KNPP/KNDF အဖွဲ့ကို နိုင်ငံတကာအသိုင်းအဝိုင်းမှမူးယစ်ရာဇာ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ရန် ‌တောင်းဆိုမှုများရှိနေ

 1176

Pearl (NP News) – ဧပြီ ၂၇

ကယားပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့ဖြစ်သော KNPP/KNDF၏ မူးယစ်ဆေးဝါးထုတ်လုပ်မှုစီးပွားရေးသည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ကုန်သွယ် ရောင်းဝယ်မှုများကို အားကောင်းစေသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေး အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ပေါ်ထွက်လာနေကြောင်း သိရသည်။

အဆိုပါအခြေအနေသည် မြန်မာနိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် အနှောင့်အယှက် ဖြစ်စေသည့်အပြင် လတ်တလော ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး ကြိုးပမ်းမှုကိုလည်း အဟန့်အတား ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရသည်။

ထို့အတူ ပြီးခဲ့သည့် မတ်လ ၃ ရက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှ ၎င်း၏လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့သည့် နိုင်ငံတော်အစိုးရအားဆန့်ကျင်သည့် အကြမ်းဖက် လှုံ့ဆော်ရေးဗီဒီယိုဖိုင်တွင် နောက်ခံပါရှိသော စနစ်တကျ စိုက်ပျိုးထား သည့် ဘိန်းခင်းများသည် KNPP/KNDF အဖွဲ့များ၏ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါးမှဝင်ငွေရှာဖွေမှုကို ထင်ရှားစွာ သက်သေပြနေကာ KNPP/KNDF အဖွဲ့၏ ဘိန်း စိုက်ပျိုးမှုသည် မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ (UNODC)၏သဘောတူညီ ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

KNPP/KNDF အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုကိုဆက်စပ်လုပ်ကိုင်နေခြင်းကြောင့် မူးယစ်ရာဇာ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားပေးမှုများကို လိုအပ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လျစ်လျူရှုထားခြင်း မရှိဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပိုမိုအားကောင်းလာစေရေးအတွက် နိုင်ငံရေး နည်းလမ်းများ၊ နည်းပညာများဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ကြရန် တောင်းဆိုမှုများလည်းရှိနေသည်။

Zawgyi Version:
KNPP/KNDF အဖြဲ႕ကို ႏိုင္ငံတကာအသိုင္းအဝိုင္းမွမူးယစ္ရာဇာ အၾကမ္းဖက္အဖြဲ႕အျဖစ္သတ္မွတ္ရန္ ‌ေတာင္းဆိုမႈမ်ားရွိေန
Pearl (NP News) – ဧၿပီ ၂၇

ကယားျပည္နယ္ရွိ လက္နက္ကိုင္အဖြဲ႕ျဖစ္ေသာ KNPP/KNDF၏ မူးယစ္ေဆးဝါးထုတ္လုပ္မႈစီးပြားေရးသည္ ျမန္မာႏိုင္ငံအတြင္း မူးယစ္ေဆးဝါး ကုန္သြယ္ ေရာင္းဝယ္မႈမ်ားကို အားေကာင္းေစသည့္အျပင္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာ လုံၿခဳံေရး အတြက္ ႀကီးမားေသာၿခိမ္းေျခာက္မႈတစ္ရပ္အျဖစ္ ေပၚထြက္လာေနေၾကာင္း သိရသည္။

အဆိုပါအေျခအေနသည္ ျမန္မာႏိုင္ငံေတာ္အစိုးရမွ ေဆာင္႐ြက္ေနသည့္ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးလုပ္ငန္းမ်ားတြင္ အေႏွာင့္အယွက္ ျဖစ္ေစသည့္အျပင္ လတ္တေလာ ျဖစ္ပြားေနသည့္ လက္နက္ကိုင္ ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေရး ႀကိဳးပမ္းမႈကိုလည္း အဟန႔္အတား ျဖစ္ေပၚေစလ်က္ရွိေၾကာင္း သိရသည္။

ထို႔အတူ ၿပီးခဲ့သည့္ မတ္လ ၃ ရက္က ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္မွ ၎၏လူမႈကြန္ရက္တြင္ ျဖန႔္ခ်ိခဲ့သည့္ ႏိုင္ငံေတာ္အစိုးရအားဆန႔္က်င္သည့္ အၾကမ္းဖက္ လႈံ႕ေဆာ္ေရးဗီဒီယိုဖိုင္တြင္ ေနာက္ခံပါရွိေသာ စနစ္တက် စိုက္ပ်ိဳးထား သည့္ ဘိန္းခင္းမ်ားသည္ KNPP/KNDF အဖြဲ႕မ်ား၏ မူးယစ္ေဆးဝါးထုတ္လုပ္မႈႏွင့္ မူးယစ္ေဆးဝါးမွဝင္ေငြရွာေဖြမႈကို ထင္ရွားစြာ သက္ေသျပေနကာ KNPP/KNDF အဖြဲ႕၏ ဘိန္း စိုက္ပ်ိဳးမႈသည္ မူးယစ္ေဆးဝါးႏွင့္ျပစ္မႈဆိုင္ရာ ကုလသမဂၢအဖြဲ႕ (UNODC)၏သေဘာတူညီ ခ်က္မ်ားကို ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

KNPP/KNDF အဖြဲ႕အေနျဖင့္ မူးယစ္ေဆးဝါးႏွင့္ အၾကမ္းဖက္မႈကိုဆက္စပ္လုပ္ကိုင္ေနျခင္းေၾကာင့္ မူးယစ္ရာဇာ အၾကမ္းဖက္အဖြဲ႕အျဖစ္သတ္မွတ္ရန္ ႏိုင္ငံတကာအသိုင္းအဝိုင္း၏ ဖိအားေပးမႈမ်ားကို လိုအပ္ၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းအေနျဖင့္ လ်စ္လ်ဴရႈထားျခင္း မရွိဘဲ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းမ်ားတြင္ ပိုမိုအားေကာင္းလာေစေရးအတြက္ ႏိုင္ငံေရး နည္းလမ္းမ်ား၊ နည္းပညာမ်ားျဖင့္ပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးႏိုင္ၾကရန္ ေတာင္းဆိုမႈမ်ားလည္းရွိေနသည္။

Related news

© 2021. All rights reserved.