စစ်ကိုင်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရန် KIA၊ PDFပူးပေါင်းအဖွဲ့က အင်အား(၁၀၀၀)ဝန်းကျင် စုဖွဲ့ပြင်ဆင်နေဟုဆို

 1132

(NP News)-ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် တပ်မတော်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရန် KIA၊ PDFပူးပေါင်းအဖွဲ့က အင်အား(၁၀၀၀)ဝန်းကျင် စုဖွဲ့ပြင်ဆင်နေကြောင်း ဒေသခံများက NP Newsသို့ ပြောသည်။

KIA၊ PDFပူးပေါင်းအဖွဲ့သည် ယခုရက်ပိုင်းအတွင်း တပ်မတော်စစ်ကြောင်းများကို မကြာခဏတိုက်ခိုက်လျက်ရှိပြီး လက်ရှိတွင်လည်း စစ်ကိုင်းမြို့နယ်၊ တောင်ရင်းတောင်ရွာနှင့် တောင်ရင်းမြောက်ရွာအကြားရှိ တောအုပ်အတွင်း အင်အား(၁၀၀၀)ကျော်စုဖွဲ့လျက်ရှိကြောင်း သိရသည်။

“တောင်ရင်းရွာမှာ KIA(၅၀၀)လောက်ရောက်နေတယ်။ တောင်ရင်းမြောက်ရွာနဲတောင်ရွာကြားမှာ။ တောင်ရင်းတောင်မြောက်ရယ် တောင်ရင်း တောင်ကရယ်ကားမှာ တော(၂)ခုရှိတယ်လေ။ အဲဒီတော(၂)ခုထဲမှာ ရောက်နေတာ။ KIAအယောက်(၅၀)လောက်ရယ်။ PDFရယ်နဲ့ ယူနီကွန်းပြောက်ကျားအဖွဲ့ရယ်။ အင်အားအားလုံးပေါင်းရင် (၁၀၀၀)လောက်ရှိတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ KIA၊ PDFပူးပေါင်းအဖွဲ့ဝင်များသည် စစ်ကိုင်းမြို့မှ တက်လာသော တပ်မတော်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

“ဘာကိုရည်ရွယ်နေလဲဆိုတော့ ဟိုတနေ့က လမ်းမှာဖြတ်တိုက်ခံလိုက်ရလို့ တပ်ဖွဲ့ဝင်တွေ ကျသွားတဲ့ဟာ ရှိတယ်နော်။ အဲဒါကို အခြေခံ ပြီးတော့ တိုင်းမှူးကနေမှ ဒုတပ်မမှူးကိုယ်တိုင် ဦးစီးပြီးထွက်သွားဆိုလို့ မနေ့ညက ထွက်သွားရတယ်။ ထွက်သွားတယ်ဆိုတော့ အဲဒီ ဒုတပ် မမှူးရဲ့လမ်းကြောင်းကို အကုန်လုံးဖြတ်တိုက်မှာ”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် တောင်ရင်းတောင်ရွာနှင့် တောင်ရင်းမြောက်ရွာအကြားတွင် ခိုအောင်းနေသော KIA၊ PDFပူးပေါင်းအဖွဲ့သည် ယင်းနေရာမှ လှုပ်ရှားကာ ရေခါးအင်းအနီး၊ ကျောက်ပန်ကျေးရွာဝန်းကျင်သို့ရောက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါက လေကြောင်းပစ်ကူရရှိရန် လိုအပ် ကြောင်းလည်း ဒေသခံများက ဆိုသည်။


ပြီးခဲ့သည့် ဧပြီလ ၂၅ရက်ကလည်း စာရေးကျေးရွာနှင့် ပဒူကျေးရွာအကြားသို့ ရောက်ရှိလာသော တပ်မတော်စစ်ကြောင်းကို PDFပူပေါင်း အဖွဲ့က ကြားဖြတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

Zawgyi Version:
စစ္ကိုင္းၿမိဳ႕နယ္တြင္ တပ္မေတာ္စစ္ေၾကာင္းအား ၾကားျဖတ္တိုက္ခိုက္ရန္ KIA၊ PDFပူးေပါင္းအဖြဲ႕က အင္အား(၁၀၀၀)ဝန္းက်င္ စုဖြဲ႕ျပင္ဆင္ေနဟုဆို

