စစ်လက်နက်နှင့်အသုံးအ‌ဆောင်ပစ္စည်းများကို အရည်အသွေးပိုကောင်းရန်နှင့် စွမ်းဆောင်နိုင်ရည်ပိုမိုမြင့်မားရန် နစကဥက္ကဋ္ဌမှာကြား

 692

သန့်ဇင်(NP News)-ဧပြီ ၂၇

စစ်လက်နက်နှင့်အသုံးအ‌ဆောင်ပစ္စည်းများကို အရည်အသွေးပိုကောင်းရန်နှင့် စွမ်းဆောင်နိုင်ရည်ပိုမိုမြင့်မားရန် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်က မှာကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်ကာ ယမန်နေ့(ဧပြီလ ၂၆ရက်) နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နယ်မြေခံတပ်ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့အနေဖြင့် “Power To The Forces” “တပ်မတော်အတွက် စွမ်းအားဖြစ်စေရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စစ်လက်နက်ပစ္စည်းအမျိုးမျိုးအား စွမ်းရည်ပြည့်ဝစွာ တပ်မတော်သို့ ထုတ်လုပ်ပေးသွင်းနိုင်ခဲ့သည့်အတွက် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့အကြီးအကဲများ၊ တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များနှင့် ဝန်ထမ်းများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် စစ်လက်နက်နှင့် စစ်အသုံးဆောင်ပစ္စည်းဆိုသည်မှာ စစ်မြေပြင်တွင် မှတ်ကျောက်တင်ခံရမည်ဖြစ်သည့်အတွက် အရည်အသွေး ပိုကောင်းသည်ထက်ကောင်းအောင်နှင့် စွမ်းဆောင်နိုင်ရည်မြင့်မားသည်ထက် မြင့်မားအောင် နယ်ပယ်စုံမှ ကြိုးပမ်းဆောင်ရွက်သွား ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ထုဆစ်ပူဇော်ပြီးမြောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် “ မာရဝိဇယ ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရာ တွင်လည်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုတပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များအနေဖြင့် အဓိကအခန်းကဏ္ဍမှနေ၍ ပါဝင်ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများထဲမှ နိုင်ငံတော်အဆင့်၊ တပ်မတော်အဆင့် ဘွဲ့ထူး၊ ဂုဏ်ထူး၊ လက်မှတ်ရရှိသူ စုစုပေါင်း ၅၁၃ ဦး ထိုက်တန်စွာရရှိခဲ့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း လည်း နစကဥက္ကဋ္ဌက ဆိုသည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့ပြီး တပ်မတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်းတစ်လျှောက်တွင် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ် စဉ်ဆက်မပြတ်ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖြတ်သန်းလာခဲ့သည့် (၇၅)နှစ်တာကာလအတွင်း ကောင်းမွန်သောအစဉ်အလာများ၊ ဂုဏ်ဒြပ်များကို လက်ဆင့်ကမ်း တာဝန်ယူ ဆက်လက်ထိန်းသိမ်းကြရန်နှင့် တိုင်းပြည်နှင့် တပ်မတော်အပေါ် သစ္စာရှိစွာ ကျရာတာဝန်ကို ကျေပွန်အောင်ဆက်လက်ထမ်း ဆောင်ကြ ရန်လည်း နစကဥက္ကဋ္ဌမှ တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version;
စစ္လက္နက္ႏွင့္အသုံးအ‌ေဆာင္ပစၥည္းမ်ားကို အရည္အေသြးပိုေကာင္းရန္ႏွင့္ စြမ္းေဆာင္ႏိုင္ရည္ပိုမိုျမင့္မားရန္ နစကဥကၠ႒မွာၾကား

