ဝန်းသိုမြို့နယ်တွင် ဈေးဝယ်ထွက်လာသော ကလေးငယ်(၂)ဦးအပါအဝင် (၇)ဦးကို PDFအဖွဲ့က ပစ်ခတ်သတ်ဖြတ်

796

(NP News)-ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ဈေးဝယ်ထွက်လာသော ကလေးငယ်(၂)ဦးအပါအဝင် (၇)ဦးကို PDFအဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၂၆ရက်)၊ နံနက် ၇နာရီခွဲအချိန်ခန့်တွင် ဝန်းသို မြို့နယ်၊ အာမခံကျေးရွာ လမ်းဆုံ အနီးတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဝန်းသိုမြို့၊ စော်ဘွားကြီးရပ်ကွက်၊ စက်ဝင်းရပ်နေထိုင်သော အသက်(၃၅)နှစ်အရွယ် ဒေါ်အေးသူနှင့် ၎င်း၏ (၄)လသားအရွယ် သမီးအပါအဝင် ဒေါ်ဝင်းရီ (၅၀)နှစ်၊ ဒေါ်ချစ်စု (၂၈)နှစ်၊ ကိုလင်း၊ မနန္ဒာအောင် နှင့် ၎င်း၏ (၁)နှစ်(၄)လအရွယ် ကလေးငယ်တစ်ဦးတို့သည် အာမခံကျေးရွာအုပ်စု၊ ဩဂကျေးရွာ သို့ ဈေးဝယ်ယူရန် ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အာမခံကျေးရွာလမ်းဆုံ အနီးရောက်တွင် PDF အဖွဲ့အင်အား (၃၀) ဦးခန့်က သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး PDFအဖွဲ့ခေါင်း ဆောင်မှ “ဝန်းသိုမြို့ထဲက ထွက်လာရင် လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ပစ်သတ်မယ်” ဟု ပြောဆိုာ ကားလမ်းအတိုင်း ဆိုင်ကယ်များဖြင့် ဩဂ ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုကြောင့် ကလေးငယ်(၂)ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး (၇)ဦးတို့သည် အခင်းဖြစ်နေရာတွင် သေဆုံး ခဲ့ကြောင်းသိရသည်။

Zawgyi Version:
ဝန္းသိုၿမိဳ႕နယ္တြင္ ေဈးဝယ္ထြက္လာေသာ ကေလးငယ္(၂)ဦးအပါအဝင္ (၇)ဦးကို PDFအဖြဲ႕က ပစ္ခတ္သတ္ျဖတ္
(NP News)-ဧၿပီ ၂၇
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းခ႐ိုင္၊ ဝန္းသိုၿမိဳ႕နယ္တြင္ ေဈးဝယ္ထြက္လာေသာ ကေလးငယ္(၂)ဦးအပါအဝင္ (၇)ဦးကို PDFအဖြဲ႕က ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၂၆ရက္)၊ နံနက္ ၇နာရီခြဲအခ်ိန္ခန႔္တြင္ ဝန္းသို ၿမိဳ႕နယ္၊ အာမခံေက်း႐ြာ လမ္းဆုံ အနီးတြင္ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဝန္းသိုၿမိဳ႕၊ ေစာ္ဘြားႀကီးရပ္ကြက္၊ စက္ဝင္းရပ္ေနထိုင္ေသာ အသက္(၃၅)ႏွစ္အ႐ြယ္ ေဒၚေအးသူႏွင့္ ၎၏ (၄)လသားအ႐ြယ္ သမီးအပါအဝင္ ေဒၚဝင္းရီ (၅၀)ႏွစ္၊ ေဒၚခ်စ္စု (၂၈)ႏွစ္၊ ကိုလင္း၊ မနႏၵာေအာင္ ႏွင့္ ၎၏ (၁)ႏွစ္(၄)လအ႐ြယ္ ကေလးငယ္တစ္ဦးတို႔သည္ အာမခံေက်း႐ြာအုပ္စု၊ ဩဂေက်း႐ြာ သို႔ ေဈးဝယ္ယူရန္ ဆိုင္ကယ္ျဖင့္ သြားေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အာမခံေက်း႐ြာလမ္းဆုံ အနီးေရာက္တြင္ PDF အဖြဲ႕အင္အား (၃၀) ဦးခန႔္က ေသနတ္မ်ားျဖင့္ ပစ္ခတ္ခဲ့ၿပီး PDFအဖြဲ႕ေခါင္း ေဆာင္မွ “ဝန္းသိုၿမိဳ႕ထဲက ထြက္လာရင္ လူႀကီးျဖစ္ျဖစ္၊ ကေလးျဖစ္ျဖစ္ ပစ္သတ္မယ္” ဟု ေျပာဆိုာ ကားလမ္းအတိုင္း ဆိုင္ကယ္မ်ားျဖင့္ ဩဂ ေက်း႐ြာဘက္သို႔ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ပစ္ခတ္မႈေၾကာင့္ ကေလးငယ္(၂)ဦးအပါအဝင္ အမ်ိဳးသား၊ အမ်ိဳးသမီး (၇)ဦးတို႔သည္ အခင္းျဖစ္ေနရာတြင္ ေသဆုံး ခဲ့ေၾကာင္းသိရသည္။