီး ေပါမ်ားစြာေတြ႕ရွိရပါတယ္။ အိႏၵိယ၊ ၾသစ ေၾတးလ်၊ ဘရာဇီးနဲ႔ အေမရိကန္တို႔မွာ အဓိက ေတြ႕ရွိရၿပီး အပူခ်ိန္အလြန္ျမင့္မားစြာ ေပးရတဲ့ မီးစာဖူးလို ပစၥည္းမ်ားမွာ အသုံးျပဳေနၾကပါတယ္။ ေအာင္ျမင္မႈကို ဧၿပီလ ၈ ရက္ တ႐ုတ္သိပၸံအကယ္ဒမီမွာ က်င္းပခဲ့တဲ့ တံခါးပိတ္အစည္း အေဝးတစ္ခုမွာ အဲ့ဒီ ပေရာဂ်က္ရဲ႕ ဦးေဆာင္သိပၸံပညာရွင္ ရႉဟုန္က်ီးက ေၾကညာခဲ့ေၾကာင္း၊ တ႐ုတ္ႏိုင္ငံအေနာက္ပိုင္း ဂိုဘီကႏၲာ ရမွာ တည္ရွိတဲ့ အဲ့ဒီ စမ္းသပ္ဓာတ္ေပါင္းဖိုဟာ ေရဒီယိုသတၱိႂကြျဒပ္စင္ သိုရီယမ္ကို ေလာင္စာအျဖစ္ အသုံး ျပဳထားေၾကာင္း၊ “အရည္ေပ်ာ္ဆား“ ကို ေလာင္စာသယ္ေဆာင္တဲ့ ပစၥည္းအျဖစ္၎၊ အေအးခံပစၥည္းအျဖစ္၎ အသုံးျပဳၿပီး အပူစြမ္းအင္ ၂-မီဂြါဝပ္ကို တည္ၿငိမ္စြာ ထုတ္လုပ္ႏိုင္တယ္လို႔ သတင္းမ်ားက ေဖာ္ျပပါတယ္။ အဲဒီ နည္းပညာဟာ ဖန္လုံအိမ္ဓါတ္ေငြ႕ထုတ္လႊတ္မႈေၾကာင့္ ကမာၻႀကီးပူေႏြးလာမႈကို ေရွာင္ရွားလိုတဲ့ ေနာက္မ်ိဳးဆက္အတြက္ စြမ္းအင္ေတာ္လွန္ေရးအျဖစ္ ကြၽမ္းက်င္သူအခ်ိဳ႕က ရႈ႕ျမင္ၾကၿပီး သီအိုရီအရ မြန္ဂို လီးယားအတြင္းပိုင္း သိုရီယမ္ႂကြယ္ဝတဲ့ သတၱဳတြင္းတစ္ခုတည္းျဖင့္ပင္ တ႐ုတ္ႏိုင္ငံ၏ စြမ္း အင္လိုအပ္ခ်က္ကို ႏွစ္ေပါင္း ေထာင္ခ်ီ၍ ျဖည့္ဆည္းႏိုင္မွာျဖစ္ေၾကာင္း၊ ေရဒီယိုသတၱိႂကြမႈ နည္းပါးတဲ့ စြန႔္ပစ္ပစၥည္းမ်ားသာ ထြက္ရွိတဲ့အတြက္ ကိုင္တြယ္ထိန္းသိမ္းရန္ အလြန္လြယ္ကူေၾကာင္း သိရွိရပါတယ္။

ယခုအခါ တ႐ုတ္ႏိုင္ငံဟာ "ကမာၻ႔အဆင့္မီ နည္းပညာမ်ားကို ဦးေဆာင္ေနၿပီ" လို႔ ဧၿပီ ၈ ရက္အစည္း အေဝးမွာ ရႉဟုန္က်ီးက ေျပာၾကားခဲ့ေၾကာင္း ကြမ္မင္း ေန႔စဥ္သတင္းစာမွာ ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.