သန႔္ဇင္(NP News)-ဧၿပီ ၂၇

စစ္လက္နက္ႏွင့္အသုံးအ‌ေဆာင္ပစၥည္းမ်ားကို အရည္အေသြးပိုေကာင္းရန္ႏွင့္ စြမ္းေဆာင္ႏိုင္ရည္ပိုမိုျမင့္မားရန္ ႏိုင္ငံေတာ္စီမံအုပ္ ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိက္က မွာၾကားခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္စီမံအုပ္ ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိက္ကာ ယမန္ေန႔(ဧၿပီလ ၂၆ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ နယ္ေျမခံတပ္ဌာနခ်ဳပ္ခန္းမ၌ က်င္းပျပဳလုပ္ေသာ (၇၅)ႏွစ္ေျမာက္ စိန္ရတု ကာကြယ္ေရးပစၥည္းထုတ္လုပ္မႈတပ္ဖြဲ႕ေန႔ အခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကာကြယ္ေရးပစၥည္းထုတ္လုပ္မႈတပ္ဖြဲ႕အေနျဖင့္ “Power To The Forces” “တပ္မေတာ္အတြက္ စြမ္းအားျဖစ္ေစရမည္” ဆိုသည့္ ေဆာင္ပုဒ္ႏွင့္အညီ စစ္လက္နက္ပစၥည္းအမ်ိဳးမ်ိဳးအား စြမ္းရည္ျပည့္ဝစြာ တပ္မေတာ္သို႔ ထုတ္လုပ္ေပးသြင္းႏိုင္ခဲ့သည့္အတြက္ ေခတ္အဆက္ဆက္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္ဖြဲ႕အႀကီးအကဲမ်ား၊ တပ္ဖြဲ႕ဝင္အရာရွိ၊ စစ္သည္မ်ားႏွင့္ ဝန္ထမ္းမ်ားအားလုံးကို မွတ္တမ္းတင္ဂုဏ္ျပဳေၾကာင္း နစကဥကၠ႒က ဆိုသည္။

ထို႔ျပင္ စစ္လက္နက္ႏွင့္ စစ္အသုံးေဆာင္ပစၥည္းဆိုသည္မွာ စစ္ေျမျပင္တြင္ မွတ္ေက်ာက္တင္ခံရမည္ျဖစ္သည့္အတြက္ အရည္အေသြး ပိုေကာင္းသည္ထက္ေကာင္းေအာင္ႏွင့္ စြမ္းေဆာင္ႏိုင္ရည္ျမင့္မားသည္ထက္ ျမင့္မားေအာင္ နယ္ပယ္စုံမွ ႀကိဳးပမ္းေဆာင္႐ြက္သြား ၾကရန္လည္း မွာၾကားခဲ့ေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္ ဩဂုတ္လ ၁ ရက္တြင္ ထုဆစ္ပူေဇာ္ၿပီးေျမာက္ခဲ့သည့္ ကမာၻ႔အႀကီးဆုံး စက်င္ေက်ာက္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးျဖစ္သည့္ “ မာရဝိဇယ ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထား ကိုးကြယ္ရာ တြင္လည္း ကာကြယ္ေရးပစၥည္း ထုတ္လုပ္မႈတပ္ဖြဲ႕မွ အရာရွိ၊ စစ္သည္မ်ားအေနျဖင့္ အဓိကအခန္းက႑မွေန၍ ပါဝင္ေဆာင္႐ြက္ခဲ့သည္ကိုလည္း ေတြ႕ရွိရေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။

ထို႔ျပင္ ကာကြယ္ေရးပစၥည္းထုတ္လုပ္မႈတပ္ဖြဲ႕တြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ အရာရွိ၊ စစ္သည္၊ ဝန္ထမ္းမ်ားထဲမွ ႏိုင္ငံေတာ္အဆင့္၊ တပ္မေတာ္အဆင့္ ဘြဲ႕ထူး၊ ဂုဏ္ထူး၊ လက္မွတ္ရရွိသူ စုစုေပါင္း ၅၁၃ ဦး ထိုက္တန္စြာရရွိခဲ့ၾကသည့္အတြက္ ဝမ္းေျမာက္ဂုဏ္ယူေၾကာင္း လည္း နစကဥကၠ႒က ဆိုသည္။

ကာကြယ္ေရးပစၥည္းထုတ္လုပ္မႈတပ္ဖြဲ႕သည္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးႏွင့္အတူ ေပၚေပါက္လာခဲ့ၿပီး တပ္မေတာ္၏လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာကို ကာကြယ္ေစာင့္ေရွာက္ခဲ့သည့္ သမိုင္းတစ္ေလွ်ာက္တြင္ အေရးပါသည့္ အခန္းက႑တစ္ခုအျဖစ္ စဥ္ဆက္မျပတ္ပါဝင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျဖတ္သန္းလာခဲ့သည့္ (၇၅)ႏွစ္တာကာလအတြင္း ေကာင္းမြန္ေသာအစဥ္အလာမ်ား၊ ဂုဏ္ျဒပ္မ်ားကို လက္ဆင့္ကမ္း တာဝန္ယူ ဆက္လက္ထိန္းသိမ္းၾကရန္ႏွင့္ တိုင္းျပည္ႏွင့္ တပ္မေတာ္အေပၚ သစၥာရွိစြာ က်ရာတာဝန္ကို ေက်ပြန္ေအာင္ဆက္လက္ထမ္း ေဆာင္ၾက ရန္လည္း နစကဥကၠ႒မွ တိုက္တြန္းမွာၾကားခဲ့ေၾကာင္း သိရသည္။

© 2021. All rights reserved.