ရေဖြူမြို့နယ်မှ ပေ(၅၀၀)အရှည်ရှိ သံကူကွန်ကရစ်ဘေလီတံတားအား PDF အဖွဲ့က မီးရှို့ဖျက်ဆီး

 325

သန့်ဇင်(NP News)-ဧပြီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ၊ ရေဖြူမြို့နယ်မှ ပေ(၅၀၀)အရှည်ရှိ သံကူကွန်ကရစ်ဘေလီတံတားအား PDF အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တံတားသည် ရေဖြူမြို့နယ်၊ တလိုင်းယာကျေရွာအုပ်စု၊ ဒေါက်လောက်ကျေးရွာအနီး၊ ထားဝယ်ရေနက်ဆိပ်ကမ်းသို့သွားသည့် လမ်းပေါ်၌ ထားဝယ်မြစ်အား ဖြတ်သန်းဆောက်လုပ်ထားသည့် အရှည် ၅၀၀ ပေ၊ အနံ ၁၂ ပေရှိ သံကူကွန်ကရစ်ဘေလီတံတားဖြစ်ပြီး ယမန်နေ့(ဧပြီလ ၂၄ရက်)၊ နံနက် ၁၀နာရီခန့်က PDFအဖွဲ့၏ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် တံတားတွင် ၆ လက်မ ၃ လက်မရှိ သစ်သားဇလီဖားများနှင့် အပေါ်ပြင်ခင်းများ ပေ ၂၀၀ ခန့်မီးလောင် ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်နှင့် မော်လိုက်ခရိုင် ဆက်သွယ် ထားသော ကလေးဝ-မော်လိုက်လမ်းရှိ တံတားများအား PDFအဖွဲ့ အင်အား(၂၀၀)ခန့် လာရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ်၊ ဖောဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်း လမ်းတံတားပေါင်း(၁၅၀၀)နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အများစုကို KNUနှင့် PDFအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း NP Newsမှကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

Zawgyi Version;
ေရျဖဴၿမိဳ႕နယ္မွ ေပ(၅၀၀)အရွည္ရွိ သံကူကြန္ကရစ္ေဘလီတံတားအား PDF အဖြဲ႕က မီးရႈိ႕ဖ်က္ဆီး

သန႔္ဇင္(NP News)-ဧၿပီ ၂၅
တနသၤာရီတိုင္းေဒသႀကီး၊ ၊ ေရျဖဴၿမိဳ႕နယ္မွ ေပ(၅၀၀)အရွည္ရွိ သံကူကြန္ကရစ္ေဘလီတံတားအား PDF အဖြဲ႕က မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးခ်ဳပ္႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ တံတားသည္ ေရျဖဴၿမိဳ႕နယ္၊ တလိုင္းယာေက်႐ြာအုပ္စု၊ ေဒါက္ေလာက္ေက်း႐ြာအနီး၊ ထားဝယ္ေရနက္ဆိပ္ကမ္းသို႔သြားသည့္ လမ္းေပၚ၌ ထားဝယ္ျမစ္အား ျဖတ္သန္းေဆာက္လုပ္ထားသည့္ အရွည္ ၅၀၀ ေပ၊ အနံ ၁၂ ေပရွိ သံကူကြန္ကရစ္ေဘလီတံတားျဖစ္ၿပီး ယမန္ေန႔(ဧၿပီလ ၂၄ရက္)၊ နံနက္ ၁၀နာရီခန႔္က PDFအဖြဲ႕၏ မီးရႈိ႕ဖ်က္ဆီးျခင္းကို ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ တံတားတြင္ ၆ လက္မ ၃ လက္မရွိ သစ္သားဇလီဖားမ်ားႏွင့္ အေပၚျပင္ခင္းမ်ား ေပ ၂၀၀ ခန႔္မီးေလာင္ ပ်က္စီးခဲ့သျဖင့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာႏိုင္ျခင္းမရွိေသးေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အလားတူ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၇ ရက္ကလည္း စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးခ႐ိုင္ႏွင့္ ေမာ္လိုက္ခ႐ိုင္ ဆက္သြယ္ ထားေသာ ကေလးဝ-ေမာ္လိုက္လမ္းရွိ တံတားမ်ားအား PDFအဖြဲ႕ အင္အား(၂၀၀)ခန္႔ လာေရာက္မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

၂၀၂၁ခုႏွစ္၊ ေဖာေဖာ္ဝါရီလမွစတင္ကာ လက္ရွိအခ်ိန္ထိ ႏိုင္ငံတစ္ဝန္း လမ္းတံတားေပါင္း(၁၅၀၀)နီးပါး မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး အမ်ားစုကို KNUႏွင့္ PDFအဖြဲ႕တို႔က လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း NP Newsမွေကာက္ယူထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.