မြင်းခြံတွင် ငွေကြေးအဆင်ပြေသူများကို PDF က ဖမ်းဆီးပြန်ပေးဆွဲ
566
သန့်ဇင်(NP News) ဧပြီ-၂၆
မြင်းခြံမြို့နယ်တွင် ငွေကြေးအဆင်ပြေသူများကို ပစ်မှတ်ထားကာ PDF အဖွဲ့က ဖမ်းဆီးပြန် ပေးဆွဲခြင်းများကို ဓားပြသဖွယ် ပိုမိုလုပ်ဆောင်လာ နေကြောင်း ဒေသခံများက NP News သို့ဖွင့်ဟပြောကြားသည်။
ဖမ်းဆီးခံရသူများသည် ကောင်းရောင်း ကောင်းဝယ်လုပ်ကိုင်စားသောက်သူများဖြစ်ပြီး မနာ လိုဝန်တိုသူများရှိ လာပါက PDF ထံ ခေါင်းစဉ်အမျိုးမျိုးဖြင့် တိုင်တန်းခံရနိုင်ကြောင်း သိရသည်။
“ဒီအညာဒေသတွေမှာက ဘယ်သူ့ကိုမှ ယုံလို့မရဘူး။ နောက်ဆုံး ကျွန်တော်တို့အညာဒေသမှာ ဘယ်လောက် တောင်ဆိုးလည်းဆိုရင် ကောင်းရောင်း ကောင်းဝယ်လုပ်ကိုင်စားလို့ စီးပွားရေးလေးအဆင် ပြေပြီဆိုတာနဲ့ PDF ကို လက်ထောက်ချတာ။ အဲဒီ လိုဆိုရင် PDF ကလာဖမ်းသွားတာ”ဟု အထက်ပါ ဒေသခံက ပြောသည်။
ထို့နောက် ဖမ်းဆီးခံရသူများအနေဖြင့် PDF အဖွဲ့၏ ဖမ်းဆီးစစ်ဆေးခြင်းကိုအမျိုးမျိုးခံရပြီး ပြန်လည်လွတ် ရန်ပင် ငွေကြေးသိန်းရာချီနှင့် ပြန်ရွေးယူရကြောင်း ၎င်းကဆက်ပြောသည်။
“ပြန်လွတ်အောင်လုပ်ရတာကလည်း ပိုက်ဆံနဲ့ပြန်ရွေးရတာ။ ဘာမှနိုင်ငံရေးလည်းမလုပ် ဘူး။ အစိမ်းနဲ့လည်း မပတ်သက်ဘူး။ အနီနဲ့လည်း မပတ်သက်ဘူး။ နိုင်ငံရေးမလုပ်ဘဲနဲ့လည်း စစ်တပ် သတင်းပေး၊ ဒလန်ဆိုပြီး ဖမ်းတာ။ ပတ်ဝန်းကျင်က ပြောတော့ တစ်ခါပြော၊ နှစ်ခါပြော၊ သုံးခါပြောတော့ PDF ကဖမ်းရော။ အဲဒီမှာ စစ်ရော။ စစ်ပြီးလို့ ဘာ မှမပေါ်ရင် သိန်း(၁၀ဝ)၊ သိန်း(၂၀ဝ)တောင်းတာ”ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် မြင်းခြံမှ မန္တလေးမြို့သို့သွားရာတွင် လမ်းခရီး၌ ငွေကြေးကောက်ခံနေသော PDF ဂိတ် များစွာရှိနေပြီး ခရီးသည်တင်ကားတွင် အစိုးရဝန် ထမ်းပါပါက ကားသမားနှင့်စပယ်ယာများ၏ လက် ထောက်ချခံရခြင်းကို ကြုံရနိုင် ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“မြင်းခြံကနေ မန္တလေးသွားရင် လမ်းမှာ PDF ကစစ်တာ။ မြင်းခြံက အစိုးရဝန်ထမ်းက မန္တလေးကိုသွားရင် တောင်ကွေ့ပတ်သွားရတာ။ မိန်းကလေးနဲ့ယောကျာ်းလေးတောင်ကွာသေးတယ်။ PDF ကစစ်ရင်လည်း ကားပေါ်မှာဝန် ထမ်းပါလားကိုမေးတာ။ မှတ်ပုံတင်ပြခိုင်းတယ်။ ဖုန်းပြခိုင်းတယ်။ ကားသမားတွေကလည်း မျက်နှာလိုမျက်နှာရထိုး ကျွေးတာတွေရှိတယ်။ အဲဒါကြောင့် ဘယ်သူ့မှမယုံဖြစ်နေရတာ”ဟု ၎င်းကပြောသည်။
အလားတူ ပြီးခဲ့သည့်ကာလက မိုးကုတ်မြို့မှ မန္တလေးမြို့သို့ သွားရာလမ်းကြောင်းတွင်လည်း PDF ဂိတ်များစွာ ရှိပြီး အစိုးရဝန်ထမ်း ပါမပါ စစ်ဆေး ခြင်းနှင့် ငွေကြေးအဆမတန်ကောက်ခံခြင်းများ လည်းရှိနေကြောင်း မိုးကုတ်မြို့ခံ တစ်ဦးက ပြောသည်။
“မိုးကုတ်ကနေ မန္တလေးသွားတဲ့လမ်းမှာ PDF ဂိတ်တွေရှိတယ်လေ။ အဲဒီမှာ အစိုးရဝန်ထမ်း ပါလား။ ဘယ်သူပါ လဲစစ်တာ။ ဖုန်းတွေ၊ ပိုက်ဆံ အိတ်တွေဆိုလည်း အကုန်စစ်တာ။ ပိုက်ဆံဆိုရင်လည်း ကားတစ်စီးကို သောင်း ဂဏန်းကနေ သိန်းဂဏန်းထိတောင်းတာ ကြုံခဲ့ရဖူးတယ်”ဟု မိုးကုတ် မြို့မှ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောသည်။
Zawgyi Versiion:
သန့်ဇင်(NSS) ဧပြီ-၂၆