(NP News)-ဧၿပီ ၂၇
စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္တြင္ တပ္မေတာ္စစ္ေၾကာင္းအား ၾကားျဖတ္တိုက္ခိုက္ရန္ KIA၊ PDFပူးေပါင္းအဖြဲ႕က အင္အား(၁၀၀၀)ဝန္းက်င္ စုဖြဲ႕ျပင္ဆင္ေနေၾကာင္း ေဒသခံမ်ားက NP Newsသို႔ ေျပာသည္။

KIA၊ PDFပူးေပါင္းအဖြဲ႕သည္ ယခုရက္ပိုင္းအတြင္း တပ္မေတာ္စစ္ေၾကာင္းမ်ားကို မၾကာခဏတိုက္ခိုက္လ်က္ရွိၿပီး လက္ရွိတြင္လည္း စစ္ကိုင္းၿမိဳ႕နယ္၊ ေတာင္ရင္းေတာင္႐ြာႏွင့္ ေတာင္ရင္းေျမာက္႐ြာအၾကားရွိ ေတာအုပ္အတြင္း အင္အား(၁၀၀၀)ေက်ာ္စုဖြဲ႕လ်က္ရွိေၾကာင္း သိရသည္။

“ေတာင္ရင္း႐ြာမွာ KIA(၅၀၀)ေလာက္ေရာက္ေနတယ္။ ေတာင္ရင္းေျမာက္႐ြာနဲေတာင္႐ြာၾကားမွာ။ ေတာင္ရင္းေတာင္ေျမာက္ရယ္ ေတာင္ရင္း ေတာင္ကရယ္ကားမွာ ေတာ(၂)ခုရွိတယ္ေလ။ အဲဒီေတာ(၂)ခုထဲမွာ ေရာက္ေနတာ။ KIAအေယာက္(၅၀)ေလာက္ရယ္။ PDFရယ္နဲ႔ ယူနီကြန္းေျပာက္က်ားအဖြဲ႕ရယ္။ အင္အားအားလုံးေပါင္းရင္ (၁၀၀၀)ေလာက္ရွိတယ္”ဟု ေဒသခံသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

အဆိုပါ KIA၊ PDFပူးေပါင္းအဖြဲ႕ဝင္မ်ားသည္ စစ္ကိုင္းၿမိဳ႕မွ တက္လာေသာ တပ္မေတာ္စစ္ေၾကာင္းကို ၾကားျဖတ္တိုက္ခိုက္ရန္ ႀကံစည္ေနျခင္းျဖစ္ေၾကာင္းလည္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

“ဘာကိုရည္႐ြယ္ေနလဲဆိုေတာ့ ဟိုတေန႔က လမ္းမွာျဖတ္တိုက္ခံလိုက္ရလို႔ တပ္ဖြဲ႕ဝင္ေတြ က်သြားတဲ့ဟာ ရွိတယ္ေနာ္။ အဲဒါကို အေျခခံ ၿပီးေတာ့ တိုင္းမႉးကေနမွ ဒုတပ္မမႉးကိုယ္တိုင္ ဦးစီးၿပီးထြက္သြားဆိုလို႔ မေန႔ညက ထြက္သြားရတယ္။ ထြက္သြားတယ္ဆိုေတာ့ အဲဒီ ဒုတပ္ မမႉးရဲ႕လမ္းေၾကာင္းကို အကုန္လုံးျဖတ္တိုက္မွာ”ဟု ၎ကဆက္ေျပာသည္။

လက္ရွိတြင္ ေတာင္ရင္းေတာင္႐ြာႏွင့္ ေတာင္ရင္းေျမာက္႐ြာအၾကားတြင္ ခိုေအာင္းေနေသာ KIA၊ PDFပူးေပါင္းအဖြဲ႕သည္ ယင္းေနရာမွ လႈပ္ရွားကာ ေရခါးအင္းအနီး၊ ေက်ာက္ပန္ေက်း႐ြာဝန္းက်င္သို႔ေရာက္ရွိေနၿပီး တိုက္ပြဲျဖစ္ပြားခဲ့ပါက ေလေၾကာင္းပစ္ကူရရွိရန္ လိုအပ္ ေၾကာင္းလည္း ေဒသခံမ်ားက ဆိုသည္။


ၿပီးခဲ့သည့္ ဧၿပီလ ၂၅ရက္ကလည္း စာေရးေက်း႐ြာႏွင့္ ပဒူေက်း႐ြာအၾကားသို႔ ေရာက္ရွိလာေသာ တပ္မေတာ္စစ္ေၾကာင္းကို PDFပူေပါင္း အဖြဲ႕က ၾကားျဖတ္တိုက္ခိုက္ ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.