ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းဈေးမြှင့် ရောင်းသူများ စတင်အရေးယူနေ

525

ပြည့်ဖြိုး(NP News) ဧပြီ-၂၆
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုတို့တွင် ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်း များကို ဝယ်ရင်းဈေးထက် ဈေးနှုန်းမြင့်မားစွာမြှင့်တင်ရောင်းချနေသည့် အရောင်းဆိုင် (၆၀)ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သိရသည်။
(၂၀၂၅) ခုနှစ် မတ်လ(၂၈)ရက်တွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုနှင့်ဆက်စပ်၍ ဈေးကွက်တွင် ဘိလပ်မြေဝယ် လိုအားမြင့်တက်ခဲ့ခြင်းကြောင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းမရှိစေရေး အတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးလျက်ရှိကြောင်း၊ စစ်ဆေးမှုကိုနေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ မြို့ကြီးအချို့တွင် ရောင်း ဝယ်လျက်ရှိသည့် ဆောက်လုပ်ရေးပစ္စည်း ဆိုင်များကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက ဧပြီလ(၂၃)ရက်တွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးချက်အရ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်း ဆိုင်(၅၉)ဆိုင်၊ ဂိုထောင် (၁)လုံးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၄)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် (၈၇)ဆိုင်နှင့် ပြည်ပမှဘိလပ်မြေတင်သွင်းရောင်းချ သည့်ကုမ္ပဏီ(၃)ခုတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၁)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် (၈၈) ဆိုင်တို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စစ်ကိုင်းမြို့နယ်မှဆောက်လုပ်ရေးသုံး ပစ္စည်း ဆိုင်(၄)ဆိုင် တို့ကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် (၁၉)ဆိုင်တို့ ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် (၅၉)ဆိုင်တို့ကိုလည်း ကောင်း၊ စုစုပေါင်း ဆောက်လုပ် ရေးသုံးပစ္စည်းဆိုင်ပေါင်း (၃၂၀)ဆိုင်ကို ပူးပေါင်း အဖွဲ့များဖြင့် စစ်ဆေးခဲ့ကြောင်းသိရ သည်။
ဆောက်လုပ်ရေးပစ္စည်းဆိုင်ပေါင်း (၃၂၀) ဆိုင်အနက် ဝယ်ရင်းဈေးထက် အမြတ် ရာခိုင်နှုန်း (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအထိ အမြတ်ယူ ရောင်းချလျက်ရှိသည့် ဆိုင်ပေါင်း (၃၀)ဆိုင်၊ ဝယ်ရင်းဈေးထက် အမြတ်(၁၅) ရာခိုင် နှုန်းနှင့်အထက် အမြတ်ယူရောင်းချလျက်ရှိသည့် ဆိုင်(၃၂)ဆိုင်နှင့် ဘိလပ်မြေအိတ်များကို မသမာသည့် နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် ဆိုင်(၁)ဆိုင်တို့ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ထိုသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍လည်း အိမ်ဆောက်ပစ္စည်းများကို ဈေးနှုန်းမြင့်မားစွာ မြှင့်တင် ရောင်းချနေသူများကိုလည်း ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ဘိလပ္ေျမႏွင့္အိမ္ေဆာက္ပစၥည္းေဈးျမႇင့္ ေရာင္းသူမ်ား စတင္အေရးယူေန
ျပည့္ၿဖိဳး(NSS) ဧၿပီ-၂၆
ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၆)ခုတို႔တြင္ ဘိလပ္ေျမအပါအဝင္ အိမ္ေဆာက္ပစၥည္း မ်ားကို ဝယ္ရင္းေဈးထက္ ေဈးႏႈန္းျမင့္မားစြာျမႇင့္တင္ေရာင္းခ်ေနသည့္ အေရာင္းဆိုင္ (၆၀)ေက်ာ္ကို စစ္ေဆးေတြ႕ရွိခဲ့ၿပီး အေရးယူရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန မွ သိရသည္။
(၂၀၂၅) ခုႏွစ္ မတ္လ(၂၈)ရက္တြင္ ျဖစ္ပြားခဲ့သည့္ မႏၲေလးေျမငလ်င္ႀကီး လႈပ္ခတ္မႈႏွင့္ဆက္စပ္၍ ေဈးကြက္တြင္ ဘိလပ္ေျမဝယ္ လိုအားျမင့္တက္ခဲ့ျခင္းေၾကာင့္ ေဈးႏႈန္းအဆမတန္ ျမႇင့္တင္ေရာင္းခ်ျခင္းမရွိေစေရး အတြက္ ပူးေပါင္းအဖြဲ႕မ်ားျဖင့္ စစ္ေဆးလ်က္ရွိေၾကာင္း၊ စစ္ေဆးမႈကိုေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ရန္ကုန္တိုင္း ေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔ရွိ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္ ေရာင္း ဝယ္လ်က္ရွိသည့္ ေဆာက္လုပ္ေရးပစၥည္း ဆိုင္မ်ားကို တာဝန္ရွိသူမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕မ်ားက ဧၿပီလ(၂၃)ရက္တြင္ ကြင္းဆင္း စစ္ေဆးေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးခ်က္အရ ေနျပည္ေတာ္ ေကာင္စီနယ္ေျမအတြင္းရွိ ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္မွ ေဆာက္လုပ္ေရးသုံး ပစၥည္း ဆိုင္(၅၉)ဆိုင္၊ ဂိုေထာင္ (၁)လုံးတို႔ကိုလည္းေကာင္း၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္(၃၄)ၿမိဳ႕နယ္မွ ေဆာက္လုပ္ေရးသုံးပစၥည္းဆိုင္ (၈၇)ဆိုင္ႏွင့္ ျပည္ပမွဘိလပ္ေျမတင္သြင္းေရာင္းခ် သည့္ကုမၸဏီ(၃)ခုတို႔ကို လည္းေကာင္း၊ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ (၁၁)ၿမိဳ႕နယ္မွ ေဆာက္လုပ္ေရးသုံးပစၥည္းဆိုင္ (၈၈) ဆိုင္တို႔ကိုလည္းေကာင္း၊ စစ္ကိုင္းတိုင္းေဒသႀကီး အတြင္းရွိ စစ္ကိုင္းၿမိဳ႕နယ္မွေဆာက္လုပ္ေရးသုံး ပစၥည္း ဆိုင္(၄)ဆိုင္ တို႔ကိုလည္းေကာင္း၊ ပဲခူးတိုင္း ေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္(၃)ၿမိဳ႕နယ္မွ ေဆာက္လုပ္ေရးသုံးပစၥည္းဆိုင္ (၁၉)ဆိုင္တို႔ ကိုလည္းေကာင္း၊ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္(၃)ၿမိဳ႕နယ္မွ ေဆာက္လုပ္ေရးသုံးပစၥည္းဆိုင္ (၅၉)ဆိုင္တို႔ကိုလည္း ေကာင္း၊ စုစုေပါင္း ေဆာက္လုပ္ ေရးသုံးပစၥည္းဆိုင္ေပါင္း (၃၂၀)ဆိုင္ကို ပူးေပါင္း အဖြဲ႕မ်ားျဖင့္ စစ္ေဆးခဲ့ေၾကာင္းသိရ သည္။
ေဆာက္လုပ္ေရးပစၥည္းဆိုင္ေပါင္း (၃၂၀) ဆိုင္အနက္ ဝယ္ရင္းေဈးထက္ အျမတ္ ရာခိုင္ႏႈန္း (၁၀) ရာခိုင္ႏႈန္းမွ (၁၅) ရာခိုင္ႏႈန္းအထိ အျမတ္ယူ ေရာင္းခ်လ်က္ရွိသည့္ ဆိုင္ေပါင္း (၃၀)ဆိုင္၊ ဝယ္ရင္းေဈးထက္ အျမတ္(၁၅) ရာခိုင္ ႏႈန္းႏွင့္အထက္ အျမတ္ယူေရာင္းခ်လ်က္ရွိသည့္ ဆိုင္(၃၂)ဆိုင္ႏွင့္ ဘိလပ္ေျမအိတ္မ်ားကို မသမာသည့္ နည္းလမ္းျဖင့္ ျပဳလုပ္ေရာင္းခ်သည့္ ဆိုင္(၁)ဆိုင္တို႔ကို စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ထိုသူမ်ားကို တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရး ယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဆက္လက္၍လည္း အိမ္ေဆာက္ပစၥည္းမ်ားကို ေဈးႏႈန္းျမင့္မားစြာ ျမႇင့္တင္ ေရာင္းခ်ေနသူမ်ားကိုလည္း ေဖာ္ထုတ္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။