ငလျင်ကြောင့်ပြိုကျခဲ့သော မန္တလေးရှိ Golden City Hotel မှ ရုပ်အလောင်း(၂)လောင်း ထပ်မံထုတ်ယူရရှိ

262

သန့်ဇင် (NP News) - ဧပြီ ၂၆
ငလျင်ကြောင့်ပြိုကျခဲ့သော မန္တလေးရှိ Golden City Hotel မှ ရုပ်အလောင်း(၂)လောင်း ထပ်မံထုတ်ယူရရှိခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရုပ်အလောင်း(၂)လောင်းကို ယနေ့(ဧပြီလ ၂၅ ရက်)၊ နံနက် ၁ဝ နာရီခန့်က မန္တလေးမြို့၊ လမ်း (၃၀) ၇၀×၇၁ လမ်းကြားရှိ Golden City Hotel အဆောက်အအုံအား ဖယ်ရှားရှင်းလင်းခြင်းစဉ် ထုတ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖယ်ရှားရှင်းလင်းခြင်း နှင့် ရုပ်အလောင်းထုတ်ယူရေးဆောင်ရွက်စဉ် ထုတ်ယူရရှိခဲ့သည့် ရုပ်အလောင်း(၂)လောင်း မှာ အမျိုးသား(၂)ဦး၏ ရုပ်အလောင်းများဖြစ်ပြီး လက်ရှိတွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ယမန်နေ့ (ဧပြီလ ၂၅ ရက်) နံနက် ၁၁ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်ကလည်း အဆိုပါ Golden City Hotel မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းများ ထုတ်ယူရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်(မတ်လ ၂၈ ရက်)က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူမှာ (၃,၇၂၆) ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ (၅,၁၀၅) ဦး နှင့် ပျောက်ဆုံးသူ (၁၂၉) ဦးထိ ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏နောက်ဆုံးထုတ်ပြန်ထားချက်အရ သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ၿပိဳက်ခဲ့ေသာ မႏၲေလးရွိ Golden City Hotel မွ ႐ုပ္အေလာင္း(၂)ေလာင္း ထပ္မံထုတ္ယူရရွိ
သန႔္ဇင္ (NP News) - ဧၿပီ ၂၆
ငလ်င္ေၾကာင့္ၿပိဳက်ခဲ့ေသာ မႏၲေလးရွိ Golden City Hotel မွ ႐ုပ္အေလာင္း(၂)ေလာင္း ထပ္မံထုတ္ယူရရွိခဲ့ ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ႐ုပ္အေလာင္း(၂)ေလာင္းကို ယေန႔(ဧၿပီလ ၂၅ ရက္)၊ နံနက္ ၁ဝ နာရီခန႔္က မႏၲေလးၿမိဳ႕၊ လမ္း (၃၀) ၇၀×၇၁ လမ္းၾကားရွိ Golden City Hotel အေဆာက္အအုံအား ဖယ္ရွားရွင္းလင္းျခင္းစဥ္ ထုတ္ယူရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဖယ္ရွားရွင္းလင္းျခင္း ႏွင့္ ႐ုပ္အေလာင္းထုတ္ယူေရးေဆာင္႐ြက္စဥ္ ထုတ္ယူရရွိခဲ့သည့္ ႐ုပ္အေလာင္း(၂)ေလာင္း မွာ အမ်ိဳးသား(၂)ဦး၏ ႐ုပ္အေလာင္းမ်ားျဖစ္ၿပီး လက္ရွိတြင္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔ (ဧၿပီလ ၂၅ ရက္) နံနက္ ၁၁ နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္ခန႔္ကလည္း အဆိုပါ Golden City Hotel မွ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔၏ ႐ုပ္အေလာင္းမ်ား ထုတ္ယူရရွိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္(မတ္လ ၂၈ ရက္)က လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီးေၾကာင့္ ေသဆုံးသူမွာ (၃,၇၂၆) ဦး၊ ထိခိုက္ဒဏ္ရာ ရရွိသူ (၅,၁၀၅) ဦး ႏွင့္ ေပ်ာက္ဆုံးသူ (၁၂၉) ဦးထိ ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ေနာက္ဆုံးထုတ္ျပန္ထားခ်က္အရ သိရသည္။