လွန်ခဲ့သော (၄)ရက်က မြောက်ဒဂုံ ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည် ခုန်ချခဲ့သော စုံတွဲအလောင်းကိုပြန်တွေ့

 16094

သန့်ဇင်(NP News)-စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည်ကာ ငမိုးရိပ်ချောင်း အတွင်း ခုန်ချခဲ့သော စုံတွဲအလောင်းကိုပြန်လည်တွေ့ရှိခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါ စုံတွဲရုပ်အလောင်းကို ယနေ့ (စက်တင်ဘာ ၁၄ရက်) မွန်းတည့် ၁၂နာရီက ငမိုးရိပ်ချောင်း၊ ဘေလီတံတားအောက်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ငမိုးရိပ်ချောင်းထဲမှာမျောနေလို့ အဲဒီနားကလှေသမားတွေက ဆွဲကပ်ထားတာ။ လွန်ခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က ခုန်ချသွားတာ။ ပြန်တွေ့တော့ ရုပ်ကတော့ပျက်ပြီပေါ့။ လက်ချင်းပိုက်ကြိုးနဲ့ချည်ထားတာ။ လက်ကိုချည်ပြီးခုန်ချသွားတာ။ ဒီတံတားပေါ် ကပဲခုန်ချ တာ”ဟု ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူ(၂)ဦးမှာ အသက် (၂၆)နှစ်အရွယ်အမျိုးသားနှင့် အသက်(၂၈)နှစ်အရွယ်အမျိုးသမီးတို့ဖြစ်ပြီး မိသားစုသို့ဆက်သွယ်ကာ မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အလားတူ ယမန်နေ့ (စက်တင်ဘာ ၁၃ရက်) နံနက်ပိုင်းကလည်း အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သော (၁၀) ရက်ခန့်က ၎င်း၏ အမျိုသားဖြစ်သူခုန်ချသွားခဲ့သည့် အထက်ပါတံတားပေါ်ကပင် ထပ်မံခုန်ချခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ တစ်နှစ်အတွင်း အဆိုပါ ငမိုးရိပ်တံတားပေါ်မှ ခုန်ချအဆုံးစီရင်မှု (၃) ကြိမ်ထပ်မနည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
လြန္ခဲ့ေသာ (၄)ရက္က ေျမာက္ဒဂုံ ေဘလီတံတားေပၚမွ လက္ခ်င္းႀကိဳးခ်ည္ ခုန္ခ်ခဲ့ေသာ စုံတြဲအေလာင္းကိုျပန္ေတြ႕
သန႔္ဇင္(NP News)-စက္တင္ဘာ ၁၄

ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ စက္တင္ဘာ ၁၂ ရက္က ေဘလီတံတားေပၚမွ လက္ခ်င္းႀကိဳးခ်ည္ကာ ငမိုးရိပ္ေခ်ာင္း အတြင္း ခုန္ခ်ခဲ့ေသာ စုံတြဲအေလာင္းကိုျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ဝန္းရံမႉးလူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါ စုံတြဲ႐ုပ္အေလာင္းကို ယေန႔ (စက္တင္ဘာ ၁၄ရက္) မြန္းတည့္ ၁၂နာရီက ငမိုးရိပ္ေခ်ာင္း၊ ေဘလီတံတားေအာက္တြင္ ျပန္လည္ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ငမိုးရိပ္ေခ်ာင္းထဲမွာေမ်ာေနလို႔ အဲဒီနားကေလွသမားေတြက ဆြဲကပ္ထားတာ။ လြန္ခဲ့တဲ့ စက္တင္ဘာ ၁၂ ရက္ေန႔က ခုန္ခ်သြားတာ။ ျပန္ေတြ႕ေတာ့ ႐ုပ္ကေတာ့ပ်က္ၿပီေပါ့။ လက္ခ်င္းပိုက္ႀကိဳးနဲ႔ခ်ည္ထားတာ။ လက္ကိုခ်ည္ၿပီးခုန္ခ်သြားတာ။ ဒီတံတားေပၚ ကပဲခုန္ခ် တာ”ဟု ဝန္းရံမႉးလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေသဆုံးသူ(၂)ဦးမွာ အသက္ (၂၆)ႏွစ္အ႐ြယ္အမ်ိဳးသားႏွင့္ အသက္(၂၈)ႏွစ္အ႐ြယ္အမ်ိဳးသမီးတို႔ျဖစ္ၿပီး မိသားစုသို႔ဆက္သြယ္ကာ ေျမာက္ဥကၠလာျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔ (စက္တင္ဘာ ၁၃ရက္) နံနက္ပိုင္းကလည္း အသက္ (၂၃) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ လြန္ခဲ့ေသာ (၁၀) ရက္ခန႔္က ၎၏ အမ်ိဳသားျဖစ္သူခုန္ခ်သြားခဲ့သည့္ အထက္ပါတံတားေပၚကပင္ ထပ္မံခုန္ခ်ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

ၿပီးခဲ့သည့္ ၂၀၂၃ခုႏွစ္၊ တစ္ႏွစ္အတြင္း အဆိုပါ ငမိုးရိပ္တံတားေပၚမွ ခုန္ခ်အဆုံးစီရင္မႈ (၃) ႀကိမ္ထပ္မနည္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Picture

Aung Aung

15/09/2025 05:33

အဘတွေ ဒုက္ခပေးကြတာ 😡

Related news

© 2021. All rights reserved.